ချောဆီဆိုတာကို ကွီးတို့ဘယ်လို နားလည်ထားပါသလဲ။ Lube လို့ခေါ်တဲ့ ချောဆီ တွေဟာ လိင်အင်္ဂါစိုစွတ်မှုကို မြှင့်တင်ပေးတဲ့ အသုံးဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ချောမွေ့မှုနဲ့ သာယာတဲ့ လိင်မှုဆိုင်ရာ အထိအတွေ့အရသာကို ပေးစွမ်းပါတယ်။ ဒါတင်မကသေးပါဘူး လိင်မှုဘဝနဲ့ကျန်းမာရေးအတွက်လည်း အများကြီး ကောင်းကျိုးပြုပါသေးတယ်။ သို့သော် အများစုကတော့ အတူနေချိန်မှာ ချောဆီသုံးဖို့ မကြာခဏမေ့လျော့နေတက်ကြသလို ချောဆီသုံးတာနဲ့ ပတ်သတ်ပြီးလည်း အသိနည်းကြပါတယ်။ လိင်ဆက်ဆံတဲ့အခါ ချောဆီတွေကို မဖြစ်မနေအသုံးပြုစရာမလိုပေမယ့်လည်း ချောဆီသုံးတာက ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချောဆီနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာအကြောင်းတွေ ၊ ချောဆီသုံးဖို့ လက်တွန့်နေတဲ့ ကွီးတို့အတွက် ချောဆီရဲ့ အသုံးဝင်ပုံတွေကို ရှင်းပြပေးချင်ပါတယ်။
(၁) ချောဆီကို ဘယ်သူမဆို / ဘာအတွက်မဆို အသုံးပြုနိုင်တယ်
Photo : Durex Canada
ချောဆီ တွေကို ယေဘုယျအားဖြင့် ရေ ၊ ဆီနဲ့ ဆီလီကွန် အခြေခံဆိုပြီး ၃မျိုး၃စား ထုတ်ပါတယ်။ ချောဆီတွေကို အရွယ်ရောက်ပြီး သူတိုင်း ကျား/မ မရွေး အသက်အရွယ်အပိုင်းအခြားမရွေး အသုံးပြုနိုင်သလို အတူနေချိန်မှ မဟုတ်ပဲ တစ်ကိုယ်ရည်အာသာဖြေမှု အတွင်းမှာလည်း သုံးနိုင်ပါတယ်။ လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ်မှာ ခံစားမှုပိုကောင်းစေတဲ့ မည်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းကိုမဆို ချောဆီတွေကို လိမ်းပေးနိုင်ပြီး လိင်ဆက်ဆံရာမှာနဲ့ တစ်ကိုယ်ရည်အာသာဖြေရာမှာ အသုံးပြုတဲ့ တုန်တုန် ခေါ် Sex Toy တွေမှာလည်း လိမ်းကျံအသုံးပြုနိုင်ပါတယ်။
(၂) ခံစားမှု ပိုကောင်းစေတယ်
Photo : www.self.com
တချို့သော အမျိုးသမီးတွေမှာ သဘာဝစိုစွတ်မှု အားနည်းပြီး မိန်းမကိုယ်ခြောက်သွေ့မှုပြဿနာ ရှိတက်ပါတယ်။ ဒီလိုအခြေအနေမှာ ချောဆီ တွေဟာ တော်တော်လေးကို အသုံးဝင်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ချောဆီဟာ လိင်အင်္ဂါခြောက်သွေ့မှုကို လျော့ချပေးပြီး စိုစွတ်မှုမြှင့်တင်ပေးတဲ့အတွက် လိင်ဆက်ဆံစဉ်မှာ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတက်တဲ့ ပူစပ်ပူစပ်လောင်ဖြစ်တာ ၊ မသက်မသာခံစားရတာတွေကို သက်သာစေနိုင်ပြီး သာယာချောမွေ့တဲ့ ခံစားမှု အထိအတွေ့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၃) ပန်းဖူးလေးနဲ့ ကစားတဲ့အခါ လွယ်ကူချောမွေ့စေတယ်
Photo : HealthShots
Anal Sex (စအိုဖြင့်ဆက်ဆံခြင်း) သို့မဟုတ် အနောက်တံခါးဆီ အလည်သွားတဲ့အခါမှာ ချောဆီ တွေကတော့ လုံးဝမပါမဖြစ်ပါပဲ။ အမျိုးသမီးတွေရဲ့ ပန်းဖူးလေးဟာ မိန်းမကိုယ်ကဲ့သို့ သဘာဝချောဆီကို အလုံအလောက် ထုတ်မပေးနိုင်ပါဘူး။ ဒီအတွက်ကြောင့် ကွီးတို့ ပါတနာရဲ့ ပန်းဖူးလေးနဲ့ကစားတဲ့အခါ တနည်းအားဖြင့် အနောက်တံခါးဆီ အလည်သွားတဲ့အခါမှာ တင်းကျပ်မှုတွေ ပြေလျော့ဖို့နဲ့ ချောချောမွေ့မွေ့ ၊ သာသာယာယာ ခရီးရောက်နိုင်ဖို့ ဆီချောတွေကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။
(၄) လုံခြုံစိတ်ချမှု ပိုရှိစေတယ်
Photo : Miss Malini
ချောဆီ တွေဟာ လိင်ဆက်ဆံစဉ်မှာ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပွန်းပဲ့ဒဏ်ရာ အနာတရ ဖြစ်မှုတွေကို လျော့နည်းစေတဲ့အတွက် HIV အပါအဝင် လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ပိုမိုကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း လိင်ဆက်ဆံတဲ့အခါ ပိုပြီးလုံခြုံစိတ်ချမှု ရှိစေဖို့နဲ့ မရည်ရွယ်ပဲ ကိုယ်ဝန်ရနိုင်ခြေကို ကာကွယ်နိုင်ဖို့ ကွန်ဒုံးတွေကိုတော့ မဖြစ်မနေ အသုံးပြုပေးဖို့ လိုပါတယ်။ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံစဉ်မှာ ချောဆီသုံးပေးမယ်ဆိုပါက ကွန်ဒုံးပေါက်ပြဲတာ ၊ ဆက်ဆံနေချိန်အတွင်း ကွန်ဒုံးကျွတ်ထွက်တာ စတဲ့ပြဿနာတွေကို လျော့နည်းစေပါလိမ့်မယ်။ ကွန်ဒုံးနဲ့ ဆက်ဆံတဲ့အခါ ရေ သို့မဟုတ် ဆီလီကွန်အခြေခံ ချောဆီတွေကို အသုံးပြုပေးပါ။ ဆီအခြေခံ ချောဆီတွေက ကွန်ဒုံးပေါက်ပြဲတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလောက်ဆို ချောဆီနဲ့ပတ်သတ်တဲ့ ကောင်းတဲ့အချက်တွေ ၊ ချောဆီရဲ့ အသုံးဝင်ပုံတွေကို သိသွားလောက်ပြီ ထင်ပါတယ်။ ကွီးတို့ရော အတူနေချိန်မှာ ချောဆီတွေကို သုံးဖြစ်ပါရဲ့လား???
Featured Photo : Insider