ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ စိတ်ဖိစီးစရာများကို ဖြစ်ပေါ်စေတဲ့ အရာတွေကို မေ့ပျောက်အောင် ပြုလုပ်ခြင်း (သို့) အာရုံလွှဲခြင်းပဲ ဖြစ်ပါတယ်။ အာရုံလွှဲဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဂိမ်းဆော့ခြင်းပဲ ဖြစ်ပါတယ်။ ဖရီးဆော့လို့ရတဲ့ ဂိမ်းနှင့် ပိုက်ဆံပေးကာ ဆော့ရတဲ့ ဂိမ်းဆိုပြီး အမျိုးမျိုးရှိတဲ့အနက် ချွေတာ ချင်တဲ့ ကွီး တို့အတွက် Free ဆော့လို့ရတဲ့ ဂိမ်း တွေက အကောင်းဆုံးပါပဲ။
ချွေတာ စုဆောင်း သူဌေးလောင်း ကွီး တို့အတွက် ပိုက်ဆံ (လုံးဝ) မကုန်စေမယ့် ဂိမ်း တွေကတော့…
Genshin Impact
ဒီဂိမ်းကတော့ The Legend of Zelda: Breath of The Wild ဂိမ်းကိုမှ အဆင့်ထပ်မြင့်လိုက်တဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ဒီဂိမ်းကို ဆော့ကစားမယ့် ကွီးတို့ကတော့ ကမ္ဘာသစ်တစ်ခုကို စူးစမ်းလေ့လာပြီး ပစ္စည်းများကို စုဆောင်းကာ လယ်ဗယ်တစ်ခုစီ မြင့်သွားတဲ့အခါမှာတော့ ကာရိုက်တာ လေးမျိုးကို စုပေါင်းကာ ဆော့ကစားနိုင်ပါတယ်။ ဂိမ်းရဲ့ Story Line ကလည်း စိတ်ဝင်စားဖို့ကောင်းပြီး ကွီးတို့ကို ဆော့ရတာ မပျင်းရလေအောင် ဖန်တီးပေးနိုင်ပါတယ်။
My Friend Pedro: Ripe for Revenge
ဒီဂိမ်းလေးကတော့ ခုန်ပျံကျော်လွှားကာ ဆော့ကစားရမယ့် ဂိမ်းအမျိုးအစားပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဆော့ကစားချင်တယ်ဆိုရင်တော့ My Friend Pedro: Ripe for Revenge ကို ရွေးချယ်နိုင်ပါတယ်။ Additional Game Mode နဲ့ ဆော့ကစားချင်သူများကတော့ ၃ ဒေါ်လာ အကုန်အကျခံကာ ဆော့ကစားနိုင်ပါတယ်။ ဒါပေမဲ့လည်း ပိုက်ဆံမကုန်ဘဲ ဒီအတိုင်း ဆော့မယ်ဆိုရင်လည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
Rocket League Sideswipe
ဒီဂိမ်းလေးကတော့ ဘောလုံးကို ဂိုးထဲ ဝင်အောင် ဂိုးသွင်းရမယ့် ဂိမ်းပဲဖြစ်ပါတယ်။ Graphic ပိုင်းက အမှန်အကန်ကို လှပတာဖြစ်တဲ့အတွက်ကြောင့် လက်မလွတ်တမ်း ဆော့ကစားသင့်ပါတယ်။ ဂိမ်းလေးကတော့ ဆော့ကစားရတာ ရိုးရှင်းပါတယ်။ ဒုံးပျံကားကို အသုံးပြုပြီး ဘောလုံးကို ဂိုးထဲ ဝင်အောင် ပစ်သွင်းရမှာပါ။
Slayaway Camp: Free 2 Slay/Friday the 13th: Killer Puzzle
သည်းထိတ်ရင်ဖို ဂိမ်းမျိုးကိုမှ ဆော့ကစားချင်တယ်ဆိုတဲ့ ကွီးတို့အတွက် ဒီဂိမ်းလေးကို ရွေးချယ်သင့်ပါတယ်။ ကွီးတို့က ပဟေဠိများကို ဖြေရှင်းနိုင်ပြီး Level တစ်ခု မြင့်သွားပြီဆိုတာနဲ့ ကွီးတို့ရဲ့ သားကောင်ကို ဂိမ်းက ဖယ်ရှင်းပစ်လိုက်မှာပဲ ဖြစ်ပါတယ်။
Call Of Duty Mobile
ဂိမ်းချစ်သူများအကြား နောက်ထပ် ရေပန်းစားတဲ့ ဂိမ်းတစ်ခုကတော့ Call Of Duty Mobile ပဲဖြစ်ပါတယ်။ ကစားသူများအနေနဲ့ 5v5 ဆော့ကစားနိုင်ပြီး ကိုယ့်ရဲ့ မိုဘိုင်းလ်ဖုန်းနဲ့တင် ဆော့ကစားနိုင်တာဆိုတော့ ကွီးတို့က ဘယ်နေရာမှာ ရောက်ရောက် ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ ဖိုက်တင်ပလေးရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့ကတော့ ဒီဂိမ်းကို ရွေးချယ်နိုင်ပါတယ်။
Source: Denofgeek
Featured Image: