ဒီနှစ် ဘောလုံးရာသီမှာ ကစားသမား ခေါ်ယူဖြည့်တင်းမှုများစွာ လုပ်ဆောင်ထားကြတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လက်ရှိမှာ ရုန်းကန်နေရတာခြင်း တူညီနေပေမယ့်လည်း ရာသီအကုန်မှာတော့ ချယ်လ်ဆီးက မန်ယူအသင်းရဲ့ အထက်မှာသာ ရပ်တည်သွားနိုင်တယ်လို့ မန်ယူကစားသမားဟောင်း Sky Sports ရဲ့ Pundit ကြီး ဂယ်ရီ နဗီးလ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

chelsea neville

Photo Credit : Sky Sports

ဒီအသင်းနှစ်သင်းက ဒီနှစ် ဘောလုံးရာသီ အစပိုင်းမှာကတည်းက ရလဒ်တွေ ဆိုးရွှားတာခြင်း အတူတူ ဖြစ်နေတာကြောင့် ညီအစ်ကိုအသင်းလို့တောင် နောက်ပြောင်ခံနေရတာခြင်း တူညီနေပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာတော့ ချယ်လ်ဆီးက ရလဒ်တွေ ပြန်လည် ကောင်းမွန်နေရပြီး မန်ယူကတော့ ဆက်လက် ရုန်းကန်နေဆဲပါပဲ။

manutd

Photo Credit : Goal

မန်ယူ ကစားသမားဟောင်းကြီး နဗီးလ်ကိုယ်တိုင်ကပါ သူ့အသင်းဟောင်း မန်ယူက ဒီနှစ်ဘောလုံးရာသီထဲ Top 4 တောင်မက Top 5 စာရင်းထဲတောင် ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုသွားခဲ့ပါသေးတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီးတော့ “သူတို့မှာက ထူးချွန်တဲ့ လူငယ် ကစားသမားလေးတွေ အများကြီး ရှိပါတယ်။ မေးခွန်းထုတ်စရာ ရှိတာကတော့ အထောင်တိုက်စစ် ကစားသမား နဲ့ သီယာဂို ဆေးလ်ဗားသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် သူ့နေရာအတွက် ဘယ်လို အစားထိုးမလဲဆိုတာပါ။

neville cfc

Photo Credit : Sky Sports

“ချယ်လ်ဆီးက တိုက်စစ်မှူးတစ်ဦး နဲ့ နောက်ခံလူတစ်ဦး ထပ်ဖြည့်လိုက်မယ်ဆိုရင် သူတို့အသင်းက အဆင့်ရပ်တည်မှုတွေ ပြန်တက်လာပါလိမ့်မယ်။ သူတို့အနေနဲ့ ငွေကြေးသုံးစွဲမှု တစ်ဘီလီယံလောက်အထိ သုံးစွဲထားခဲ့တာတောင်မှ ကစားသမားသစ် (၂)ဦးလောက်တော့ ထပ်မံ ခေါ်ယူရပါဦးမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ မန်ယူ နဲ့ ချယ်လ်ဆီးအသင်းတို့က ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၀) နဲ့ အဆင့် (၁၁)နေရာတို့မှာ ရပ်တည်နေကြပြီး နှစ်သင်းကြားမှာလည်း ရမှတ် (၁)မှတ်သာ ကွာဟလျက် ရှိနေရပါတယ်။

Featured Photo : Sky Sports