အက်စ်တန် ဗီလာနောက်ခံကစားသမား အက်ရှ်လေ ယန်းက စနေနေ့ညက ဗီလာပါ့ခ်မှာ အာဆင်နယ်အသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း မြောက်လန်ဒန်ကလပ်အသင်းရဲ့အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

Saka scored against Aston Villa

Photo: Reuters

အာဆင်နယ်ဟာ ပထမပိုင်းမှာ ဆာကာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပေမယ့်လည်း အာတီတာရဲ့ခံစစ်ဟာ ပွဲစဉ်တလျှောက်လုံး ကျစ်လစ်နေခဲ့တာကြောင့် ပေးဂိုးမရှိနိုင်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ပွဲအပြီး အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၅၀ ကျော် ပါဝင်ကစားပေးခဲ့တဲ့ အက်ရှ်လေ ယန်းက အစာမကြေဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အက်ရှ်လေ ယန်းက အလွန်အကျူးအောင်ပွဲခံခဲ့တဲ့ အာဆင်နယ်ကစားသမားတွေကို ပြစ်တင်ကြိမ်းမောင်းလိုက်တာဖြစ်ပါတယ်။ “သူတို့တွေ အောင်ပွဲခံခဲ့တဲ့ပုံစံကို ခင်ဗျား မြင်ခဲ့တယ်မလား။ ရိုးရိုးသားသားပြောရရင် သူတို့တွေ မသိရင် ပရီးမီးယားလိဂ်ဖလားရသွားသလိုပဲ။ ဒါပေမယ့် အဲဒါက သူတို့တွေ အနိုင်ရဖို့ ခက်ခဲခဲ့တယ်ဆိုတာ ပြသနေတာပဲ”

Arsenal players celebrated

Photo: Talksport

“ကျွန်တော်တို့ ဥရောပဝင်ခွင့်နေရာတွေမှာ ရှိနေချင်တယ်။ ကျွန်တော်တို့အသင်းကို အဲဒီနေရာပြန်ရောက်အောင် လုပ်ပေးချင်တယ်။ အားလုံးကလည်း အသင်းကို ဥရောပဝင်ခွင့်ပြန်ရအောင်လုပ်ပေးချင်တဲ့ရည်မှန်းချက်ရှိကြတယ်။ အဲဒီတော့ ကျွန်တော်တို့အိမ်ကွင်းက လာကစားဖို့ ခက်ခဲတဲ့နေရာဖြစ်အောင် လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ပွဲတွေလည်း ရချင်ပါတယ်။ သူတို့တွေ အောင်ပွဲခံခဲ့တဲ့ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီး အဲဒါက ကျွန်တော်တို့ရဲ့အဆင့်အတန်းကို ပြသနေတာပဲ”

“အာဆင်နယ်က လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဒီလို အောင်ပွဲခံတာမျိုး ကျွန်တော် မမြင်တွေ့ခဲ့ရပါဘူး။ မသိရင် သူတို့တွေ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲသွားသလိုပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro