ကွီးတို့ရေ ခရီးသွားခြင်း ဟာ ကျန်းမာပျော်ရွှင်ခြင်းကို ခံစားရတဲ့အပြင် ဗဟုသုတများကိုလည်း တိုးပွားစေပါတယ်။ အများနဲ့ ခရီးသွားတာဘဲ ဖြစ်ဖြစ် တစ်ဦးတည်း ခရီးသွားတာဘဲ ဖြစ်ဖြစ် အကျိုးရှိတာတော့ အမှန်ပါ။ တစ်ယောက်တည်း ခရီးသွားခြင်းကနေ အမှန်တကယ် ရရှိမဲ့ ကောင်းကျိုးများ တစ်နည်းအားဖြင့် အကျိုးကျေးဇူး တွေကို ဝေမျှပေးချင်ပါတယ်။

(၁) ကိုယ့်အတွက် အကောင်းဆုံးကို လုပ်ခွင့်ရနိုင်ပါတယ်

တစ်ယောက်တည်း ခရီးသွားခြင်းကနေ ကောင်းကျိုးများ

Photo : Travel Off Path

ကွီး တစ်ယောက်တည်း ခရီးသွားခြင်းကနေ ရလာမဲ့ ကောင်းကျိုးများ ထဲက တစ်ခုကတော့ ကွီးတို့စိတ်ကြိုက် လုပ်ခွင့်ရှိခြင်းပါပဲ။ တစ်ကိုယ်တော် ခရီးသွားတဲ့အခါ အဖွဲ့လိုက်သွားသလို လူတိုင်း၏ ဆန္ဒများကို ဖြည့်ဆည်းပေးဖို့ မလိုဘဲ ကွီးတစ်ဦးတည်းရဲ့ ဆန္ဒအတိုင်း စီစဉ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အချိန် ၊ သုံးမဲ့ငွေကြေးတွေကို စိတ်ကြိုက် စီမံနိုင်တယ်။ ဈေးကြီးတဲ့ ဟိုတယ်မှာ နေမလား၊  နောက်ကျမှ အိပ်ရာက ထမှာလား၊ ကမ်းခြေမှာ တစ်နေကုန်နေမှာလား ဆိုတာ စိတ်ကြိုက်လုပ်နိုင်တယ်။ တစ်ယောက်တည်း ခရီးသွားခြင်းကို စိတ်ကြိုက် အကောင်းဆုံးအသုံးချခြင်းဖြစ်ပါတယ်။

 (၂) ငွေကုန်သက်သာစေတယ်

တစ်ယောက်တည်း ခရီးသွားခြင်းကနေ ကောင်းကျိုးများ

Photo : Travel Money Oz

အနည်းဆုံးတော့၊ တစ်ကိုယ်တော် ခရီးတစ်ခုအတွင်း ဘတ်ဂျက်ကို အကျိုရှိရှိသုံးဖို့  ပိုလွယ်ပါတယ်။ ကွီးသုံးချင်တဲ့အရာကို ရွေးချယ်နိုင်တာကြောင့်ပါ။ ဘယ်လောက်သုံးချင်သလဲ၊ ဘာကိုသုံးချင်လဲ ဆုံးဖြတ်နိုင်ပါတယ်။ တစ်ကိုယ်တော် ခရီးထွက်ခြင်းက “အုပ်စုလိုက်လျှော့စျေး” ကို ရရှိမည်မဟုတ်ပေမဲ့ ကိုယ်အလိုရှိသောအရာကိုသာ ငွေသုံးစွဲနေသောကြောင့် ကျေနပ်မှုကိုတော့ ရစေပါတယ်။

(၃) ရေရှည်ပျော်ရွှင်မှုကို တိုးစေပါတယ်

တစ်ယောက်တည်း ခရီးသွားခြင်းကနေ ကောင်းကျိုးများ

Photo : Road Affair

တစ်ကိုယ်တော် ခရီးသွားခြင်းရဲ့ အကျိုးကျေးဇူးမှာ ရှင်းပြဖို့ အနည်းငယ် ခက်ခဲနိုင်ပေမဲ့  အတွေ့အကြုံများမှ ပျော်ရွှင်မှု ဖြစ်စေပါတယ်။ တစ်ကိုယ်တော် ခရီးသွားသူများသည် ၎င်းတို့၏ အတွေ့အကြုံများကို အထူးတန်ဖိုးထားတဲ့အတွက်  အထီးကျန်သည့်အခါတွင် ၎င်းတို့နှင့် ဆက်စပ်နေသော အမှတ်တရများကိုပို သတိရစေပါတယ်။ တခါတလေ တစ်ကိုယ်တော် ခရီးသွားပြီး နေရာဒေသအသစ်က သူငယ်ချင်းနဲ့ တွေ့ဆုံရတဲ့ အတွေ့အကြုံဟာ ဘယ်တော့မှ မမေ့နိုင်တဲ့ အစိတ်အပိုင်းတစ်ခုပါ။

(၄) ကွီးရဲ့ဘာသာစကားစွမ်းရည်ကို တိုးတက်စေလိမ့်မယ်

travel alone

Photo : Hoste World

တစ်ယောက်တည်း ခရီးသွားခြင်းကနေ ရလာမဲ့ ကောင်းကျိုးများ ထဲက ထင်ရှားတဲ့ အကျိုးတစ်ခုက Comfort Zone ထဲက ထွက်ပြီး ဘာသာစကားမတူတဲ့ နေရာကို ခရီးသွားမယ်ဆိုရင် ဘာသာစကားအသစ်တစ်ခုကို သင်ယူရတဲ့ အတွေ့အကြုံလေးပါ။ အထူး ကျွမ်းကျင်နေဖို့ မလိုပါဘူး။ ဒါပေမယ့် သူတို့ရဲ့ဘာသာစကားနဲ့ ပြောဆိုတတ်တဲ့ ကွီးက သူတို့ရဲ့ နှစ်သက်မှုကို အမြဲတမ်း ဆွဲဆောင်နိုင်ပါလိမ့်မယ်။

(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာမယ်

travel alone

Photo: Apricity Behavioral Health

ကွီးရဲ့ Comfort Zone ထဲကနေ ရုန်းထွက်လိုက်တာနဲ့ ကိုယ့်ကိုယ်ကို အားကိုးဖို့ ဖြစ်လာပါလိမ့်မယ်။ ကိုယ်တိုင် အမှန်တကယ်ဖန်တီးဖို့နဲ့  အခြားသူများကို မစောင့်ဘဲ တက်ကြွစွာလုပ်ဆောင်ပြီး ဘဝကိုပုံဖော်ရန် လိုအပ်သည့်သင်ခန်းစာကို သင်ယူဖို့  အရေးကြီး ခြေလှမ်းတစ်ခုဖြစ်ပါမယ်။ ဒါတွေအားလုံးက ကွီးအတွက် ကြီးမားတဲ့ ယုံကြည်မှုကို မြှင့်တင်ပေးမှာ ဖြစ်ပြီး အနာဂတ် ခရီးစဉ်တွေကို ကောင်းကောင်း လုပ်နိုင်ပါလိမ့်မယ်။ ခရီးစဉ်ပြီးတာနဲ့  ပရော်ဖက်ရှင်နယ်ဘဝအတွက်ပါ ကူညီပေးပါလိမ့်မယ်။

တစ်ယောက်တည်း ခရီးသွားခြင်းကနေ ရလာမဲ့ ကောင်းကျိုးများ က ကွီးရဲ့ ဘဝအတွက်ပါ အကျိုးကျေးဇူးရှိတဲ့အကြောင်း တွေ့ရှိပါလိမ့်မယ်။

Featured Photo : Studybreaks