ချောကလက်တွေကို ကြိုက်နှစ်သက်လို့ဖြစ်စေ၊ အချိုပွဲအနေနဲ့ဖြစ်စေ အသက်အရွယ်မရွေး စားသုံးကြပါတယ်။ ဈေးကွက်မှာလည်း အရသာမျိုးစုံ၊ တံဆိပ်မျိုးစုံ ရွေးချယ်နိုင်ပါတယ်။ ချောကလက် မျိုးစုံ ရှိတဲ့ အထဲကမှ အနက်ရောင် ချောကလက် ဟာ ကွီးတို့ရဲ့ ကျန်းမာရေး ကို များစွာအထောက်အကူပြုတယ်ဆိုတာ သိပါသလား။

ချောကလက် ကျန်းမာရေး

Photo : Best Life

အနက်‌ရောင် ချောကလက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းကို Cacao အပင်ရဲ့ အစေ့မှထုတ်လုပ်ထားသောကြောင့် ကွီးတို့အလွယ်တကူ ရှာဖွေနိုင်သောအကောင်းဆုံး Antioxidants အရင်းအမြစ်များထဲမှတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သိပ္ပံနည်းကျ လေ့လာထားတဲ့ လေ့လာချက်များအရ အနက်‌ရောင် ချောကလက် ဟာကွီးတို့ရဲ့ ကျန်းမာရေး အပေါ် ဘယ်လိုအထောက်အကူပြုသလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

(၁) နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်

ချောကလက် ကျန်းမာရေး

Photo : SciTechDaily
ကွီးတို့ရေ အနက်ရောင်ချောကလက်မှာရှိတဲ့ ဒြပ်ပေါင်းများက LDL ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။ ရေရှည်တွင် ၎င်းက သွေးလွှတ်ကြောများအတွင်း ကိုလက်စထရောများ လျော့နည်းစေကာ နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။ လေ့လာမှုများစွာအရ Flavanol ကြွယ်ဝသော ကိုကိုး သို့မဟုတ် ချောကလက်ကို စားသုံးခြင်းက သွေးဖိအားကို လျော့ကျစေပြီး နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် ချောကလက် ၃ ကြိမ်စားခြင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ ၉ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။

(၂) ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်

ချောကလက် ကျန်းမာရေး

Photo : Mapping Ignorance

အနက်‌ရောင် ချောကလက်ကို စားခြင်းက ကွီးတို့ရဲ့ ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး အယ်လ်ဇိုင်းမားရောဂါနှင့် အမျိုးသားတွေမှာ ပိုပြီးအဖစ်များလေ့ရှိတဲ့ ပါကင်ဆန်ရောဂါကဲ့သို့သော အာရုံကြောဆိုင်ရာ ယိုယွင်းပျက်စီးမှုအခြေအနေများကို ကာကွယ်ပေးနိုင်ပါတယ်။ ၂၀၁၈ မှာပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုရဲ့ တွေ့ရှိချက်အရ အနက်ရောင်ချောကလက်မှာပါတဲ့ Flavanols တွေဟာ အထူးသဖြင့် ဒဏ်ရာနဲ့ ရောဂါတွေကို တုံ့ပြန်ရာမှာ ဦးနှောက်ရဲ့ သူ့ကိုယ်သူ ပြန်လည်ဖွဲ့စည်းနိုင်မှုဖြစ်တဲ့ ဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

(၃) သွေးတိုးရောဂါ ကိုလျှော့ချပေးနိုင်ပါတယ်

Dark Chocolate

Photo : Eat This, Not That

အနက်‌ရောင် ချောကလက် ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများထဲက နောက်တစ်ခုကတော့ သွေးတိုးရောဂါကို လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။ အနက်ရောင်ချောကလက်မှာပါတဲ့ Flavanols တွေက ခန္ဓာကိုယ်ထဲမှာ နိုက်ထရစ်အောက်ဆိုဒ်ကို လှုံ့ဆော်ပေးပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်က သွေးကြောများကို ကျယ်စေခြင်း၊ သို့မဟုတ် ကျယ်လာစေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးဖိအားကို ကျဆင်းစေပါတယ်။ ၂၀၁၅ ခုနှစ် လေ့လာမှုတစ်ခုက အမျိုးအစား ၂ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါရှိသူ ၆၀ နဲ့ ချောကလက်စားသုံးမှုရဲ့ အကျိုးသက်ရောက်မှုများကို လေ့လာခဲ့ပါတယ်။ ၈ ပတ်ကြာ နေ့စဉ် အနက်ရောင် ချောကလက် ၂၅ ဂရမ် စားသုံးတဲ့ သူတွေဟာ အဖြူရောင် ချောကလက် တူညီတဲ့ ပမာဏ စားသုံးသူတွေထက် သွေးဖိအား သိသိသာသာ လျော့ကျနေကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

(၄) ရောင်ရမ်းခြင်းကို သက်သာစေပါတယ်

Dark Chocolate

Photo : Health Digest

အနက်‌ရောင် ချောကလက်မှာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိရှိသော ဒြပ်ပေါင်းများ ပါဝင်ပါတယ်။ အသေးစားလေ့လာမှုတစ်ခုအရ အမျိုးအစား ၂ ဆီးချိုရောဂါရှိသူများအတွက် တစ်နေ့လျှင် အနက်ရောင်ချောကလက် ၃၀ ဂရမ်ရဲ့ ၈၄ ရာခိုင်နှုန်းကို ၈ ပတ်ကြာ စားသုံးခြင်းက ရောင်ရမ်းမှုကို သိသိသာသာလျော့ကျစေကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ ဆီးချိုရောဂါရှိသူများကိုကုသမှုမှာ အသုံးပြုရန် အကောင်းဆုံးသော အနက်ရောင် ချောကလက်ပမာဏကို သိရှိဖို့အတွက်ကတော့ လေ့လာစမ်းသပ်မှုတွေ လိုအပ်သေးတယ်လို့ ဆိုထားပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အနက်‌ရောင် ချောကလက် ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အနက်ရောင် ‌ချောကလက်က စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတဲ့ အပြင် အခြားသော အကျိုးကျေးဇူးတွေလည်းများစွာ ရရှိနိုင်ပါတယ်။

Source : Medical News Today

Featured Photo : Dark Chocolate