ဘလိန်းတယ်ဆိုတာ ဒီနေ့ခေတ် လူတွေအတွက် သိပ်မစိမ်းတဲ့ စကားလုံးတစ်ခုပါ။ ဝေဖန်အပြစ်တင်ခြင်းလို့ အဓိပ္ပါယ်ဖွင့် ရပါမယ်။ တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး တခြားသူတစ်ယောက်ကို လွယ်လွယ်လေးပဲ ဝေဖန်အပြစ်တင် တက်ကြပါတယ်။ အထူးသ ဖြင့် Mature မဖြစ်တဲ့ လူတွေမှာ ဒီလိုစရိုက်လက္ခဏာတွေကို ပိုတွေ့ရတက်ပါတယ်။ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာလည်း ဒီလို ဘလိန်းတာ ၊ အပြစ်ဖို့တာတွေဟာ ကိုယ့်ရဲ့ Relationship ကို နွံထဲဆွဲချရာ ရောက်စေပါတယ်။ သာယာချမ်းမြေ့ဖွယ် ချစ်သူရည်းစားဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောတဲ့အရာတွေအတွက်နဲ့ ကိုယ့် ချစ်သူ လက်တွဲဖော်ကို ဘယ်တော့မှ အပြစ်တင်တာ , ဘလိန်း မိတာမျိုး မလုပ်မိအောင် အထူးရှောင်ကြဉ် ရပါမယ်။

(၁) ကိုယ့်ရဲ့ မပျော်ရွှင်ရခြင်းတွေအတွက်

couple

Photo : MomJunction

သင့်ရဲ့ မပျော်ရွှင်ရခြင်းတွေဟာ သင့်လက်တွဲဖော် ချစ်သူ ကြောင့်လို့ ရာနှုန်းပြည့် အပြစ်တင်လို့ မရပါဘူး။ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုဆိုတာ အဲ့ဒီလူရဲ့အတွင်းကနေ လာတာပါ။ သင့်ချစ်သူက သင့်ကို ပျော်အောင်လုပ်နိုင်လည်း ယာယီပါပဲ။ စိတ်ညစ်အောင် လုပ်နိုင်လည်း ယာယီပါပဲ။ အဓိက သင့်ပျော်ရွှင်မှုဟာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မပျော်ရွှင်ရခြင်းတွေအတွက် ကိုယ့်ချစ်သူကို ဘယ်တော့မှ မ, ဘလိန်း မိဖို့ အကြံပေးချင်ပါတယ်။

(၂) ရင်ခုန်စရာမရှိတဲ့ အခြေအနေအတွက်

Couple

Photo : LinkedIn

Relationship တစ်ခုရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ရေရှည် Keep လုပ်ထားဖို့ဟာ နှစ်ဦးနှစ်ယောက်လုံးနဲ့ သက်ဆိုင်ပါတယ်။ ပြောရရင် နှစ်ယောက်လုံးမှာ တာဝန်ရှိတာပါ။ ယောကျာ်းလေးဖြစ်လို့ မိန်းကလေးဖြစ်လို့ ဘာပုလို့ ညာပုလို့ ဘယ်သူမှာပိုပြီး တာဝန်ရှိလို့ ၊ အပြစ်ရှိတယ်လို့ ဆိုတာမျိုး ဘလိန်း နေတာထက် ကိုယ်တို့နှစ်ဦးကြားက ရင်ခုန်စရာအခိုက်အတန့်တွေကို နှစ်ဦးသား တက်ညီလက်ညီ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

(၃) အဆင်မပြေမှုတွေအတွက်

Couple

Photo : Medium

ချစ်သူ ရည်းစားဆက်ဆံရေးတိုင်းဟာ အမြဲတမ်း အဆင်ပြေချောမွေ့နေတာ မဟုတ်ပါဘူး။ အခက်အခဲတွေ ၊ ညှိနှိုင်းရခြင်းတွေ ၊ နားလည်မှုတွေ အများကြီး လိုအပ်ပါတယ်။ တစ်စုံတစ်ခု အဆင်မပြေတာ ကြုံတိုင်း တစ်ယောက်ကိုတစ်ယောက် အပြစ်မြင် ၊ ဘလိန်း နေရင် ဒီဆက်ဆံရေးဟာ အနှေးနဲ့အမြန်ပဲ အေးစက်ပြတ်တောက် သွားနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်နားလည်ပေးခြင်းနဲ့ Empathy လို့ခေါ်တဲ့ ကိုယ်ချင်းစာနာထောက်ထားတက်တဲ့စိတ်လေးကို မွေးနိုင်ဖို့ အရေးကြီးပါတယ်။

(၄) ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အတွက်

Couple

Photo : AskApril

That’s life ပါပဲ။ ဘဝဆိုတာ အမြဲတိုင်း ကိုယ်လိုချင်သလို ရမနေနိုင်ပါဘူး။ ဖြစ်ချင်တာတွေ မဖြစ်ရသလို မဖြစ်ချင်တာတွေလည်း ဖြစ်လာရနိုင်ပါတယ်။ ဒါတွေက ဘဝဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ရှိနေတာပါ။ ဒါကြောင့် ဘဝမှာ ကိုယ်ဖြစ်ချင်တာ ၊ လိုချင်တဲ့အရာတွေ ဖြစ်မလာ/ရမလာခြင်းဟာ ကိုယ့်လက်တွဲဖော်ရဲ့ အပြစ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ့်ကိုယ် Accept လုပ်တက်ဖို့နဲ့ အချိန်မကျသေးဘူးဆိုတာကို နားလည်လက်ခံတက်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။

(၅) ကျရှုံးမှုတွေအတွက်

Photo : Verywell Mind

ဘဝမှာ ကျရှုံးခြင်းတွေ ၊ မအောင်မြင်ခြင်းတွေ ကြုံလာတိုင်း ကိုယ့် ချစ်သူ လက်တွဲဖော်ကို အပြစ်တင်လို့ မရတာ အမှန်ပါပဲ။ လူတွေဟာ နိုင်ရာမဲတက်ကြတဲ့ စရိုက်ရှိပါတယ်။ ကိုယ့်ရဲ့အမှားကို လက်မခံချင်ပဲ အပြစ်တင်လို့ရတဲ့သူတွေအပေါ် အမှားကို ခေါင်းလွဲပေးချင်ကြပါတယ်။ တကယ်တော့ ကိုယ့်အပြစ်ကိုယ် တာဝန်ယူ လက်ခံတက်ရမှာပါ။ ဘဝမှာ ဘယ်သူမှ Perfect မဖြစ်နိုင်ပါဘူး။

အခုပြောတဲ့ အချက်တွေထဲက တစ်ခုခုနဲ့ပတ်သတ်ပြီး ကိုယ့် ချစ်သူ လက်တွဲဖော်အပေါ် ဝေဖန်အပြစ်တင် ဘလိန်း ခဲ့မိတယ်ဆိုရင် ဒီနေ့ပဲ တောင်းပန်စကားလေး ဆိုလိုက်ပါ။

Featured Photo : ArtofLiving.org