တစ်ချိန်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး ချန်ပီယံလိဂ်မှာ ဝင်ကစားခဲ့ဖူးတဲ့ လက်စတာက ၂၀၂၂-၂၃ ရာသီမှာပဲ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပေမယ့် ချန်ပီယံရှစ်မှာ တစ်ရာသီပဲ ကျင်လည်လိုက်ရပြီး ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာနိုင်ခဲ့ပါတယ်။ လက်စတာကို အခုလို တန်းတက်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူကတော့ နည်းပြ အန်ဇို မာရက်စကာ ပဲ ဖြစ်ပါတယ်။

maresca

Photo Credit : LCFC

အသက် (၄၄)နှစ်သာ ရှိသေးတဲ့ အီတလီသား နည်းပြ မာရက်စကာ က ခေသူတော့ မဟုတ်ပါ။ ကမ္ဘာကျော် ဘောလုံးနည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာနဲ့ လက်တွဲခဲ့ဖူးသလို မန်ချက်စတာ စီးတီး လူငယ်အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ နောက်ပြီး သူက ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့တဲ့ ဘောလုံးရာသီမှာလည်း မန်စီးတီးအသင်းက ချန်ပီယံလိဂ် + ပရီးမီးယားလိဂ် + အက်ဖ်အေ ဖလား(၃)လုံးလုံးကို တစ်ရာသီတည်း ပိုင်ဆိုင်ခဲ့ရင်း မန်စီးတီးအတွက် သမိုင်းဝင် အောင်ပွဲကြီးပါ ဖြစ်ခဲ့ရပါသေးတယ်။

enzo maresca skysports

Photo Credit: Sky Sports

ဒီလို မှတ်တမ်းကောင်းတွေ ရှိနေတဲ့ လူငယ်နည်းပြ မာရီစကာ က အခုတော့ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာခဲ့ပါပြီ။ ပိုချက်တီနိုလို နည်းပြမျိုးကို တစ်ရာသီတည်းပဲ အချိန်ပေးခဲ့ပြီး ကန်ထုတ်ပစ်ခဲ့တဲ့ ချယ်လ်ဆီးက ပိုချက်တီနိုနေရာအတွက် မာရီစကာနဲ့ အစားထိုးလိုက်တာက ချယ်လ်ဆီး ပရိသတ်တွေကို အူကြောင်ကြောင်တော့ ဖြစ်စေမှာ သေချာပါတယ်။ လက်စတာနည်းပြအဖြစ် တစ်ရာသီတည်းသာ ဆောင်ရွှက်ဖူးပြီး ပါးမားမှာလည်း တစ်နှစ်တောင် မပြည့်ခဲ့သလို ဂွာဒီယိုလာ လက်ထောက်အဖြစ် တစ်ရာသီသာ တာဝန်ယူခဲ့ဖူးတဲ့ မာရီစကာရဲ့ နည်းပြအတွေ့အကြုံတွေက ချယ်လ်ဆီးလို ပုံရိပ်ကြီးမားတဲ့ အသင်းမျိုးကို တာဝန်ယူဖို့အတွက် အလွန် စိန်ခေါ်မှု များပြားနေနိုင်ပါတယ်။

enzo maresca pochettino boehly

Photo Credit: Transfermarket

ဒါပေမယ့် ချယ်လ်ဆီးရဲ့ ပူးတွဲပိုင်ရှင်တွေ ပူးတွဲဒါရိုက်တာတွေကတော့ မာရီစကာ ဟာ သူတို့သွားချင်နေတဲ့ ပရောဂျက်နဲ့ အံ့ဝင်ခွင်ကျ ဖြစ်နိုင်မယ်လို့ ယုံကြည်ထားကြသလို ချယ်လ်ဆီးဆိုတာကလည်း အီတလီလူမျိုး ဘောလုံးနည်းပြတွေရဲ့ အောင်မြေလို ဖြစ်နေတာကြောင့် မာရီစကာကို ယုံယုံကြည်ကြည်နဲ့ နည်းပြရာထူး ပေးအပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ လာမယ့် ဘောလုံးရာသီသစ်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲထဲ ဂတုံးနည်းပြ အရေအတွက်တွေက ပိုများလာပြီဖြစ်လို့ ဘယ်ဂတုံးကများ အထူးခြားဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Featured Photo: Clutch Points