အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်လ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့် အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ချဲလ်ဆီး ပရိသတ်တွေ တက်ရောက်ကြည့်ရှုနိုင်အောင် အစိုးရနဲ့အတူ အလုပ်လုပ်နေတယ်လို့ သိရပါတယ်။

FA Cup

Photo: The Sun

ချဲလ်ဆီးအသင်းပရိသတ်တွေအနေနဲ့ ဧပြီလ ၁၆ ရက်နေ့ ဝင်ဘလေမှာ ကစားမယ့်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခွင့်ရမှာလားဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ရှိနေခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုချမှတ်ထားတာကြောင့် လက်မှတ်ရောင်းချခွင့် ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ မစ်ဒယ်ဘရော့နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ရေးဗားဆိုဒ်ကွင်းကို လက်မှတ်ခွဲတမ်း ၄၅၀၀ ရရှိခဲ့တဲ့အထဲက ၅၀၀ သာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီလက်မှတ်တွေကလည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ မပြုလုပ်ခင်က ရောင်းချထားခဲ့တာဖြစ်ပါတယ်။

Chelsea Player celebrated

ချဲလ်ဆီးအသင်းဟာ ပရိသတ်အင်အားနည်းပါးခဲ့ပေမယ့်လည်း လာမယ့်လ ဆီမီးဖိုင်နယ်ပွဲစဉ်တက်ရောက်နိုင်အောင် ၂-၀ နဲ့ အနိုင်ရလဒ် ရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိ ရရှိထားတဲ့ အထူးလည်ပတ်ခွင့်လိုင်စင်အရ နောက်ထပ် လက်မှတ်တစ်ခုမှ ရောင်းချခွင့်ရှိမှာမဟုတ်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်ဖ်အေက အစိုးရအနေနဲ့ ခွင့်ပြုချက်ပေးလိမ့်မယ်လို့ မျှော်လင့်နေပြီး ဝင်ဘလေမှာ ပရိသတ်များများ တက်ရောက်ကြည့်ရှုဖို့ မျှော်မှန်းထားတာကြောင့် ချဲလ်ဆီးအသင်းပရိသတ်တွေကို လက်မှတ်ရောင်းချပေးနိုင်ဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။

Featured Photo: Metro