ကွီးတို့ရဲ့ ခြေထောက် ကို အနည်းငယ်လောက် လှုပ် ပေးလိုက်ရုံနဲ့ ဗိုက်က အဆီပိုတွေ ပျောက်သွားပြီး Six-Pack နဲ့ ကြည့်ကောင်းလာမယ်ဆိုတာ မယုံမရှိပါနဲ့။ ဗိုက်မှာ ကြွက်သား အမြှောင်းမြှောင်းနဲ့ ကြည့်ကောင်းဖို့ ဘာခေတ်မှီ ပစ္စည်း ကိရိယာမှ မလိုအပ်ပါဘူး။ ဘာအလေးတုံးမှ မလိုဘဲ ကွီးတို့ရဲ့ ခြေထောက် တွေကို လှုပ် လိုက်ရုံနဲ့ Six-Pack တွေ ထွက်လာမှာပါ။

ခြေထောက်တွေကို ဘယ်လို လှုပ်ရမှာလဲ

ခြေထောက် လှုပ် Six-Pack

အဆင့် (၁) အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ခြေထောက်နှစ်ဖက်ကို ဆန့်တန်းထားပြီး လက်နှစ်ဖက်က ခန္ဓာကိုယ်ရဲ့ တစ်ဖက် တစ်ချက်မှာ ထားထားပါ။ ဒါမှမဟုတ် ပုံပါအတိုင်း နေရာမရွေ့နိုင်တဲ့ အထိန်းတစ်ခုခု ရှိရင်လည်း ထိုအရာကို လှမ်းကိုင်ထားနိုင်ပါတယ်။

အဆင့် (၂) အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်ပြီး ခြေထောက် နှစ်ဖက်ကို ဖြည်းဖြည်းချင်းစီ မြှောက်တင်လိုက်ပါ။

အဆင့် (၃) ခြေထောက်နှစ်ဖက်ကို ၉၀ ဒီဂရီ ထောင့် ရရှိအောင်လို့ မြှင့်တင်လိုက်ပါ။

တကယ်လို့ ကွီးတို့က အခုမှ လေ့ကျင့်ခန်း စလုပ်တဲ့ Beginner ဆိုရင်တော့ ခြေထောက် တစ်ဖက်တည်းနဲ့ အစပြုကာ စတင်လိုက်ပါ။ တဖြည်းဖြည်း ကျွမ်းကျင်လာပြီဆိုမှ ခြေထောက် နှစ်ဖက်ကို စုံမြှောက်လိုက်ပါ။

အဆင့် (၄) ထို့နောက် အသက်ကို ရှူသွင်းပြီး ကွီးတို့ ခြေထောက်ကို ကြမ်းပြင်ပေါ်သို့ ပြန်ချလိုက်ပါ။

ဒါဆိုရင်တော့ တစ်ကြိမ် ပြည့်သွားပါပြီ။

ရရှိမယ့် အကျိုးကျေးဇူးများ

ခြေထောက် လှုပ် Six-Pack

ဒီလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ရဲ့ ဝမ်းဗိုက် အပေါ်ပိုင်းနဲ့ အောက်ပိုင်း ကြွက်သားတွေကို ထိစေမှာဖြစ်ပြီး အဆီပိုတွေကို တဖြည်းဖြည်းချင်း ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ဒီအကျိုးကျေးဇူး တင်မကပါဘူး။ ကွီးတို့ရဲ့ ကျားစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် အချိန်မကျသေးဘဲ စောစောစီးစီး ပြီးမြှောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်ဆုံးသော အကျိုးကျေးဇူးကတော့ ကွီးတို့ရဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် အထူးကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်း တစ်ခုတည်း လုပ်ရုံနဲ့ လုံလောက်ပြီလား

man leg raise

ဒီလေ့ကျင့်ခန်း တစ်ခုတည်းကိုပဲ ၁၀ ကြိမ်၊ ၃ ကျော့လောက် ပြုလုပ်ပေးရင်ကိုပဲ ကွီးတို့အတွက် စောစောက ဖော်ပြခဲ့တဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ၉၀ ဒီဂရီ ပြည့်အောင် မမြှောက်နိုင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ၄၅ ဒီဂရီလောက် အရင် မြှောက်ပေးလို့ ရပါတယ်။ ခြေထောက် နှစ်ဖက်စလုံး စုံ မမြှောက်နိုင်သေးရင်လည်း ခြေထောက် တစ်ဖက်တည်းနဲ့တင် အစပြုနိုင်ပါတယ်။ အဓိကကတော့ အသက်ရှူသွင်း ရှူထုတ်ခြင်းကို မှန်မှန် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာပြီဆိုရင်တော့ ခြေထောက်မြှောက်ပြီး ဘယ် ညာ ယိမ်း တာမျိုးအထိပါ ပြုလုပ်နိုင်ပါသေးတယ်။

ကွီးတို့ရော ဝမ်းဗိုက်က အဆီပိုတွေကို ခြေထောက် လှုပ်ခါရင်း မချချင်ဘူးလား။

Source: Mensjournal

Featured Image: Muscleandfitness