အမျိုးသမီးတွေရဲ့ စိတ်သဘာဝကို နားလည်ဖို့ သိပ်ခက်တယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ ဒါပေမယ့်လည်း တချို့အရာတွေမှာ အမျိုးသမီးတွေဟာ တူညီတဲ့ စိတ်နေသဘောထားရှိတတ်တယ်ဆိုတာလည်း လက်ခံရပါတယ်။ မိန်းကလေးတိုင်းမှာ တူညီတယ်လို့ ပြောနိုင်တဲ့ အရာတစ်ခုက ပန်းစည်းလက်ဆောင်ရတာကို ကြိုက်ကြတာပဲ ဖြစ်ပါတယ်။ ပန်းပေးတယ်ဆိုတာ အဓိပ္ပါယ်အများကြီးပါတဲ့ လူမှုဓလေ့တစ်ခုပါပဲ။
ပန်းပေးသူနဲ့ ပေးတဲ့ ပန်းပေါ် မူတည်ပြီး အဓိပ္ပါယ်တွေလည်း အများကြီး ဖြာထွက်တတ်ပါတယ်။ ကိုယ့် ချစ်သူ က မိန်းကလေးတစ်ယောက်ကို ပန်းလက်ဆောင် ပေးတယ် ဆိုရာမှာကို အဓိပ္ပါယ်တွေက ကျယ်ဝန်းပြီးသားပါ။ ကဲ ဘာကြောင့် သင့်ကောင်မလေးကို ပန်းစည်းလက်ဆောင်ပေးသင့်သလဲဆိုတာကိုလည်း ကြည့်လိုက်ရအောင်ပါ။

(၁) သတိရကြောင်း အသိပေးရာရောက်တယ်

Reasons to Buy Her Flowers and What Every Man Should Know

Photo: Pexels

ပန်းစည်းပေးတာဟာ အလေးအနက်ထားကြောင်း နဲ့ ဂရုစိုက်ကြောင်းကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ ကိုယ့်ကောင်မလေးနဲ့ အချိန်မရလို့ မတွေ့ဖြစ်တာ ကြာပြီးနောက် သွားတွေ့မယ်ဆိုရင် ပန်းစည်းလှလှလေးသာ ဝယ်သွားပါလို့ ပြောချင်ပါတယ်။ ပန်းအနေနဲ့ အရောင်နဲ့ အနံ့စုံလင်တဲ့ နှင်းဆီ ၊ သစ်ခွ ၊ ကျူးလစ်ပန်းတွေမျိုးက မိန်းကလေးတွေ မငြင်းနိုင်အောင် ကြိုက်တတ်ကြပါတယ်။

(၂) စိတ်ခံစားချက်ကို ပို အကောင်းမြင်စေတယ်

Gift

Photo: Pexels

ပန်းတွေဟာ လူရဲ့ စိတ်ခံစားချက် Mood ပေါ် အများကြီး လွှမ်းမိုးမှု ရှိပါတယ်။ စိတ်ပညာအရ အရောင်အသွေးနဲ့ အဆင်းအနံ့တွေဟာ လူရဲ့ စိတ်ကို ပျော်ရွှင်အောင် ၊ ဝမ်းနည်းအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ စိတ်ဖိစီးနေသူတစ်ယောက်ဟာ ပန်းတွေရဲ့ အလှ ၊ အဆင်းနဲ့ ရနံ့ကို သက်ဝင်ခံစားမယ် ဆိုရင် စိတ်သက်သာရာရပြီး စိတ်ခံစားချက် ပိုကောင်းလာနိုင်ပါတယ်။

(၃) စကားနဲ့ ပြောစရာလိုဘဲ ခံစားချက်ချင်း ဆက်သွယ်နိုင်မယ်

Flower

Photo: Pexels

တစ်ယောက်စိတ်ကို တစ်ယောက် ဆက်သွယ်ဖို့အတွက်လည်း ပန်းစည်းလက်ဆောင်က အထောက်အကူဖြစ်ပါတယ်။ ပန်းပေးတာဟာ တစ်ယောက်ယောက်ကို နှစ်သိမ့်ဖို့ ၊ စိတ်နှလုံး အေးချမ်းစေဖို့ နဲ့ နားလည်စာနာကြောင်း ဖော်ပြဖို့ စကားလုံးမလိုတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

(၄) ရိုမန်တစ်ဆန်တယ်

Flower Gifts

Photo: Pexels

ဘယ်မိန်းကလေးမှ ကြည်ကြည်နူးနူး Romantic ဆန်တဲ့ ဂရုစိုက်မှုကို မကြိုက် မရှိ ကြိုက်ကြစမြဲပါ။ ပန်းစည်းတွေ တစ်ပွေ့ကြီးနဲ့ အိမ်ရှေ့ကို ရုတ်တရပ် Surprise လာတိုက်တဲ့ ရည်းစားသည်ကိုလည်း အမျိုးသမီးတွေက သဘောကျပြီးသားပါ။ ဒါကြောင့် ဘာမှ ပေးစရာမရှိရင် သင့်ချစ်သူဆီ ပန်းစည်းလှလှသာ ယူသွားဖို့ အကြံပြုလိုက်ရပါတယ်။

Featured Photo : Pexels