အစားအစာများကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် မစားတဲ့အပြင် အထိုင်များပြီး လှုပ်ရှားမှု မရှိတဲ့အခါ ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာပါတော့တယ်။ ခြူခြာ နေတဲ့ ကွီးတစ်ယောက်အဖို့ ရူပါ ကလည်း ဘယ်လိုမှ လန်းနိုင်တော့မှာ မဟုတ်ပါဘူး။ ကောင်မလေးတွေကလည်း ခြူခြာ နေတဲ့ ဘဲတစ်ဗွေထက် ဗလတောင့်တောင့်နဲ့ ရူပါ လန်းတဲ့ ဘီးကျဲတွေကိုသာ သဘောတွေ့ကြတာပါ။

ကွီးတို့အနေနဲ့ မကြာခဏ နေမကောင်းဖြစ်တတ်ပြီး ခြူခြာနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း (၁)

ခြူခြာ ရူပါ

Photo: Gym Guider

ခြေထောက်ကို ပုခုံးအကျယ်ထက် အနည်းငယ် ပိုချဲထားပါ။ အလေးတန်းကို ပုခုံးပေါ်မှာ တင်ထားပြီးနောက် တင်ပါးကို နောက်ပစ်ကာ ထိုင် ထ ပြုလုပ်ပေးလိုက်ပါ။ စုစုပေါင်း ၅ ကြိမ်၊ ၅ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် ၁ မိနစ် နားပါ။

လေ့ကျင့်ခန်း (၂)

ခြူခြာ ရူပါ

Photo: Quora

လေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် ခုံတန်းရှည်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် အလေးတန်းကို လက်နှစ်ဖက်ကို နီးနီးကပ်ကပ်ထားပြီး ကိုင်ထားလိုက်ပါ။ ထို့နောက် အလေးတန်းကို အပေါ်သို့ ပင့်တင်ပေးရပါမယ်။ စုစုပေါင်း ၅ ကြိမ်၊ ၅ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် ၁ မိနစ် နားပါ။

လေ့ကျင့်ခန်း (၃)

ခြူခြာ ရူပါ

Photo: Menshealth

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး ဒူးအနည်းငယ် ကွေးထားပါ။ တင်ပါးကို နောက်ပစ်ပြီးနောက် အလေးတန်းကို တင်လိုက် ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၅ ကြိမ်၊ ၅ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် ၁ မိနစ် နားပါ။

လေ့ကျင့်ခန်း (၄)

ခြူခြာ ရူပါ

Photo: Menshealth

လက်နှစ်ဖက်ကို ပုံပါအတိုင်း တန်းပေါ်မှာ ခိုထားပြီးနောက် လက်မောင်းကြွက်သား အသုံးပြုကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၈ ကြိမ်၊ ၂ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် စက္ကန့် ၃၀ မှ ၄၅ စက္ကန့်ခန့်အထိ နားပါ။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း (၅)

Photo: Menshealth

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ အလေးတုံးကို ပုံပါအတိုင်း ကိုင်ထားပါ။ ထို့နောက် ဘေးဘက်သို့ ကားထုတ်လိုက်ပါ။ စုစုပေါင်း ၈ ကြိမ်၊ ၂ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် စက္ကန့် ၃၀ မှ ၄၅ စက္ကန့်ခန့်အထိ နားပါ။

လေ့ကျင့်ခန်း (၆)

လေ့ကျင့်ခန်း (၆)

Source: Yahoo Movies UK

Sit-ups လေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက်က အဆီပိုများကို ဖယ်ရှားပေးပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၂ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် ၂ မိနစ်ခန့် အနားယူပါ။

ပြီးတဲ့နောက်မှာတော့ လေ့ကျင့်ခန်း အစကနေ အဆုံးအထိကို စောစောက ပြုလုပ်ခဲ့တဲ့ ပုံစံအတိုင်း နောက်ထပ် ၂ ကျော့ခန့် ဆက်လက်ပြုလုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းတွေကို ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ မ ခြူခြာ တော့ဘဲ ရူပါ လန်းသွားမှာပဲ ဖြစ်ပါတယ်။

Featured Image: Freepik