ချန်ပီယံ အသင်းတစ်သင်းဆိုတာ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓါတ်နဲ့ ကိုယ့်အသင်းကို ဘယ်လိုပဲ ဦးဆောင်ထားထား အဲ့ဒီ ဦးဆောင်ထားမှုကနေ အချိန်မရွေး ပြန်လာနိုင်တတ်တဲ့ စွမ်းဆောင်မှုတွေကို ပြသနိုင်သော အသင်း ၊ အသင်းလိုက် စုစည်းမှု အားကောင်းလွန်းတဲ့ အသင်း စသဖြင့်ပေါ့ ဒီအချက်တွေနဲ့ ပြည့်စုံနေတဲ့ အသင်းကို ချန်ပီယံ အသင်းလို့ ယူဆနိုင်ပါတယ်။ ဒီအချက်တွေကို ဆင်ပျံကြီး လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်နေကြတဲ့ အာဆင်နယ်အသင်းမှာ မြင်တွေ့နေရပါတယ်။
Photo Credit : Twitter
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် (၂၆)မှာ တန်းဆင်းဇုန်ထဲက ဘုန်းမောက်ကို အိမ်ကွင်း Emirates မှာ ဧည့်ခံ ကစားခဲ့ရရင်း ပွဲအစ စက္ကန့်လေးအတွင်းမှာပဲ မမျှော်လင့်ပဲ ဧည့်သည် ဘုန်းမောက်ရဲ့ ဦးဆောင်မှုနဲ့ ကြုံတွေ့လိုက်ရပြီး အဲ့ဒီရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးသွားခဲ့ရပါတယ်။ ပထမပိုင်းအတွင်းမှာ အာဆင်နယ်က ဘုန်းမောက်ရဲ့ ဦးဆောင်မှုကို ချေဖျက်နိုင်မဲ့ အခြေအနေမျိုး ရှိခဲ့ပေမဲ့လည်း ဘုန်းမောက် ဂိုးသမား နေတို လက်စွမ်းပြခဲ့သလို ဘုန်းမောက်ကိုယ်တိုင်ကလည်း ထပ်မံ ဦးဆောင်နိုင်မဲ့ အခွင့်အရေးမျိုးပါ ရရှိခဲ့ပါသေးတယ်။
Photo Credit : Twitter
ဒုတိယပိုင်း ပြန်လည် စတင်ပြီး (၁၅)မိနစ်လောက်အကြာမှာပဲ ဘုန်းမောက်က ဆယ်နယ်ဆီရဲ့ ခေါင်းတိုက်ဂိုးနဲ့ ထပ်မံ ဦးဆောင်လိုက်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းက (၈)မိနစ်အတွင်းမှာပဲ ချေပဂိုး (၂)ဂိုးလုံးကို ပြန်သွင်းယူနိုင်ခဲ့ပြီး နည်းပြအာတီတာ ဒုတိယပိုင်းမှာ ထည့်သွင်းလိုက်တဲ့ တောင်ပံကစားသမားလေး နယ်လ်ဆန်ကလည်း အသင်းအတွက် အတော်လေးကို တောက်ပပြသွားခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ဒုတိယမြောက် ချေပဂိုးကို ဖန်တီးပေးသွားနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ နောက်ကျ အနိုင်ဂိုးကိုလည်း သူကိုယ်တိုင် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Twitter
အာဆင်နယ်ရဲ့ ပထမ ချေပဂိုးဖြစ်တဲ့ ပါတေးရဲ့ ချေပဂိုးက အာဆင်နယ်အတွက် အတော်လေး အရေးပါခဲ့ပြီး အာဆင်နယ်အတွက် ပိုပြီး အရေးပါခဲ့တာက စမစ်ရိုးနေရာ နယ်လ်ဆန်ကို ထည့်သွင်းခြင်းပါပဲ။ အခုဆိုရင် အာဆင်နယ်ဟာ မန်စီးတီးကို ရှံးနိမ့်ပြီးတကည်းက ပွဲတိုင်းလိုလိုမှာ နိုင်ပွဲ ရယူနေသလို သူတို့အသင်းရဲ့ Character ပိုင်းဆိုင်ရာ စိတ်ဓါတ်ပိုင်းဆိုင်ရာ အလွန်ကောင်းမွန်မှုတွေကြောင့် ဆင်ပျံကြီး တို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်တွေဟာ ရှင်သန် ကြီးထွားလာခဲ့ရပါတယ်။
Featured Photo : Twitter