ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ နာပိုလီအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဆီနီဂေါ ခံစစ် တံတိုင်းကြီး ကာလီဒို ကူလီဘလီ က ချယ်လ်ဆီးရဲ့ ခံစစ်ပိုင်းမှာ အမာခံ ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယူဆထားခဲ့ရပေမယ့်လည်း ချယ်လ်ဆီးနဲ့ တစ်ရာသီ ဖြတ်သန်းအပြီးမှာ ဆော်ဒီဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

kalidou koulibaly

Photo Credit : We Ain’t Got No History

ချယ်လ်ဆီး က ဗဟိုခံစစ်မှာ သီယာဂို ဆေးလ်ဗား ၊ ဝက်စလေ ဖိုဖာနား ၊ ဘာဒီအက်ရှီလီ နဲ့ ချာလိုဘာတို့ ရှိနေပြီး ကော့ဝဲလ်ကလည်း ဘရိုက်တန်ကနေ အငှားပြည့်လို့ ပြန်ရောက်လာပြီဖြစ်လို့ centre-back မှာ ကစားသမား အရေအတွက်က ဖောင်းပွနေချိန် ကူလီဘလီ ရဲ့ ပွဲကစားခွင့်တွေက မရေရာလာတော့တဲ့အတွက် ဆော်ဒီဘက်က မက်လောက်စရာ ကမ်းလှမ်းမှုကြီးကို လက်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။

kalidou koulibaly chelsea

Photo Credit : beIN SPORT

အသက် (၃၂)နှစ်အရွယ် ခံစစ် ကစားသမားကြီး ကူလီဘလီ ကို ချယ်လ်ဆီးက နာပိုလီကနေ ယူရို (၃၅)သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပေမယ့် အယ်လ်ဟီလယ်ဆီ ယူရို သန်း(၂၀) အရှုံးခံပြီး ယူရို (၁၅)သန်းနဲ့သာ ရောင်းချခဲ့ရပေမယ့် ကူလီဘလီကတော့ အယ်လ်ဟီလယ်မှာ တစ်နှစ်လုပ်ခအဖြစ် ယူရို သန်း(၃၀)အထိတောင် ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါက သူရဲ့ ပြောင်းရွှေ့ကြေးအတွက် ချယ်လ်ဆီး အသင်း ရရှိခဲ့တဲ့ တန်ကြေးထက်ကို နှစ်ဆခန့် မြင့်မားလွန်းနေပါတယ်။ ဒီလို အသင်း ပြောင်းရွှေ့ခဲ့ရပြီးနောက်မှာ ကူလီဘလီက –

koulibaly

Photo Credit : Livescore

“ ချယ်လ်ဆီး အသင်းမှာ ပုံမှန် ကစားခွင့် ရရှိဖို့ဆိုတာ ကျွန်တော့်အတွက် အာမခံချက် မရှိပါဘူး။ ကျွန်တော်က အမြဲတမ်း ပရော်ဖက်ရှင်နယ်ဆန်တယ် ဆိုပေမယ့်လည်း ဘာမှမလုပ်ရပဲ အရန်ခုံမှာ ထိုင်နေရတာကိုတော့ မကြိုက်ပါဘူး။ ကျွန်တော့်ကို အလိုရှိနေမယ့် နေရာ ၊ လူငယ် ကစားသမားလေးတွေအတွက် ဥပမာကောင်းယူစရာ ဖြစ်နိုင်မယ့် နေရာ နဲ့ ပရောဂျက်ကောင်းတွေ ရှိနေမယ့် နေရာကိုသာ ကျွန်တော် ပိုသဘောကျပါတယ်။ နောက်ပြီး ကျွန်တော့် မိသားစုတစ်ခုလုံး ကောင်းကောင်း နေနိုင်အောင်ရယ် ဆီနီဂေါက လူငယ်လေးတွေ တိုးတတ်ဖို့ စီမံကိန်းတွေရယ် ဆေးရုံတွေ တည်ဆောက်ပေးဖို့ရယ်အတွက် အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းကို မငြင်းဆန်နိုင်ခဲ့ဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Featured Photo : Le Parisain