ခရီးသွားခြင်းက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သာမက၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းမွန်တဲ့ အကျိူးသက်ရောက်မှုတွေရှိတယ်ဆိုတာ ကွီးတို့သိပြီးသား ဖြစ်မှာပါ။ လူတွေက အကြောင်းအမျိုးမျိုးနဲ့ ခရီးထွက်လေ့ရှိပါတယ်။ အလုပ်ကိစ္စနဲ့ သော်လည်းကောင်း၊ စိတ်အပန်းဖြေစရာ အတွက်လည်းကောင်း၊ အမှတ်တရခရီး အနေနဲ့လည်းကောင်း ၊ အသစ်အသစ်သောအရာတွေကို စွန့်စားချင်လို့သော်လည်းကောင်း ခရီးထွက်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ချစ်သူလေးနဲ့ အတူ ခရီသွားချင်တဲ့ ကွီးတို့အတွက် အာရှတစ်လွှားမှ လှပသော နေရာများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Goa (အိန္ဒိယ)

ချစ်သူလေးနဲ့ အာရှတစ်လွှားမှ နေရာများ

Photo : Times of India

ပထမဆုံး အနေနဲ့  ကွီးတို့ ချစ်သူလေးနဲ့ အတူ ခရီးသွားဖို့ အာရှတစ်လွှားက လှပတဲ့ နေရာများ ထဲက တစ်ခုကတော့ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ Goa ပြည်နယ်ပဲ ဖြစ်ပါတယ်။ Goa သည် Konkan ဒေသတွင်းမှာရှိတဲ့ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ Goa မှာ ကွီးတို့ချစ်သူ ၂ ဦးက လှပတဲ့ကမ်းခြေ၊ သဲသောင်ပြင်နဲ့ ဘုရားကျောင်းများကို သွားရောက်လည်ပတ်နိုင်တဲ့အပြင် အရသာရှိလှတဲ့ ပင်လယ်စာများကိုပါ မြည်းစမ်းလို့ရပါသေးတယ်။ ကွီးရဲ့ ချစ်သူလေးအတွက် အမြဲအမှတ်တရဖြစ်စေမဲ့ ခရီးလေးဖြစ်မှာပါ။

(၂) ဘာလီ (အင်ဒိုနီးရှား)

ချစ်သူလေးနဲ့ အာရှတစ်လွှားမှ နေရာများ

Photo : Aisan Wamderlust

လှပတဲ့ ကမ်းခြေလေးကိုပဲ ကွီးတို့ ချစ်သူလေးနဲ့ ခရီးထွက်ရင်း အနားယူမယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက အရမ်းကို လှပတဲ့ ဘာလီကျွန်းလေးကို သတိရလိုက်ပါ။ ကွီးတို့ ချစ်သူနှစ်ဦးအတွက် ဒီလှပတဲ့ ကျွန်းလေးက ခိုင်မာတဲ့ချစ်ကြိုးတွေသွယ်ရင်း အမှတ်တရများစွာကိုဖန်တီးဖို့ နေရာကောင်းလေးပဲ ဖြစ်ပါတယ်။ တကယ်ကိုလှပတဲ့ အပန်းဖြေစရာ Beach Resorts တွေလည်း အများအပြားရှိပါတယ်။

(၃) ကမ္ဘောဒီးယားနိုင်ငံ

Aisa beautiful places

Photo : The Common Wanderer

ကွီးတို့ရေ ချစ်သူလေးနဲ့အတူ သဘာဝအလှပအပတွေ ယဉ်ကျေးမှုတွေကို လေ့လာချင်ရင်တော့ ကမ္ဘောဒီးယားနိုင်ငံကိုပါ စာရင်းထဲထည့်လိုက်ပါ။ ကွီးတို့အတွက် ပထမဆုံး လည်ပတ်လို့ကောင်းတာကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အန်ကောဝပ် ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လည်းဖြစ်ပြီး နိုင်ငံခြားသားတွေလည်း အများအပြားလာရောက်ကြပါတယ်။ ထို့နောက် အန်ကောဝပ် အဝင် မြို့ဖြစ်တဲ့ Siem Reap မြို့မှာလည်ပတ်ရင်း အရသာရှိတဲ့အစားအစာတွေကို ကွီးတို့ချစ်သူလေးနဲ့အတူ မြည်းစမ်းလိုက်ပါ။

(၄) မော်လ်ဒိုက်

Aisa beautiful places

Photo : Skratch

ကွီးတို့ရေ ချစ်သူလေးနဲ့ အတူ ခရီးသွားဖို့ အာရှတစ်လွှားမှ လှပသော နေရာများ ကိုပြောရမယ်ဆိုရင် မော်လ်ဒိုက်ကလည်း ထိပ်တန်းစားရင်ထဲမှာ ပါပါတယ်။ မော်လ်ဒိုက်က တစ်နည်းအားဖြင့် Republic of Maldives ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာတွင်တည်ရှိတဲ့ ကျွန်းစုနိုင်ငံ ဖြစ်ပါတယ်။ သီရိအင်္လကာနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အနောက်တောင်ဘက်တွင် တည်ရှိပါတယ်။ အရမ်းကို လှပတဲ့ မော်လ်ဒိုက်မှာ တည်းခိုဖို့ လှပတဲ့ Resorts တွေလည်းရှိပါတယ်။ မော်ဒိုက်မှာ ကွီးတို့ရဲ့ချစ်သူလေးနဲ့အတူ ရေငုပ်မလား၊ လှပတဲ့ သဲသောင်ပြင်ပေါ်မှာ ကြည်ကြည်နူးနူးလမ်းလျှောက်ရင်း စကားပြောမလား။ စိတ်ကြိုက်ရွေးချယ်ရင်း အမှတ်တရခရီးလေးတစ်ခု ဖန်တီးလိုက်ပါ။

အခု ဖော်ပြပေးလိုက်တာကတော့ ချစ်သူလေးနဲ့ အတူ ခရီးသွားဖို့ အစီအစဉ်ရှိတဲ့ ကွီးတို့အတွက် အာရှတစ်လွှားမှ လှပတဲ့ နေရာများ ပဲ ဖြစ်ပါတယ်။ အမှတ်ရခရီးလေး ဖြစ်ဖို့ နေရာရွေးချယ်ရမှာ အထောက်အကူပြုမှာ အသေအချာပါပဲ။

Source : Travel Tringle

Featured Photo : Times