အမေရိကန်သုတေသနစစ်တမ်းအရ ၃၄ ရာခိုင်နှုန်းသော လူသားများသည် မြင်မြင်ချင်းအချစ်ကို ခံစားကြရတယ်လို့ ဝန်ခံထားကြပါတယ်။ ချစ်ခြင်းသည် လူသားတိုင်းကို ပျော့ပျောင်းနူးညံ့လာအောင်၊ ပျော်ရွှင်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့် ချစ်သူ က ကိုယ့်ကို အမှန်တကယ် ချစ်ရဲ့လားဆိုတာ သံသယဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များနှင့် တိုက်ဆိုင် စစ်ဆေး ကြည့်နိုင်ပါတယ်။

ကွီးတို့ ချစ်သူ က အခုဖော်ပြပါ အချစ်များအားလုံးနှင့် တိုက်ဆိုင်နေတယ်ဆိုရင်တော့ သေချာပါတယ်။ ကွီးတို့ကို အချစ်စစ် အချစ်မှန်နှင့် အမှန်တကယ် ချစ်တာပဲ ဖြစ်ပါတယ်။

ကွီးတို့ရှေ့မှာ ချီးကျူးခံရအောင် ပြုမူတယ်

ချစ်သူ စစ်ဆေး

ကိုယ့်ကောင်မလေးက ကိုယ့်ရှေ့မှာ အသည်းအသန်တွေ အလုပ်ကြိုးစားပြတာမျိုး (သို့) အသည်းအသန် စာကြိုးစားပြတာမျိုး (သို့) တစ်စုံတစ်ခုမှာ တော်ကြောင်း ပြချင်တာမျိုးတွေကို ကြုံဖူးပါသလား။ ဒီလိုမျိုး သင့်ရှေ့မှာ တော်ကြောင်း ပြချင်တယ်ဆိုတာ ကြွားဝါချင်လို့၊ ဆရာကြီးလုပ်ချင်လို့၊ တတ်ကြောင်းပြချင်လို့ မဟုတ်ပါဘူး။ သင့်ဆီက ချီးကျူးစကားကြားချင်တာဖြစ်ပြီး ၊ ငါ့ကောင်မလေးက အရမ်းတော်ပါလားဆိုတဲ့ ဂုဏ်ယူဝံ့ကြွားမှုမျိုးကို ကွီးတို့ကို ခံစားစေချင်လို့ပဲ ဖြစ်ပါတယ်။

ကွီးတို့နဲ့ မျက်လုံးချင်း စကားပြောနေသလား

ချစ်သူ စစ်ဆေး

ချစ်သူ နှစ်ဦးသား မျက်လုံးချင်း စကားပြောခြင်းသည် တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားကြောင်း၊ သူ့ရဲ့အကြောင်းတွေကို ပိုမိုသိရှိကာ လေ့လာလိုကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ အမျိုးသားနှင့် အမျိုးသမီးများကြား အနည်းငယ် ကွာခြားနိုင်ပါတယ်။ အချို့သော အရှက်အကြောက် ကြီးတဲ့ အမျိုးသမီးများကတော့ သင်က စူးစူးရဲရဲကြီး စိုက်ကြည့်ရင် ရှက်သွေးဖြာကာ မျက်လွှာချသွားတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူရဲ့ စိတ်သဘောထားကို အပြည့်အဝနားလည်ထားမှသာလျှင် ဒီလက္ခဏာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ ကိုယ့် ချစ်သူ ကို အခုဖော်ပြထားတဲ့ အချက်များနှင့် တိုင်ဆိုင် စစ်ဆေး နိုင်မှာဖြစ်ပါတယ်။

၄၈ နာရီအတွင်း စကားမပြောဘဲ မနေနိုင်ဘူး

ချစ်သူ စစ်ဆေး

တကယ်လို့ သင့်ကောင်မလေးနဲ့ သင်သည် ၄၈ နာရီကျော် ကြာသည်အထိ အဆက်အသွယ်မလုပ်ဘူး၊ စကားမပြောဖြစ်ဘူး၊ မက်ဆေ့ချ်မပို့ဖြစ်ဘူး၊ ဖုန်းမပြောဖြစ်ဘူးဆိုရင် သေချာပါတယ် သင်တို့နှစ်ယောက်ကြားက အခြေအနေတွေသည် အန္တရာယ်ရှိကြောင်းကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ နှစ်ယောက်ထဲက တစ်ယောက်က အခြားတစ်ယောက်အပေါ်  စိတ်မဝင်စားတာမျိုး၊ မကြိုက် မနှစ်သက်တော့တာမျိုးလည်း ဖြစ်နိုင်သလို၊ မာနတွေ တင်းခံနေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်ချစ်တယ်ဆိုရင် မာနတွေသည် ဘေးသို့ အလိုလို ရောက်သွားပါပြီ။ တကယ်ချစ်တဲ့သူတွေသည် ၄၈ နာရီကို တောင့်ခံဖို့မပြောနဲ့ ၁၂ နာရီ၊ ၂၄ နာရီအတွင်းမှာတောင် အဆက်အသွယ်မလုပ်ဘဲ မနေနိုင်ကြပါဘူး။ တကယ်လို့ ကွီးတို့ရဲ့ ကောင်မလေးက ကွီးတို့ကို တဂွမ်ဂွမ်နဲ့ ဖုန်းဆက်နေတယ် ၊ တဒေါင်ဒေါင်နဲ့ မက်ဆေ့ချ် ပို့နေတယ်ဆိုရင် ကွီးတို့ကို စိတ်ဝင်စားလို့၊ စိတ်ပူလို့ပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ပွေ့ဖက်မှုက သူ(မ)အတွက် နာကျင်စရာများကို ဖယ်ရှားပေးနိုင်တယ်

ချစ်သူ စစ်ဆေး

ဘဝမှာ အခက်အခဲများ၊ ကြမ်းတမ်းမှုများသည် အချိန်မရွေး ခံစားရမယ့်အရာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ခက်ခဲကြမ်းတမ်းတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ချစ်သူဆီက ပွေ့ဖက်မှုကို ခံစားရခြင်းသည် နာကျင်မှုများကို ဖြေဖျောက်ပေးနိုင်ပါတယ်။ သင့် ကောင်မလေးသည် စိတ်ညစ်စရာ အကြောင်းတစ်စုံတစ်ရာရှိတဲ့အခါ သင့်ကို အမြဲတမ်း တိုင်ပင်တယ် ၊ အကြံဥာဏ်များ ရယူတယ်ဆိုရင် သင့်ကို တကယ် အားကိုးလို့ အမှန်တကယ် ချစ်မြတ်နိုး၊ ယုံကြည်လို့ပဲ ဖြစ်ပါတယ်။ သိပ္ပံနည်းကျ သက်သေပြချက်များအရ ကိုယ့်ရဲ့ ချစ်သူထံမှ ပွေ့ဖက်မှုများ၊ လက်ဖဝါးများကို ကိုင်ပေးထားခြင်းတို့သည် စိတ်ညစ်စရာများကို ဖြေဖျောက်ပေးနိုင်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ထိုကဲ့သို့ ပွေ့ဖက်ခံရခြင်းသည် ကိုယ်အလေးချိန်ကို လျော့ချပေးပြီး၊ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးတဲ့အပြင် နာမကျန်းဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

သူ(မ)ရဲ့ မျက်ဆံက ပိုမိုကြီးမားလာမယ်

couple hug

မျက်လုံးထဲတွင် မျက်ဆံသေးသေးလေးတစ်ခု ရှိတဲ့အနက် ထိုမျက်ဆံလေးသည် ကိုယ် ချစ်တဲ့သူကို တွေ့မြင်ရတဲ့အခါ မျက်ဆံလေးက ပုံမှန်အရွယ်အစားထက် ပိုကြီးလာတတ်ပါတယ်။ ချစ်ခြင်းဟော်မုန်းနှစ်မျိုးဖြစ်တဲ့ Oxytocin နှင့် Dopamine ဟော်မုန်းနှစ်မျိုးသည် ဦးနှောက်ကို သွားရောက်သတိပေးလိုက်မှာဖြစ်ပြီး ထိုမှတဆင့် မျက်ဆံလေးက ပိုမိုကြီးမားလာမှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ လအတွင်းမှာ လမ်းခွဲခြင်းမျိုး မရှိဘူး

couple breakup

တချို့ရည်းစားတွေကတော့ ပြတ်လိုက်၊ တွဲလို၊ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပါပဲ။ ရည်းစားသက်တမ်းနုချိန်၊ ရည်းစား စစဖြစ်ချိန် ၂ လ၊ ၃ လလောက်ကတော့ ရန်ဖြစ်တဲ့အကြိမ်ရေသည် ပိုစိပ်မှာပါပဲ။ ဒါသည် ပုံမှန်ပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်မသိသေးတဲ့အချိန်ဖြစ်တဲ့အတွက် စိတ်သဘောထား မတိုက်ဆိုင်မှုများ ကြုံတွေ့ရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမှန်းမသိဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ရည်းစားသက်တမ်းကြာလာတဲ့အခါ ရန်ဖြစ်တဲ့အကြိမ်ရေလည်း ကျဲသွားမှာဖြစ်ပါတယ်။ ကွီးတို့ရဲ့ ရည်းစားသက်တမ်းကို ပြန်ပြောင်းစဥ်းစားကြည့်ပါ။ လွန်ခဲ့တဲ့ ၅ လအတွင်း လမ်းမခွဲခဲ့ဘူးဆိုရင်တော့ အခြေအနေကောင်းပါတယ်။ ရန်ဖြစ်တဲ့အခါမှာလည်း တစ်ယောက်တင်းရင် အခြားတစ်ယောက်က လျော့ပေးတယ်။ ကိုယ် အရမ်းစိတ်တိုနေရင် သူ(မ) ဘက်က ပြန်လျော့ပေးတယ်။ ဒီလိုမျိုး အပေးအယူမျှတစွာ လုပ်ဆောင်တတ်ရင်တော့ ထိုသမီးရည်းစားဆက်ဆံရေးသည် ရေရှည်တည်တံ့ခိုင်မြဲမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ ချစ်သူ ကောင်မလေးက ဒီအချက်များထဲက ဘယ်နှချက်လောက်နဲ့ အကြုံးဝင်နေပါသလဲ၊ စစ်ဆေး ချက်များက ရာနှုန်းပြည့် မှန်ကန်မှာတော့ မဟုတ်ပေမယ့် အတိုင်းအတားတစ်ခုအထိတော့ ယုံကြည်နိုင်ပါတယ်။ ကွီးတို့လည်း ကိုယ့်ချစ်သူ ကောင်မလေးနဲ့ အပေးအယူမျှပြီး နားလည်မှုရှိတဲ့ အချစ်ရေးတစ်ခု တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Brightside.me

Featured Image: Freepik