၂၀၂၂ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားကောင်းတွေ တော်တော်များများ ထွက်ခဲ့ပါတယ်။ ဒီထဲကနေ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေကို ရွေးထုတ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘာလို့ဆို ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကောင်းတွေ တကယ့်ကိုအများကြီးပဲ ထွက်ခဲ့လို့ပါ။ ဒါပေမယ့်လည်း စာရေးသူအနေနဲ့ အရဲစွန့်ပြီး ၂၀၂၂ ခုနှစ် ထဲမှာ ထွက်ခဲ့သမျှ ရုပ်ရှင်ဇာတ်ကားတွေထဲက ကြည့်လို့ကောင်းတဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကား ၅ ကားကို ရုပ်ရှင်ဝါသနာအိုးတွေအတွက် ရွေးချယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

(၁) All Quiet on the Western Front

Source : Netflix

စစ်ကားကောင်းကောင်း ကြည့်ချင်သူတွေ အတွက်ပါ။ ဒီဇာတ်ကားဟာ ပထမကမ္ဘာစစ်ရဲ့ အထင်ကရ အနောက်ပိုင်းစစ်မြေပြင်က တိုက်ပွဲတွေအကြောင်းကို ထိထိမိမိရိုက်ပြထားတဲ့ War/Drama ဂျာမန်စစ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း အနောက်ပိုင်းစစ်မြေပြင်မှာရှိတဲ့ ဂျာမန်စစ်သားလေးတစ်ဦးအပါအဝင် စစ်သားတွေရဲ့ သွေးပျက်ဖွယ် စစ်မြေပြင် အတွေ့အကြုံတွေနဲ့ ဆင်းရဲဒုက္ခတွေကို ခံစားကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb RATING 7.8/10 ရရှိထားပါတယ်။

(၂) The Northman

Source : Focus Features

The Northman ကတော့ ဗိုက်ကင်းခေတ်ကို ပုံဖော်ထားတဲ့ Action/Adventure ဒဏ္ဍာရီဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဗိုက်ကင်းမင်းသားငယ်ဟာ သူ့ရဲ့ဖခင်ဖြစ်သူကို လုပ်ကြံသတ်ဖြတ်ပြီး ထီးနန်းလုယူသွားခဲ့တဲ့ ရန်သူတော်ကြီးအတွက် လက်စားပြန်ချေဖို့ ကြိုးပမ်းသွားမှုတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ဒီ ရုပ်ရှင်ဇာတ်ကား ဟာ ထင်ထားတာထက် ပိုစိတ်ဝင်စားဖို့ကောင်းပြီး IMDb RATING 7.1/10 ရရှိထားပါတယ်။

(၃) Top Gun: Maverick

Source : Paramount Pictures

မင်းသားကြီး Tom Cruise ပါဝင်သရုပ်ဆောင်ထားတဲ့ ကမ္ဘာကျော် Top Gun (1986) ရုပ်ရှင်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကို ထွေထွေထူးထူး ညွှန်းမနေတော့ပါဘူး။ Top Gun (1986) ကို ကြည့်ဖူးတဲ့ ရုပ်ရှင်ပရိသတ်တွေကတော့ Top Gun: Maverick ဇာတ်ကားကိုလည်း သေချာပေါက်ကြည့်သင့်ပါတယ်။ ဒီဇာတ်ကားဟာ IMDb RATING 8.4/10 အထိ ရရှိထားပါတယ်။

(၄) Everything Everywhere All at Once

Source : A24

မင်းသမီး Michelle Yeoh အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ထူးထူးခြားခြား သိပ္ပံစိတ်ကူးယဉ်/စွန့်စားခန်း အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ Multiverse တွေအကြောင်းကို ဟာသခန်းတွေ စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ကားပါ။ ဒီဇာတ်ကားဟာလည်း IMDb RATING 7.4/10 ရရှိထားပါတယ်။

(၅) Elvis

Source : Warner Bros. Pictures

ဂီတသမိုင်းတလျှောက်က အောင်မြင်ကျော်ကြားဆုံး အမေရိကန် ဂီတပညာရှင် Elvis Presley ရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Musical/Drama ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ကား ဖြစ်ပါတယ်။ Elvis Presley ရဲ့ ကလေးဘဝကစလို့ ဂီတနဲ့ရုပ်ရှင်စတားတစ်ယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ ဘဝဖြတ်သန်းမှုတွေကို ရသမြောက်အောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မင်းသားကြီး Tom Hanks ၊ မင်းသား Austin Butler နဲ့ မင်းသမီးချော Olivia DeJonge တို့လို နာမည်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး IMDb RATING 8.1/10 ရရှိထားပါတယ်။

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ၂၀၂၂ ခုနှစ် ထဲမှာ ထွက်ခဲ့သမျှ ရုပ်ရှင်ဇာတ်ကား ကောင်းတွေထဲက အကောင်းဆုံး ဇာတ်ကားတချို့ကို ရွေးချယ်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ထွက်ခဲ့တဲ့‌ ရုပ်ရှင်ကားတွေထဲမှာ နောက်ထပ်စိတ်ဝင်စားစရာ ဇာတ်ကားကောင်းတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားတွေထဲက ကွီးတို့အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေရှိရင်လည်း ကော်မန့်မှာ မျှဝေပေးခဲ့ပါဦး။

Featured Photo : Netflix