အားလပ်ရက်တွေမှာ ဇာတ်ကားကောင်းတွေကို ရှာဖွေကြည့်ရှုပြီး အပန်းဖြေတတ်တဲ့ ကွီးတို့ ရှိပါသလား။ ရုပ်ရှင်ဇာတ်ကား တွေက ကျွန်တော်တို့ကို အပန်းပြေစေသလို၊ တွေးစရာတွေ၊ ခြောက်ခြားစရာတွေကိုလည်း တစ်ခါတစ်ရံ ပေးတတ်ပါတယ်။ ထိုအထဲမှာမှ ခြောက်ခြားစရာ Horror ရုပ်ရှင် အမျိုးအစားတွေကလည်း လူကြိုက်များတဲ့ ရုပ်ရှင် အမျိုးအစားတွေထဲမှာ ပါဝင်ပါတယ်။ ဒီလို Horror ရုပ်ရှင်ဇာတ်ကားတွေက တစ်ယောက်တည်း ကြည့်တာထက် ချစ်သူလေးနဲ့ အတူတူကြည့်တာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ရဲ့ ချစ်ရသူလေးကို ရင်ခွင်ထဲထည့်ပြီး ခြောက်ခြောက်ခြားခြား ကြည့်ရမဲ့ ဇာတ်ကား ကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

Unwelcome

Source : Warner Bros.

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ ခြောက်ခြောက်ခြားခြား နဲ့ ရယ်မောဖွယ်လည်း ကောင်းစေမဲ့ ဇာတ်ကား ကောင်းကတော့ Unwelcome ဆိုတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားကို အိုင်ယာလန် ရုပ်ရှင်ဒါရိုက်တာ Jon Wright က ရိုက်ကူးထားပါတယ်။ အိုင်ယာလန်ကျေးလက်သို့ ပြောင်းရွေ့လာတဲ့ ဇာတ်ဆောင်တွေက ၎င်းတို့ပတ်ဝန်းကျင်ရှိ တောအုပ်များတွင် လူသတ်မှင်စာများနဲ့ ကြုံတွေ့ရပြီး ဘယ်လိုထိတ်လန့်ဖွယ် ဇာတ်ကားကောင်း ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီကားကို လာမဲ့ ဇန်နဝါရီလ ၂၇ မှာ ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာ ဖြစ်ပါတယ်။

Winnie-the-Pooh: Blood And Honey

Source : Dread Central

Winnie-the-Pooh ဆိုတဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ချစ်စရာဇာတ်ကောင်လေးတွေနဲ့ ကာတွန်းကားလေးတွေကို ကွီးတို့‌တော်တော်များများ သိကြမှာပါ။ အခုဖော်ပြပေးမှာကတော့ ကျွန်တော်တို့ သိခဲ့တဲ့ ချစ်စရာကာတွန်းကားလေးနဲ့ မတူညီဘဲ အတွဲလိုက် လူသတ်သမား နဲ့ထိတ်လန့်စရာ Winnie-the-Pooh: Blood And Honey ဆိုတဲ့ ကားလေးပါပဲ။

The Mummy Resurrection

Source : Horror Brains

ဒီဇာတ်ကားလေးက ဗြိတိန် Horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားလေးကို အီဂျစ်ဇာတ်ကားတွေ၊ မံမီ ဇာတ်ကားကောင်းတွေကို ကြိုက်တဲ့သူတွေအတွက် သဘောကျစေမဲ့ ဇာတ်ကားကောင်းလေးပါ။ ဘယ်လို ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေနဲ့ ကွီးတို့အာရုံကို ဖမ်းစားမလဲဆိုတာကတော့ ဇာတ်ကားလေးမှာပဲ ဆက်လက်ရှုစားရမှာပါ။

M3GAN

Source : Universal Pictures

ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ ခြောက်ခြောက်ခြားခြား ကြည့်ရှုရမဲ့ ဇာတ်ကား ကောင်းတစ်ခုကတော့ M3GAN ဆိုတဲ့ ကားလေးပါပဲ။ ဒီကားလေးထဲမှာ ကလေးမလေးအတွက် အဖော်အဖြစ် ထားရှိပေးတဲ့ M3GAN ဆိုတဲ့ အရုပ်မလေးကို အကြောင်းပြုပြီး စိတ်ဝင်စားဖွယ်၊ ခြောက်ခြားထိတ်လန့်မှုတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

The Offering

Source : Rotten Tomatoes Indie

ဒီကားလေးမှာတော့ ဂျူးမိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားပြီးနောက်၊ Hasidic အသုဘ ဒါရိုက်တာတစ်ဦးရဲ့ သားဖြစ်သူက ၎င်းရဲ့ဖခင်နဲ့ ပြန်လည်သင့်မြတ်ရန် မျှော်လင့်ချက်ဖြင့် ကိုယ်ဝန်ဆောင်ဇနီးနှင့်အတူ အိမ်သို့ပြန်လာခဲ့ပါတယ်။ ထို့နောက် မမွေးရသော ကလေးလေးရယ်၊ လျှို့ဝှက်ဆန်းကြယ်သော အလောင်းတစ်လောင်းတို့နဲ့ ဘယ်လောက် ထိခြောက်ခြားဖွယ်ကောင်းမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

ကွီးတို့ရော…….ချစ်သူလေးကို ရင်ခွင်ထဲထည့်ပြီး ကြည့်ရှုခံစားဖို့ အရင်ဆုံး ဘယ်ဇာတ်ကားကို ရွေးချယ်ချင်ပါသလဲ။

Source : Movie Fone

Featured Photo : IMDb