ဖေဖော်ဝါရီ (၁၄)ရက်နေ့ဟာ ချစ်သူများနေ့ ဖြစ်တာကြောင့် ဒီလထဲမှာလည်း romance ဇာတ်ကားသစ်လေးတွေ ထွက်ရှိမှာဖြစ်ပြီးတော့ ဒီဇာတ်ကားတွေထဲကမှ ဖေဖော်ဝါရီ (၇)ရက်နေ့မှာ စတင် ပြသသွားမယ့် When I’m Ready ဆိုတဲ့ အချစ်ဇာတ်ကား လေးကို ရွေးချယ်ထားပါတယ်။
Photo : Flim bridge International
ဒီဇာတ်ကားက ရုပ်ရှင်ချစ် ပရိသတ်တွေ စောင့်မျှော်နေရတဲ့ ဇာတ်ကားတော့ မဟုတ်ပေမယ့် ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံနဲ့ Trailer အရ စိတ်ဝင်စားစရာကောင်းပြီးတော့ အချစ်ဇာတ်ကား တွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ သူတွေ အကြိုက်တွေ့နိုင်လောက်ပါတယ်။ ဇာတ်လမ်းကလည်း မောင်မိုက်ကယ်နဲ့ မနှင်းဆီ(ရို့စ်)တို့ရဲ့ ချစ်သူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။
Photo : Every Movie Has A Lesson
ကမ္ဘာပေါ်က သက်ရှိအားလုံးကို ချေမှုန်းတော့မယ့် ကြယ်တံခွန်တွေရဲ့ ခြိမ်းခြောက်မှုကြားမှာ မောင်မိုက်ကယ်နဲ့ မနှင်းဆီတို့ စုံတွဲဟာ သူတို့အားလုံး မပျက်စီးခင်မှာ နောက်ဆုံးတစ်ကြိမ် သူတို့ရဲ့ အဖွားကို သွားရောက် တွေ့ဆုံဖို့အတွက် တစ်နိုင်ငံလုံးကို ဖြတ်သန်းတဲ့ ခရီးစဉ်ကြီးတစ်ခုကို စတင်လိုက်ကြပါတယ်။ ဒီလူငယ်စုံတွဲဟာ ခရီးတစ်လျှောက်မှာ မတူညီတဲ့ နောက်ခံအကြောင်းတွေနဲ့ လူတွေကို တွေ့ကြုံရပြီး သူတို့တစ်ယောက်ချင်းစီက ကမ္ဘာကြီးပျက်သုဉ်းချိန်မှာ မတူညီတဲ့ အရာတွေကို ရှာဖွေနေကြတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
Source : Quiver Distribution Youtube Channel
မောင်မိုက်ကယ်အဖြစ် မင်းသားချော အန်ဒရူး အော်တန်ဘာ့ချ်က သရုပ်ဆောင်ထားပြီးတော့ မနှင်းဆီနေရာမှာလည်း မင်းသမီးချောလေး ဂျွန် ရှာရိုင်ယာက ပါဝင်ထားပါတယ်။ Romance ကိုမှ Thriller vibe လေးပါ ရောထွေး ခံစားရမယ့် When I’m Ready ဇာတ်ကားကို ကြည့်နေရင်း တကယ်လို့များ ငါတို့ချစ်သူနှစ်ယောက်လည်း ဒီဇာတ်ကားထဲမှာ မင်းသားမင်းသမီးတွေလိုမျိုး အခြေအနေမျိုးနဲ့ ကြုံရမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲဆိုပြီးပါ အဖြေရှာလို့ရနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : TV Insider