၂၀၀၀ ပြည့်လွန်နှစ်တွေက ပရီးမီးယားလိဂ်အပြောင်းအရွှေ့ဈေးကွက်မှာ ချဲလ်ဆီးအသင်းဟာ ကြေးအမြင့်ဆုံး ကစားသမားတွေခေါ်တဲ့ ထိပ်သီးအသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ ရုရှားသူဌေး အေဗရာမိုဗစ်ချ်ရဲ့ ပုံစံသစ်အပြောင်းအလဲမှာ အသင်းဟာ ငွေပုံအောသုံးမှုနဲ့အတူ အောင်မြင်မှုအလီလီလည်း ရလာခဲ့ပါတယ်။

ရုရှား-ယူကရိန်းအရေးအခင်းရဲ့ သက်ရောက်မှုအဖြစ် ချဲလ်ဆီးအသင်းကို နှစ် ၂၀ နီးပါး ပိုင်ဆိုင်ခဲ့တဲ့ အေဘရာမိုဘစ်ချ်ဟာ အခုတော့ အသင်းကို လက်လွှဲရောင်းချဖို့ ဖြစ်လာပါတယ်။ ချဲလ်ဆီးအသင်းကို ဘယ်သူပိုင်သွားမလဲ မသိရသေးပေမယ့် အသင်းသားတွေအတွက် ပေးထားတဲ့ လစာက ကစားသမားပေါ်လိုက်ပြီး ပေါင်သန်းဆယ်ဂဏန်းအထိ ပေးထားပါတယ်။

Chelsea

Photo : footballtransfers

အသင်းသားတွေရဲ့ တစ်နှစ် လုပ်ခလစာ ဟာ နောက်တက်လာမယ့် အသင်းပိုင်ရှင်သစ်လက်ထက်မှာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ လော လောဆယ် Spotrac ရဲ့ ၂၀၂၂ ခုနှစ် မတ်လအထိ ရတဲ့ ချဲလ်ဆီးအသင်း က ပေးထားတဲ့ တစ်နှစ်လုပ်ခ လစာအကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) Romelu Lukaku (၂၈ နှစ်) တစ်နှစ်လစာ ပေါင် ၁၆.၉ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၆)
(၂) N’Golo Kante (၃၀ နှစ်) တစ်နှစ်လစာ ပေါင် ၁၅.၁ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၃)
(၃) Timo Werner (၂၅ နှစ်) တစ်နှစ်လစာ ပေါင် ၁၄.၁ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၅)
(၄)Saul Niguez (၂၆ နှစ်) တစ်နှစ်လစာ ပေါင် ၁၀.၃ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၂)
(၅) Ben Chilwell (၂၄ နှစ်) တစ်နှစ်လစာ ပေါင် ၉.၉ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၅)
(၆) Kepa Arrizabalaga (၂၆ နှစ်) တစ်နှစ်လစာ ပေါင် ၈ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၅)
(၇) Cesar Azpilicueta (၃၂ နှစ်) တစ်နှစ်လစာ ပေါင် ၇.၈ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၂)
(၈) Kai Havertz (၂၂ နှစ်) တစ်နှစ်လစာ ပေါင် ၇.၈ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၅)
(၉) Mateo Kovacic (၂၇ နှစ်) တစ်နှစ်လစာ ပေါင် ၇.၈ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၄)
(၁၀) Christian Pulisic (၂၃နှစ်) တစ်နှစ်လစာ ပေါင် ၇.၈ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၄)
(၁၁) Callum Hudson-Odoi (၂၀ နှစ်) တစ်နှစ်လစာ ပေါင် ၆.၂ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၄)
(၁၂) Jorginho (၂၉ နှစ်) တစ်နှစ်လစာ ပေါင် ၅.၇ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၃)
(၁၃) Thiago Silva (၃၆ နှစ်) တစ်နှစ်လစာ ပေါင် ၅.၄ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၃)
(၁၄) Marcos Alonso (၃၀နှစ်) တစ်နှစ်လစာ ပေါင် ၅.၂ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၃)
(၁၅) Antonio Rudiger (၂၈ နှစ်) တစ်နှစ်လစာ ပေါင် ၅.၂ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၂)
(၁၆) Hakim Ziyech (၂၈ နှစ်) တစ်နှစ်လစာ ပေါင် ၅.၂ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၅)
(၁၇) Mason Mount (၂၂ နှစ်) တစ်နှစ်လစာ ပေါင် ၄.၆ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၄)
(၁၈) Andreas Christensen (၂၅ နှစ်) တစ်နှစ်လစာ ပေါင် ၄.၁ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၂)
(၁၉) Ruben Loftus-Cheek (၂၅ နှစ်) တစ်နှစ်လစာ ပေါင် ၃.၁ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၄)
(၂၀) Reece James (၂၁ နှစ်) တစ်နှစ်လစာ ပေါင် ၃ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၅)
(၂၁) Edouard Mendy (၂၉ နှစ်) တစ်နှစ်လစာ ပေါင် ၂.၇ သန်း (စာချုပ်သက်တမ်းကုန်မယ့်နှစ် ၂၀၂၅)

Photo : The Chelsea Chronicle

ဒါတွေကတော့ ချဲလ်ဆီးအသင်း ရဲ့ ကစားသမား တစ်ဦးချင်းအလိုက် တစ်နှစ်စာ လုပ်ခလစာဖြစ်ပြီး တစ်ပတ် လုပ်ခအရဆို Romelu Lukaku ဟာ တစ်ပတ် ပေါင် ၃၂၅၀၀၀ နဲ့ လစာအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Featured Photo : chelsea fc latest news