ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဆိုရင် ချစ်သူများနေ့ပဲ ဖြစ်ပါတယ်။ FA တွေ အတွက်တော့ ချစ်သူများနေ့က သာမန် နေ့လေး တစ်နေ့ပါပဲ။ ဒါပေမဲ့ ချစ်သူ စုံတွဲလေးနဲ့ အတွဲကိုယ်စီရှိကြတဲ့ စုံတွဲတွေကတော့ ထိုနေ့လေးကို ရိုမန့်တစ် ဆန်ဆန် ဖြတ်သန်းသင့်ပါတယ်။

ကိုယ့် ချစ်သူ လေးနဲ့ ချစ်သူများနေ့မှာ ရိုမန့်တစ် ဆန်ဆန် ဖြတ်သန်းချင်တဲ့ ကွီးတို့အတွက် အကြံဥာဏ်ကောင်းလေး ပေးချင်ပါတယ်။

ချောကလက်များ လက်ဆောင်ပေးပါ

ချောကလက်များ လက်ဆောင်ပေးပါ

ချောကလက်ကတော့ ချစ်သူများနေ့မှာ အဓိက ဇာတ်ဆောင်ပါပဲ။ ကွီးတို့ ချစ်သူ ကောင်မလေးကို ချောကလက် မပေးဘဲ ချစ်သူများနေ့ကို ဖြတ်သန်းဖို့ မကြံရွယ်လိုက်ပါနဲ့။ မိုးမီးလောင်သွားပါလိမ့်မယ်။ အရသာရှိပြီး ကွာလတီကောင်းတဲ့ ချောကလက်လေး လက်ဆောင်ပေးလိုက်ပါ။ အသည်းပုံ ချောကလက်များကတော့ ချစ်သူများနေ့အတွက် အရောင်းရဆုံး ပစ္စည်းများပဲ ဖြစ်ပါတယ်။

နှင်းဆီပန်းစည်းလေး လက်ဆောင်ပေးပါ

နှင်းဆီပန်းစည်းလေး လက်ဆောင်ပေးပါ

ဒုတိယ ဇာတ်ဆောင်ကတော့ နှင်းဆီပန်းပါ။ ပန်း မကြိုက်တဲ့ မိန်းကလေးရ​ယ်လို့ မရှိပါဘူး။ နှင်းဆီပန်းစည်းလေး လက်ဆောင်ပေးရင်း သူ(မ)ကို မင်းသမီးလေး တစ်ပါးလို နုနုရွရွလေး ဆက်ဆံပေးလိုက်မယ်ဆိုရင်ဖြင့် ကွီးတို့ ကောင်မလေးက ကွီးတို့ကို အချစ်တိုးလာမှာပဲဖြစ်ပါတယ်။

ပထမဆုံး ချိန်းတွေ့တုန်းကအတိုင်း ပြန်လည် အသက်သွင်းပါ

ချစ်သူ ရိုမန့်တစ်

ကွီးတို့ ပထမဆုံး ချိန်းတွေ့တုန်းက ဘယ်နေရာမှာ ချိန်းတွေ့ခဲ့သလဲ။ အဲ့ဒီတုန်းက နေရာဆီ ပြန်သွားပြီး ပထမဆုံး ရင်ခုန်ခဲ့တဲ့ အချိန်လေးကို ပြန်လည် တူးဆွ ကြည့်လိုက်ပါ။ ကွီးတို့အချစ်တွေက ပြန်လည် ဆန်းသစ်လာပြီး အချစ်တွေက ပြန်လည် လတ်ဆတ်လာမှာပဲ ဖြစ်ပါတယ်။ ချစ်သူ များနေ့မှာ ရိုမန့်တစ် ဆန်ဆန် ဖြတ်သန်းချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

ရိုမန့်တစ်ဆန်ဆန် ဒိတ်တစ်ခု ဖန်တီးပါ

ချစ်သူ ရိုမန့်တစ်

လှလှပပလေး ဝတ်စားသွားကာ ကိုယ့်ချစ်သူလေးနဲ့အတူတူ ပျော်ပျော်ပါးပါး ဒိတ်တစ်ခု ဖန်တီးလိုက်ပါ။ ချစ်သူလေးနဲ့ အတူတူ နှစ်ယောက်တည်း ပျော်ပွဲစား ထွက်တာမျိုး၊ တစ်နေရာရာသို့ တစ်နေကုန် ထွက်လည်တာမျိုး ပြုလုပ်နိုင်ပါတယ်။​ ကိုယ့်ချစ်သူလေးနဲ့ ကြည်နူးစရာကောင်းတဲ့ ရက်တစ်ရက်လေးကို အတူတူ ဖြတ်သန်းရင်း အချစ်တွေ တိုးလာအောင် ဖန်တီးနိုင်ပါတယ်။​

ရုပ်ရှင် အတူတူ ကြည့်ပါ

ချစ်သူ ရိုမန့်တစ်

ရုပ်ရှင်ရုံမှာ ရုပ်ရှင် အတူတူ သွားကြည့်တာပဲဖြစ်ဖြစ်၊ အိမ်မှာ အတူတူ ရုပ်ရှင် ကြည့်တာမျိုးဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ အရသာရှိတဲ့ အစားအစာများ အတူတူ ချက်ပြုတ် စားသောက်ရင်း နှစ်ယောက်စလုံးအတွက် အဓိပ္ပါယ် ပြည့်ဝတဲ့ ရက်တစ်ရက်ကို ဖန်တီးလိုက်ပါ။

ကွီးတို့ရော ချစ်သူများနေ့မှာ ကိုယ့်ချစ်သူလေးနဲ့ ဘယ်လိုဖြတ်သန်းမယ်လို့ စိတ်ကူးထားပါသလဲ။

Source : Fotor

Featured Photo : Adventurebook