မိုဘိုင်းလ်ဂိမ်း အလန်းစားတွေကို အမြဲရှာဖွေပြီး ဂိမ်းကစားတတ်တဲ့ ကွီးတို့ရှိပါသလား။ အခုဆိုရင် စမတ်ဖုန်းတွေကလည်း စွမ်းဆောင်ရည် မြင့်မားလာတာကြောင့် ကွီးတို့ ဂိမ်းတွေကစားတဲ့ အခါမှာလည်း တကယ်ကို အဆင်ပြေလာစေပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကောင်းမွန်တဲ့ Graphics တွေနဲ့ မိုဘိုင်းလ်ဂိမ်း တွေကလည်း အပြိုင်အဆိုင် ပေါ်ထွက်လာပါတယ်။ ဒီနေ့မှာတော့ စာရေးသူက ကွီးတို့ကို iOS ရော Android မှာပါ ကစားနိုင်တဲ့ အမိုက်စား မိုဘိုင်းလ်ဂိမ်း တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Marvel Snap

Source : Marvel Snap

ဂိမ်းဝါသနာရှင် ကွီးတို့အတွက် အမိုက်စား မိုဘိုင်းလ်ဂိမ်း တွေကိုဖော်ပြတဲ့နေရာမှာ အရင်ဆုံး Marvel ပရိတ်သတ်တို့ သဘောကျစေမဲ့ Marvel Snap နဲ့ စလိုက်ရအောင်။ ဒီဂိမ်းက Marvel ပရိသတ်တွေအတွက် ကတ်ဂိမ်းတစ်ခုဖြစ်ပေမယ့် လူတိုင်းအကြိုက်တွေ့စေမဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ကွဲပြားသော ကတ်များနဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းကစားနိုင်ပြီး Marvel ဇာတ်ကောင်အမြောက်အမြားဖြင့် မပျင်းစေဘဲ ရိုးရှင်းသော်လည်း စွဲလမ်းစေတဲ့ ဂိမ်းတစ်ခုပါ။

(၂) Sniper 3D

Source : Touch Game Play

အက်ရှင်မိုဘိုင်းဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ အကြိုက်တွေ့စေမဲ့ တတ်တတ်ကြွကြွနဲ့ စိတ်လှုပ်ရှားဖွယ် ကစားရမဲ့ သေနတ်ပစ် ကစားနိုင်တဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကွီးတို့ကိုယ်တိုင် အလန်းစား Sniper သမားတစ်ယောက်အဖြစ် ကစားနိုင်ပြီး အမိုက်စား Sniper ရိုင်ဖယ်မျိုးစုံ ကိုလည်း ရွေးချယ်နိုင်တဲ့အတွက် ကစားလို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပဲ ဖြစ်ပါတယ်။

(၃) Among Us

Source : TapGamePlay

ကွီးတို့ကို ထပ်ပြီးဖော်ပြချင်တဲ့ Among Us ကလည်း အမိုက်စား မိုဘိုင်းလ်ဂိမ်းတစ်ခုပါပဲ။ ဒီဂိမ်းမှာ ထွက်ခွာရန်အတွက် အာကာသယာဉ်ကို ပြင်ဆင်ရာတွင် ကစားဖော်များနှင့် ပူးပေါင်းပါ။ သို့သော် ရန်သူပါတာကြောင့် အတုအယောင်ကို သတိထားပါ။ ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ အမှန်တကယ် စိတ်ဝင်စားဖွယ် ကောင်းတာကြောင့် တစ်ခါလောက်တော့ ကစားကြည့်ပါ။

(၄) Genshin Impact

Source : IGN

Genshin Impact ကိုတော့ ကွီးတို့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ဒီဂိမ်းက ၂၀၂၀ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ အက်ရှင် ဂိမ်းအမျိုးအစား ဂိမ်းတစ်ခု ဖြစ်ပြီး တော်တော်များများ အကြိုက်တွေ့ကြတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုလည်းဖြစ်ပါတယ်။ ဒီဂိမ်းကို တစ်ယောက်တည်းဖြစ်စေ၊၊ အုပ်စုလိုက်ဖြစ်စေ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ Graphics တွေနဲ့ အကောင်းဆုံး မိုဘိုင်းလ်များထဲက တစ်ခုဖြစ်တာကြောင့် မကစားမိရင် နောင်တရမှာတော့ အသေအချာပါပဲ။

(၅) Alto’s Odyssey

Source : Alto’s Adventure

ဂိမ်းဝါသနာရှင် ကွီးတို့ရေ မိုးကုတ်စက်ဝိုင်းကို ကျော်လွန်ပြီး ကျယ်ပြောလှတဲ့ ခမ်းနားထည်ဝါတဲ့ သဲကန္တာရထဲမှာ စူးစမ်းမှုတွေ မလုပ်ချင်ဘူးလား။ ဒါဆိုရင်တော့ Alto နဲ့သူငယ်ချင်းများနဲ့အတူ အဆုံးမရှိတဲ့ သဲကန္တာကြီးထဲကို ဖြတ်သန်းဖို အခုပဲ ပူးပေါင်းပါဝင်ပြီး ကစားလိုက်ပါ။

ကွီးတို့ရော အမိုက်စား မိုဘိုင်းလ်ဂိမ်းတွေထဲက ကွီးတို့မကစားမိရင် နောင်တရမှာလို့ တွေးမိလောက်အောက် သဘောကျတဲ့ ဂိမ်းရှိပါသလား။

Source : Pocket Tactics

Featured Photo : Pcinvasion