ဒီနှစ်နွေက ပူလိုက်တာကတော့ ပြောမနေပါနဲ့တော့။ နေကပူ မီးကပျက်နဲ့ ယပ်ခတ်ရလွန်းလို့ လက်မောင်းတွေလည်း ကြွက်သားတွေ ထွက်လာကုန်ပါပြီ။ ဒီကြားထဲမှာ ဆံပင်အုံထူတဲ့သူတွေ၊ ဆံပင်အရှည်ထားတဲ့ ကွီးတို့ကတော့ ချွေး တဒီးဒီးနဲ့ ကေ ပျက်မှာ အမှန်ပါပဲ။

နေကပူ၊ ချွေး က ထွက်နဲ့ ကေ ပျက်လာလို့ နောက်ဆုံး ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆံပင်ကေတွေနဲ့ ခေါင်မိုးလဲလိုက်ပါ။

ဒီဆံပင်ကေတွေကတော့ ပူအိုက်တဲ့ နွေရာသီမှာ ခေါင်မိုးအသစ်နဲ့ မိမိုက်ပြီး ဆွဲဆောင်မှုတိုးအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

အဖျားနားမှာ ဆံပင်ကောက်တဲ့ ကွီးတို့အတွက်

man hairstyle

တကယ်လို့ ကွီးတို့ရဲ့ ဆံပင်က အဖျားနား ကောက်နေပြီး မျက်နှာကျကလည်း လေးထောင့်စပ်စပ် မျက်နှာကျမျိုးဆိုရင်တော့ ဒီဆံပင်ကေနဲ့ လိုက်ဖက်ပါတယ်။ ဒီလိုစတိုင်လ်မျိုးကိုမှ နေကာမျက်မှန် တပ်လိုက်မယ်ဆိုရင်တော့ ရှယ်မိုက်သွားမှာ အသေအချာပါပဲ။

ကတုံးဆံပင်ပေါက်မျိုး ညှပ်မလား

man hairstyle

ကတုံး တုံးချင်လောက်အောင် ပူအိုက်တဲ့ ရာသီမှာ ကတုံး တုံးလိုက်လို့ စတိုင်လ် ပျက်သွားမှာကို စိုးရိမ်နေပါသလား။ ဒါဆိုရင်တော့ ဒီစတိုင်လ်မျိုး ညှပ်ပစ်လိုက်ပါ။ ပြောင်ရှင်းနေအောင် ကတုံး တုံးလိုက်တာမျိုးမဟုတ်ဘူးဆိုရင် ကေလည်း မပျက်၊ အအိုက်လည်း သက်သာသွားမှာပဲဖြစ်ပါတယ်။

အထာကျကျနဲ့ မိမိုက်ချင်ပါသလား

ချွေး ကေ

ဒါဆိုရင်တော့ ဒီဆံပင်ကေမျိုးကို ရွေးချယ်နိုင်ပါတယ်။ ကွီးတို့ကို Gentleman စတိုင်လ်နဲ့ တည်ကြည်ခန့်ငြားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်သွားပြီပေါ့။

မတိုမရှည် ဆံပင်စတိုင်လ်မျိုးကို နှစ်သက်တာလား

ချွေး ကေ

ဒီဆံပင်ကေနဲ့ ရှိုးထုတ်နိုင်ပါတယ်။ ဆံပင်အုံထူတဲ့ ကွီးတို့ကတော့ ဆံပင်အုံကို လုပ်ပါးခိုင်းလိုက်ပါ။ ဒါမှ ဒီနွေနဲ့ အဆင်ပြေမှာဖြစ်ပါတယ်။

ဆံထုံးတော်ကြီး တမာသီး စတိုင်လ်မျိုး စမ်းကြည့်ချင်ပါသလား

ချွေး ကေ

ဒါဆိုရင်တော့ ဘေးနှစ်ဖက်ကို ခပ်တိုတို ပါးပါး ညှပ်ထားပြီး အလယ်ပိုင်းက ဆံပင်တွေကိုတော့ စုချီထားကာ ဆံထုံး ထုံးထားလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်စတိုင်လ်က ထိုင်းမင်းသားလို ဖက်ရှင်ကျသွားမှာပဲဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းလို စတိုင်လ်မျိုးလား

ချွေး ကေ

ကွီးတို့က လူကြီးဆန်ဆန်နဲ့ ဖက်ရှင်ကျချင်ပါသလား။ ဒါဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုးကို ရွေးညှပ်လိုက်ပါ။ ဆံပင် အရှေ့ဖျားနားကို အပေါ်သို့ ထောင်ထား ဘေးနှစ်ဖက်ကိုတော့ ခပ်ပါးပါး ညှပ်ထားတာပဲဖြစ်ပါတယ်။

တိုတို ပါးပါး ညှပ်ချပြီး ဆံပင် အရောင်ဆိုးမလား

ချွေး ကေ

အခုခေတ် လူငယ်တွေ ဆံပင် အရောင်ဆိုးတာကတော့ ထူးဆန်းတဲ့ အရာမဟုတ်ပါဘူး။ ကွီးတို့လည်း အထာကျကျနဲ့ မိမိုက်နေချင်တယ်ဆိုရင်တော့ ဒီလိုစတိုင်လ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

ကပိုကရို ဆံပင်စတိုင်လ်

ချွေး ကေ

ခေါင်း ခဏခဏ မဖြီးချင်တဲ့ ကွီးတို့ကတော့ ဒီလိုဆံပင်စတိုင်လ်မျိုးကို ညှပ်သင့်ပါတယ်။ ကပိုကရို စတိုင်လ်နဲ့ မိန်းမပျိုလေးတွေကို ညှို့ယူဖမ်းစားချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဆံပင်စတိုင်လ် တစ်မျိုးပဲဖြစ်ပါတယ်။

လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး စတိုင်လ်

ချွေး ကေ

ကွီးတို့က လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး စတိုင်လ်မျိုး ဖမ်းချင်တယ်ဆိုရင်တော့ ဒီလိုစတိုင်လ်မျိုးက အကောင်းဆုံးပါပဲ။ ကွီးတို့ရဲ့ အသက်က ဘယ်လောက်ပဲ အသက်ကြီးနေပါစေ ကွီးတို့ကို ဆယ်ကျော်သက်အလား အထင်မှားသွားရလောက်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။​

ကွီးတို့ရော နွေနေပူမှာ ချွေး တဒီးဒီးနဲ့ ကေ မပျက်ဖို့အတွက် လောလောဆယ်မှာ ဘယ်ဆံပင်စတိုင်လ်ကို ရွေးထားပါသလဲ။

Source: Byrdie

Featured Image: City Magazine