ကိုယ့် ချစ်သူ ကောင်မလေးကို အမြဲတမ်း ပျော်ရွှင် အောင် ဘယ်လိုထားရမလဲဆိုပြီး ခေါင်းခြောက်နေတဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ဒီနည်းဗျူဟာများကတော့ ကွီးတို့ရဲ့ သမီးရည်းစား ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေပြီး ရိုးမြေကျ ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းဆက်ဆံသွားနိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ဒီနည်းဗျူဟာများက သာမန် နည်းဗျူဟာတွေ မဟုတ်ပါဘူး။ ကျွမ်းကျင်ပညာရှင်များနှင့် အွန်လိုင်းက လေ့လာချက်များကို စုစည်းထားကာ ထုတ်နုတ်ထားတဲ့ အစွမ်းထက် နည်းဗျူဟာများပဲ ဖြစ်ပါတယ်။ ကွီးတို့ လက်တွေ့ ဘဝမှာ အသုံးတည့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

တောင်းပန်စကားဆိုမယ့်အစား ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ

ချစ်သူ ပျော်ရွှင်

ကိုယ် မှားတဲ့အခါ တောင်းပန်တတ်ခြင်းသည် လူကြီးလူကောင်းဆန်တဲ့ ပုရိသတို့ရဲ့ အပြုအမူတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး တောင်းပန်နေမယ့်အစား ကိုယ့် ကောင်မလေးကို ကျေးဇူးတင်စကားဆိုပါ။ ဥပမာ – “ကိုယ် မနေ့က စိတ်ဆိုးပြီး အော်မိတဲ့အတွက် တောင်းပန်ပါတယ်” လို့ ပြောမယ့်အစား “ကိုယ့်ရဲ့ ဆိုးတဲ့ ဒဏ်ကို သည်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘေဘီရယ်။ နောက်ဆို ဒေါသတွေ လျော့ပါ့မယ်” စသည်ဖြင့် သူ(မ)ရဲ့ သည်းခံပေးမှုတွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် တစ်ဖက်သားရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားကို ခံစားရမှာပဲဖြစ်ပါတယ်။ တစ်ဖက်သားရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အသိအမှတ်ပြုပေးရာ ရောက်ပါတယ်။

သူ(မ) သဘောထားကို မေးမယ့်အစား ကိုယ့်ဘက်က အရင်ဦးဆုံး အကြံပေးလိုက်ပါ

ချစ်သူ ပျော်ရွှင်

“အားလပ်ရက်မှာ အပြင်သွားချင်လား” ဆိုတဲ့ ဝတ်ကျေတန်းကျေ မေးခွန်းကို မေးတာထက် “အားလပ်ရက်မှာ အပြင်သွားကြရအောင်” လို့ ကိုယ့်ဘက်က စတင် စကားစလိုက်ပါ။ ဒီလို အဆိုပြုခြင်းအားဖြင့် သင့်ရဲ့ သူ(မ) အပေါ် အချိန်ပေးခြင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ သူ(မ) အနေနဲ့ သင့်ရဲ့ အဆိုပြုချက် ၊ အကြံပြုချက်များကို သိပ် သဘောမတွေ့ရင်လည်း “အပြင် မသွားတော့ဘူး၊ အိမ်မှာပဲ ဟင်းချက်စားပြီး ရုပ်ရှင်ကြည့်ရအောင်” စသည်ဖြင့် ပြန်ပြောလိုက်ရုံပါပဲ။

တစ်ယောက်ရဲ့ သဘောထားကို အခြားတစ်ယောက်က အလေးပေးခြင်းသည်လည်း ချစ်ခင်ကြင်နာတတ်တဲ့ စုံတွဲများတွင် တွေ့ရှိရတတ်တဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့လည်း ကိုယ့်ရဲ့ ကောင်မလေးကို အမှန်တကယ် ပျော်ရွှင် စေချင်တယ်ဆိုရင် သူ(မ)ရဲ့ သဘောထားနှင့် ခံစားချက်၊ အတွေးအမြင်များကို အလေးပေးရမှာပဲ ဖြစ်ပါတယ်။

သူ(မ)ကို အလေးပေးကာ အာရုံစိုက်ခြင်း

ချစ်သူ ပျော်ရွှင်

သူ(မ) စကားပြောနေတဲ့အချိန်မှာ သေချာဂရုတစိုက် နားမထောင်ဘဲ ဖုန်းသုံးလိုက်၊ ဂိမ်းကစားလိုက်နှင့် ကုန်ဆုံးနေတတ်ပါသလား။ ဒါဆိုရင်တော့ ထိုအမူအကျင့်ကို ပြန်ပြင်သင့်ပါပြီ။ ကောင်မလေးတွေသည် သူတို့ကို အမှန်တကယ် ဂရုစိုက်တာမျိုးကိုပဲ လိုလားကြတာပါ။ သင့်ဆီက သူ(မ) လိုချင်တဲ့ Attention များ မရရှိတဲ့အခါ သူ(မ)ကို မချစ်တော့တာလား။ ခံစားချက်တွေ အေးစက်သွားပြီလား စသည်ဖြင့် မေးခွန်းပေါင်း မြောက်မြားစွာ၊ သံသယပေါင်း များစွာနှင့် သူ(မ) မပျော်မရွှင် ဖြစ်လာပါလိမ့်မယ်။ သင် ချစ်တဲ့ ချစ်သူ ကောင်မလေးကို ထိုသံသယများဖြင့် မ ပျော်ရွှင် အောင် မပြုလုပ်မိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အာရုံစိုက်ဖို့လိုအပ်တဲ့အချိန်မှာ သေချာအာရုံစိုက်ပါ။ သူ(မ) စိတ်ညစ်လို့ ရင်ဖွင့်တဲ့အချိန်မှာ သေသေချာချာ ဂရုတစိုက် နားထောင်ပါ။ ဒါမှသာ သူ(မ)သည် အချစ်ခံရပါလား။ အလေးထားခံရပါလားဆိုတဲ့ ခံစားချက်မျိုးကို ခံစားရမှာပဲဖြစ်ပါတယ်။

အသေးအဖွဲကအစ ဂရုပြုမိပါစေ

ချစ်သူ ပျော်ရွှင်

သူ(မ)ရဲ့ ဆံပင်ပုံစံလေး ပြောင်းသွားတာကအစ ၊ မိတ်ကပ်ပြင်ဆင်ထားပုံ ၊ အဝတ်အစား စတိုင်လ်များ ပြောင်းထားတာကအဆုံး အသေးအဖွဲကအစ ဂရုစိုက်ပေးလိုက်ပါ။ သင့်အနေနဲ့ သူ(မ)ရဲ့ ဆံပင်စတိုင်လ် ပြောင်းလဲမှုကို သတိမထားမိဘူးဆိုရင် သူ(မ)ရဲ့ ဆံပင်စတိုင်လစ်ဆီက ကပ်တိုးလေး သတင်းရယူပါ။ ဒါဆိုရင်တော့ သင့်ကောင်မလေးထံမှ အမှတ်တွေ အများကြီး ရရှိမှာပဲဖြစ်ပါတယ်။

မှတ်စုလေးတွေ မှတ်ထားပါ

couple

တခါတလေမှာ ကျနော်တို့တွေသည် အလုပ်များလွန်းတဲ့အခါ နှစ်ယောက်သားအတွက် အဓိပ္ပါယ် ရှိတဲ့ ရက်များ၊ Anniversary နေ့ရက်များ၊ သူ(မ)ရဲ့ မွေးနေ့ စသည်တို့ကို မေ့တတ်ပါတယ်။ ထိုကဲ့သို့ မမေ့မလျော့စေချင်ဘူးဆိုရင်တော့ ဖုန်းမှတ်စုထဲမှာပဲဖြစ်ဖြစ်၊ Google Calendar ထဲမှာပဲဖြစ်ဖြစ် မှတ်ထားလိုက်ပါ။ ထိုကဲ့သို့ မှတ်ထားတဲ့အခါမှာလည်း တစ်ရက်စာ ကြိုပြီး သတိပေးဖို့ပါ တစ်ခါတည်း စဥ်းစားထားရပါမယ်။ ဒါမှသာ ကိုယ်က သတိလက်လွတ်ဖြစ်ပြီး မေ့သွားလို့ နှစ်ဦးသား စိတ်ဆိုး စိတ်ကောက်တဲ့ အခြေအနေကနေ ကျော်လွှားနိုင်မှာပဲဖြစ်ပါတယ်။

ကိုယ့်ချစ်သူကို ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးပါ

couple

ဒီအချက်သည် အရေးကြီးတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ စုံတွဲတွေသည် ချစ်လို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ယောက်ကိုတစ်ယောက် ချုပ်ခြယ်ကြပါတယ်။ ဒီလို ချုပ်ခြယ်ခြင်းသည် အမှန်တကယ်တော့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်လို့ပဲဖြစ်ပါတယ်။ ကိုယ့်ချစ်သူကို အမှန်တကယ် ယုံကြည်တယ် ၊ ချစ်မြတ်နိုးတယ်ဆိုရင် သူ(မ)ကို ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးပါ။ ချုပ်ခြယ်မထားပါနဲ့။

ဒီအချက်များကို လိုက်နာမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အချစ်ရေးမှာ အဖုအထစ်မရှိဘဲ အပေးအယူမျှစွာ ချစ်ခင်ကြင်နာနိုင်ပြီပဲဖြစ်ပါတယ်။

Source: Brightside

Featured Image: Freepik