ဟာသဉာဏ် ရွှင်ပြီး ပျော်ပျော်နေတက်သူတွေဟာ ပေါင်းသင်းဆက်ဆံရေးမှာ တခြားသူတွေထက် တဗန်းသာပါတယ်။ ဟာသဉာဏ်ရွှင် သူတွေကို လူတိုင်းလိုလိုချစ်ခင်ကြပြီး အပေါင်းအသင်း လုပ်ချင်ကြပါတယ်။ အလားတူ ဟာသဉာဏ်ရွင်ပြီး ရယ်စရာကောင်းတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့အမြင်မှာလည်း ဆွဲဆောင်မှုရှိတယ်လို့ ခံစားရစေပါတယ်။ အမျိုးသမီး တွေအနေနဲ့ ဟာသဉာဏ် ရွှင်တဲ့ အမျိုးသားတွေကို ဘာကြောင့် သဘောကျရသလဲဆိုရင်တော့ အခုပြောပြမယ့် အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

(၁) အချိန်တိုင်း မပျင်းရလို့

Photo : Steemit

ဟာသဉာဏ် ရွှင်တဲ့ အမျိုးသားတစ်ယောက်နဲ့ ဒိတ်လုပ်မယ်ဆိုရင် သေချာပါတယ် ဘယ်တော့မှ ပျင်းရမှာ မဟုတ်ပါဘူး။ အမြဲတမ်းလိုလို ရယ်စရာ အကြောင်းအရာလေးတွေကို ဖန်တီးပေးတက်ပြီး စိတ်လှုပ်ရှားစရာတွေ ယူဆောင်လာပေးတက်လို့ပါပဲ။ ဒီအတွက်ကြောင့်လည်း အမျိုးသမီးတွေ သဘောကျကြတာ ဖြစ်ပါတယ်။

(၂) စိတ်ဝင်စားဖို့ကောင်းလို့

Photo : Livingly

ဟာသဉာဏ်ရွှင်တဲ့ အမျိုးသားတွေဟာ ဉာဏ်ကြီးရှင်တွေပါ။ ဘာလို့ဆို ကြိုက်တဲ့ စာရေးဆရာ ၊ အနုပညာရှင်တိုင်းကို မေးကြည့်ပါ။ လူတစ်ယောက်ကို ရယ်မောအောင်လုပ်ရတဲ့ ဟာသပညာဟာ အခက်ဆုံးပါပဲ။ ဟာသဉာဏ်ရွှင်သူတွေမှာတော့ လူတစ်ယောက်ကို ရယ်မောပျော်ရွှင်အောင်လုပ်နိုင်တဲ့ အစွမ်းတွေ ၊ ဗဟုသုတတွေ ၊ ပင်ကိုယ်အရည်အချင်းတွေ ပိုင်ဆိုင်ထားတာကြောင့် အမျိုးသမီးတွေအတွက် စိတ်ဝင်စားဖို့ကောင်းနေစေတာ အမှန်ပါ။

(၃) ရယ်မောတက်အောင်သင်ပေးလို့

Photo : Two Drifters

လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရယ်မောပျော်ရွှင်စရာတွေ ပျောက်ဆုံးလာကြတယ်လို့ ပြောကြပါတယ်။ မှန်ပါတယ် ကျွန်တော်တို့ဟာ အသက်တစ်ရက်ပိုကြီးလာလေ လောကဓံရဲ့ ဖိအားတွေအလယ် ရုန်းကန်လှုပ်ရှားရင်း အပြုံးအရယ်တွေ ပျောက်ဆုံးလာကြပါတယ်။ ဒါပေမယ့် ဟာသဉာဏ် ရွှင်တဲ့ အမျိုးသားတစ်ယောက် အနားမှာရှိနေမယ်ဆိုရင်တော့ ပျော်ရွှင်ရယ်မောခြင်းတွေ တစ်ခါပြန်ပြီး အသက်ဝင်လာမှာ ဖြစ်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ ခံစားချက် ၊ ပျော်ရွှင်ရယ်မောရခြင်းတွေဟာ အမျိုးသမီးတိုင်း နှစ်သက်သဘောကျတဲ့ ခံစားမှုတွေဆိုတာ မမှားနိုင်ပါဘူး။

(၄) အပေါင်းအသင်းဝင်ဆံ့လို့

Photo : Freepik

လူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းတက်သင်းတက်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ ဒါပေမယ့် ဟာသဉာဏ် ရွှင်သူတွေကတော့ ပေါင်းသင်းဆက်ဆံရေးမှာ ဆရာတစ်ဆူလို့ ပြောလို့ရပါတယ်။ ကောင်မလေးဘက်က မိဘဆွေမျိုးတွေနဲ့ မိတ်ဆက်ပေးတာ ဖြစ်ဖြစ် ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မိတ်ဆက်ပေးတာ ဖြစ်ဖြစ် ဘယ်တော့မှ မျက်နှာမပျက်စေရအောင် စွမ်းဆောင်နိုင်စွမ်း ရှိကြပါတယ်။ ဒီလို အပေါင်းအသင်းဝင်ဆံ့ခြင်းကလည်း အမျိုးသမီးတွေ သဘောကျစေတဲ့ အချက်တစ်ခု ဖြစ်စေပါတယ်။

(၅) စိတ်သက်သာရာ ရစေလို့

Photo : Matt Badenoch

ပျော်ပျော်နေတက်သူတွေဟာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ရှိနေပါစေ အကောင်းဆုံး ကျော်လွှားနိုင်စွမ်း ရှိကြသူတွေ ဖြစ်ပါတယ်။ ကိုယ်တိုင်က ပျော်ပျော်နေတက်သလို ကိုယ့်ဘေးက လူတွေကိုလည်း ပျော်အောင်ထားနိုင်စွမ်း ရှိပါတယ်။ ဟာသဉာဏ် ရွှင်တဲ့ အမျိုးသားတစ်ယောက်နဲ့ အတူတူ ရှိနေရခြင်းဟာ ဘယ်တော့မှ ကိုယ့်ကို စိတ်ဒဏ်ရာ ၊ စိတ်ညစ်စရာတွေပေးမှာ မဟုတ်သလို ကိုယ့်မှာ စိတ်ညစ်စရာတွေရှိနေတယ် ဆိုရင်တောင်မှ အကောင်းဆုံး စိတ်သက်သာရာ ရစေမှာပဲ ဖြစ်ပါတယ်။

Photo : Let’s Eat Cake