ချဲလ်ဆီးနောက်ခံကစားသမား ကူကူရယ်လာ ကတော့ အသင်းမှာရှိတဲ့လူတိုင်းက နည်းပြ ပိုချက်တီနို ရဲ့နောက်မှာ ရှိနေတယ်လို့ ထုတ်ဖော်ပြောကြား လာပါတယ်။

အာဂျင်တီးနားသား နည်းပြရဲ့အသင်းဟာ ရလဒ်တွေ ဆက်တိုက်ဆိုသလို ဆိုးရွားနေတဲ့အတွက် မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းမှာ ဝေဖန်မှုတွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေညက အက်စတွန်ဗီလာကို ၂-၂ ဂိုးနဲ့ သရေကစားနိုင်ခဲ့ခြင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်လယ်က အာဆင်နယ်အသင်းကို ၅-၀ ဂိုးပြတ် ရှုံးနိမ့်ခဲ့မှုအပေါ် ဖိအားတွေ လျှော့ကျသွားစေခဲ့ပါတယ်။

Cucurella and Pochettino

Photo : Metro

နည်းပြ ပိုချက်တီနို ကို အသင်းမှာ ဆက်နေစေချင်လားဆိုတဲ့ မေးခွန်းအပေါ်  ” ဟုတ်ကဲ့ အသေအချာပါပဲ။ ပွဲကစားချိန် ပထမပိုင်းအပြီးမှာ သူအကောင်းဆုံး စိတ်ခွန်အားဖြစ်စေတဲ့ စကားတွေ ပြောခဲ့သလို အသင်းရဲ့တုံ့ပြန်မှုကိုလည်း လူတွေအားလုံး မြင်တွေ့ခဲ့ ကြရပါတယ် ”

” ကျွန်တော်တို့ အနိုင်ရလဒ် မဖော်ဆောင်နိုင်ခဲ့တဲ့ ပွဲစဉ်တွေ အများကြီးပါ။ အဲ့ဒါက ပြိုင်ပွဲရဲ့ တစိတ်တပိုင်းပါပဲ။ ကျွန်တော်တို့မှာ အရည်အသွေးရှိပေမယ့် ကျွန်တော်တို့ ဘာလုပ်နိုင်တယ်ဆိုတာကို မပြနိုင်တာက ပိုကြီးတဲ့ ပြဿနာလို့ ကျွန်တော် ထင်ပါတယ် ”

” ကျွန်တော်တို့ ၅ ဂိုးပြတ်နဲ့ ရှုံးနေချိန်မှာ နည်းပြအနေနဲ့ ဘာမှလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါက ကစားသမားတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ပဲ သက်ဆိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ စကားပြောဆိုနိုင်မှု စွမ်းရည်တွေရှိပြီး အသင်းကလည်း သူ့ကို ထောက်ခံအားပေးပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ် ”

Cucurella

Photo : Metro

” ကျွန်တော်တို့အားလုံး သတင်းပတ်တိုင်းမှာ တိုးတက်လာဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ တူညီတဲ့ အဆင့်အတန်းမျိုးမှာ ရှိနေဖို့နဲ့ အနိုင်ရဖို့ လိုအပ်တာကြောင့် အချိန်တိုင်းမှာ တူညီတဲ့ သဘောထား ရှိရပါမယ်။ ကျွန်တော်တို့ အားလုံးတစုတစည်းတည်း ရှိနေရင် ကောင်းမွန်တဲ့အရာတွေကို ဖန်တီးနိုင်မှာပါ ” လို့ နောက်ခံလူ ကူကူရယ်လာ ပြောကြားသွားခဲ့ပါတယ်။

Featured Photo : Tribuna.com