ခရီးတစ်ခု သွားတယ်ဆိုတာ စိတ်လှုပ်ရှားပျော်ရွှင်ရတယ်ဆိုပေမဲ့ မသွားခင်မှာ ပြင်ဆင်ရမဲ့အချက်တွေ၊ သိထားရမဲ့အချက်တွေ ရှိပါတယ်။ ကွီးတို့ချစ်သူလေးနဲ့ အမှတ်တရအချိန်လေးတွေ ဖန်တီးနိုင်စေရန်အတွက် ခရီးလေးတစ်ခု ထွက်ဖို့ စဉ်းစားနေပါသလား။ ချစ်သူလေးနဲ့အတူခရီးသွားခြင်းက ကွီးတို့ရဲ့ ဆက်ဆံရေးကို ပိုမိုတိုးတတ်ကောင်းမွန်စေပါတယ်။ သို့သော်လည်း ခရီးမှာ အဆင်မပြေမှုတွေ၊ လွဲချော်မှုတွေရှိလာခဲ့လျှင်လည်း ကွီးတို့ရဲ့ Relationship အပေါ် အကောင်း၊ အဆိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ ချစ်သူလေးနဲ့ အတူခရီးသွားဖို့ အတွက် အမှန်တကယ် အသုံးဝင်ပြီး သိထားရမဲ့ အချက်တွေကို ဝေမျှပေးချင်ပါတယ်။

(၁) ခရီးစရိတ်အတွက် သုံးမဲ့ ငွေကြေးပမာဏကို ဆုံးဖြတ်ပါ

ချစ်သူလေးနဲ့ အတူခရီးသွားဖို့

Photo : Verywell Mind

ကွီးတို့ ချစ်သူလေးနဲ့ အတူခရီးသွားဖို့ အတွက် နှစ်ဦးစလုံးက ဒီခရီးစဉ်မှာ သုံးမဲ့ငွေကြေးပမာဏ တစ်ခုကိုသတ်မှတ်ပါ။ နှစ်ဦးနှစ်ဖက် ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ်သွားချင်တဲ့နေရာ၊ တစ်ဖက်လူသွားချင်တဲ့နေရာများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ထားပါ။ ထို့နောက် သင့်လျော်သော ငွေကြေးပမာဏတစ်ခုကို ဆုံးဖြတ်ပါ။ သတ်မှတ်ထားသော ဘတ်ဂျက်ဖြင့် နှစ်ဦးစလုံး အဆင်ပြေကြောင်း သေချာပါစေ။

(၂) နိုင်ငံကူးလက်မှတ်နှင့် Visa

ချစ်သူလေးနဲ့ အတူခရီးသွားဖို့

Photo : Puerto Vallarta

အကယ်၍ ကွီးတို့ရဲ့ခရီးစဉ်က နိုင်ငံရပ်ခြားကို သွားရန် စီစဉ်ထားပါက အရင်ဆုံး နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်မကုန် စစ်ဆေးထားပါ။ သို့မဟုတ် ကွီးတို့ရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းက အနည်းဆုံး ၆ လကျန်တာ သေချာပါစေ။ ထို့အပြင် အချို့သော နိုင်ငံများက Visa လိုအပ်ပါတယ်။ Visa ရရန်ဆောင်ရွက်တာမှာ အချိန်အတိုင်းအတာ တစ်ခု လိုအပ်သောကြောင့် ကြိုတင်စီစဉ်ထားသင့်ပါတယ်။

(၃) ပစ္စည်းများကို သေချာထုတ်ပိုးပါ

Traveling with girlfriend

Photo : SANDAL Resorts

ကွီးတို့ရေ ချစ်သူလေးနဲ့အတူ ခရီးသွားဖို့ ဆိုရင် သွားမဲ့နေရာ ဒေသအလိုက် လိုအပ်သော ပစ္စည်းများကို သေချာထုတ်ပိုးဖို့ လိုပါတယ်။ သွားမဲ့နေရာ ဒေသက ရာသီဥတုအလိုက်၊ ကွီးတို့ သွားရောက် လည်ပတ်မဲ့နေရာဒေသက ဘယ်လိုနေရာများမှာ လည်ပတ်မလဲဆိုတာ ရွေးချယ်ပြီး သေချာထုတ်ပိုးပါ။ ချစ်သူနှစ်ဦး ညှိနှိုင်းကာ လိုအပ်တာများ မကျန်ခဲ့အောင်လည်း ဂရုပြုပါ။

(၄) ခရီးစဉ်တောက်လျှောက် အချင်းချင်း ဂရုစိုက်ပါ

Traveling with girlfriend

Photo : Magic City Fsc

ကွီးတို့ ချစ်သူနှစ်ဦး ခရီးထွက်ခြင်းဟာ အတူတကွ အမှတ်တရတွေ စိတ်လှုပ်ရှား ပျော်ရွှင်စရာတွေ ဖန်တီးဖို့ဆိုတာ မှန်ပါတယ်။ သို့သော်လည်း ရင်းနှီးမှုမရှိသေးတဲ့ ဒေသစိမ်းမှာ မမျှော်လင့်တဲ့အန္တရာယ်တွေ မဖြစ်လာစေရန်နဲ့ ဘေးကင်းလုံခြုံစေရန်  တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ဂရုစိုက်ရပါမယ်။ ထို့အပြင် ခရီးစဉ်အတွင်းမှာလည်း ကိစ္စတော်တော်တော်များများကို အချင်းချင်း တိုင်ပင်ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ အရေးပေါ်အခြေအနေတွေ အတွက် သွားရောက်မဲ့ နေရာဒေသမှာ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေ၊ လိပ်စာတွေကိုလည်း လေ့လာထားဖို့ လိုအပ်ပါတယ်။ စွန့်စားရမဲ့ ခရီးစဉ်မျိုးဆို ပုံမှန်ခရီးစဉ်ထက် ဘေးကင်းလုံခြုံစေရန် နှစ်ဆ သတိပြုရန် လိုအပ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ ချစ်သူလေးနဲ့ အတူခရီးသွားဖို့ သိထားရမဲ့အချက်တွေ ပဲဖြစ်ပါတယ်။ ဒီအချက်တွေကို သိထားခြင်းဖြင့် ကွီးတို့ ခရီးသွားရမှာ သာယာပျော်ရွှင်ပြီး အဆင်ပြေချောမွေ့တဲ့ ခရီးလေးတစ်ခုဖြစ်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။

Featured Photo : The Motley Fool