ပြီးခဲ့တဲ့ တနင်းလာနေ့က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး အသင်းလက်မဲ့ ဖြစ်သွားတဲ့ မေဆန် ဂရင်းဝုဒ် ကို နည်းပြ စတီဗင် ဂျရတ်က သူရဲ့ လက်ရှိကလပ် အယ်လ် အီတီဖာအသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာမှုအပေါ် ဂျရတ်ကိုယ်တိုင်က ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

mason greenwood

Photo Credit : TEAMtalk

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းက ချစ်သူ မိန်ကလေးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ဖမ်းဆီး ထိန်းသိမ်းခံရရင်း အမှုများစွာနဲ့ စွဲချက်တင်ခံရပေမယ့်လည်း နောက်ပိုင်းမှာ အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမှုကနေ လွတ်မြောက်လာတဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက်ဘက်က အသင်းမှာ ချက်ချင်း နေရာမပေးသေးပဲ စစ်ဆေးမှုတွေ ထပ်မံ လုပ်ဆောင်နေရင်း ပြီးခဲ့တဲ့ တနင်းလာနေ့မှသာ ဂရင်းဝုဒ် နဲ့ ပတ်သက်ပြီး အတိအလင်း ဆုံးဖြတ်ချက် ချမှတ်ပြီး နှစ်ဖက်လုံးက လက်တွဲဖြုတ်လိုက်ဖို့ကိုသာ ရွေးချယ်လိုက်ပါတယ်။

mason

Photo Credit : Goal

ဂရင်းဝုဒ်အနေနဲ့ ယူနိုက်တက်နဲ့ လမ်းခွဲလိုက်ချိန် တခြားသော အင်္ဂလန် ကလပ်အသင်းတွေဆီ ပြောင်းရွှေ့မယ်ဆိုရင် သူ့ကို ခေါ်တဲ့ ကလပ်အသင်းက မန်ယူနိုက်တက်အသင်း ရင်ဆိုင်ရမယ့် အရာတွေကို လွှဲပြောင်းရယူသလို ဖြစ်လာမယ့်အပြင် ဂရင်းဝုဒ် ဟာလည်း လှောင်ပြောင်မှုတွေ ဝေဖန်မှုတွေနဲ့ ထပ်မံ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဂရင်းဝုဒ်က ပြည်ပမှာသာ ထွက်ကစားရဖို့ ရှိနေပြီး သူ့ကို ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ် အီတီဖာအသင်းကလည်း ဂရင်းဝုဒ်ကို တစ်နှစ်လုပ်ခ ပေါင် (၁၀)သန်းအထိ ပေးချေသွားဖို့ပါ ကမ်းလှမ်းထားတယ်ဆို သတင်းထွက်လာပါတယ်။

Al-Ettifaq Greenwood Roma

Photo Credit : The Sun

ဒါပေမယ့် ဒီသတင်းတွေ အယ်လ် အီတီဖာအသင်း နည်းပြ ဂျရတ်က သတင်းအမှားတွေလို့ တုံ့ပြန်ခဲ့ပြီး ဂရင်းဝုဒ်နဲ့ သတင်းတွေအပေါ် မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဒါ့အပြင် ရိုးမားအသင်းကလည်း ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝမဝင်စားဘူးလို့ သတင်းထွက်လာခဲ့ပြန်ပါတယ်။ မိန်းကလေးတစ်ဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ထားခဲ့ဖူးတဲ့ ကစားသမားကို ခေါ်ယူမယ်ဆိုရင် နောက်ဆက်တွဲ ပြသာနာတွေပါ ဆက်တိုက် ကြုံလာရနိုင်တာကြောင့် ဂရင်းဝုဒ် ရဲ့ ဘောလုံးသမားဘဝက ဘယ်လို အခြေအနေမျိုးနဲ့ ဆက်လက် ဖြတ်သန်းရနိုင်မလဲဆိုတာ ရင်လေးစရာ ဖြစ်နေရပါတယ်။

Featured Photo : The Sun