နိုင်ငံတကာ ပွဲစဉ်တွေ ရပ်ဆိုင်းသွားချိန်မှာတော့ ဘောလုံး ပရိသတ်တွေအတွက် ကလပ်အသင်းတွေရဲ့ ပွဲကြီးပွဲကောင်းတွေက စောင့်ကြိုနေပါတယ်။ ဒီနေ့ တစ်နေ့တည်းမှာတင် မာဆေးဆိုက်ဒါဘီ လန်ဒန်ဒါဘီတို့လို ပွဲကောင်းတွေ တန်းစီလို့နေပြီး ဒီထဲကမှ ချယ်လ်ဆီး နဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ်အကြောင်းကို တင်ဆက်ပေးချင်ပါတယ် ကွီးတို့ရေ။
Photo Credit : Chelsea Football Club
ဒီပွဲက ဒီနေ့ည (၁၁)နာရီအချိန်မှာ ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်တွင် ကစားပါမယ်။ မနှစ်က ဘောလုံးရာသီမှာတော့ နှစ်ကျော့လုံးကို အာဆင်နယ်က အနိုင်ရထားခဲ့ပါတယ်။ လက်ရှိ အခြေအနေအရဆိုရင်လည်း အာဆင်နယ်က ချယ်လ်ဆီးထက်ကို သာလွန်နေပါတယ်။ ကစားသမား အင်အားချင်း ယှဉ်မယ်ဆိုရင် ချယ်လ်ဆီးက ပိုသာနိုင်တယ်လို့ ထင်ရပေမယ့် အာတီတာရဲ့ အာဆင်နယ်အသင်းက စနစ်တကျ ဖွဲ့စည်းထားတာ နှစ်အနည်းငယ် ရှိနေပြီဖြစ်တဲ့အပြင် ဒီရာသီမှာလည်း အသင်းရဲ့ form က အလွန်ကောင်းမွန်နေပြန်ပါတယ်။
Photo Credit : The Sun
ချယ်လ်ဆီးက လက်ရှိ ပြန်လည် တည်ဆောက်ဆဲ အသင်းဆိုပေမယ့် သူတို့မှာလည်း လုပ်အားနှုန်း ကောင်းမွန်တဲ့ ကစားသမားတွေက အများအပြား ရှိနေပါတယ်။ ဒီပွဲမတိုင်ခင်မှာလည်း ပြိုင်ပွဲစုံ (၃)ပွဲဆက်တိုက် အနိုင်ရထားတာကလည်း ဒီပွဲအတွက် ယုံကြည်မှုတွေ ပိုတိုးလာစေနိုင်ပါတယ်။ ဒါပေမယ့် ကြားမှာ နိုင်ငံတကာပွဲတွေ ဝင်ထားခဲ့တာမို့ ချယ်လ်ဆီးရဲ့ အရှိန်က အနည်းငယ် တန့်သွားနိုင်ပါတယ်။ အဓိက စောင့်ကြည့်သွားရမှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနို ဘယ်လို နည်းဗျူဟာတွေ ဘယ်လို လူထုတ်ပုံတွေနဲ့ ဒီပွဲကို ချဉ်းကပ်သွားမလဲဆိုတာကိုပါ။
Photo Credit : Opta Analyst
ဒီပွဲက ပီအက်စ်ဂျီမှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြဖူးတဲ့ ပိုချက်တီနို နဲ့ အာတီတာတို့ရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုအပြင် လုံးဝ ရှံးပွဲမရှိထားတဲ့ အသင်း နဲ့ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေရော ခြေစွမ်းတွေပါ အပေါင်းလက္ခဏဆန်လာတဲ့ အသင်းတို့ရဲ့ အကြိတ်အနယ် ပြိုင်ဆိုင်မှုကိုပါ မြင်တွေ့ရမှာပါ။ ချယ်လ်ဆီးအနေနဲ့ မနှစ်က အိမ်ကွင်းရှုံးကြွေး လက်ရှိ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း (၂)ပွဲဆက်တိုက် ရှုံးနိမ့်ထားမှုတွေကို ချေဖျက်ဖို့အတွက် အကောင်းဆုံး ကြိုးပမ်းလာနိုင်ပေမယ့် form ကောင်းနေတဲ့ အာဆင်နယ်ကို အမြင့်ဆုံး သရေတစ်မှတ်လောက်ပဲ မျှော်လင့်နိုင်မယ်လို့ ထင်မိပါတယ်။
Featured Photo : The Sun