ဒီနေ့ခေတ်မှာ ဂိမ်းဝါသနာရှင်တွေရဲ့ Gaming Experience ကို တဆင့်မြှင့်ပေးမယ့် နည်းပညာမြင့် ပစ္စည်းလေးတွေ အများကြီး ပေါ်ထွက်လာနေပါပြီ။ ဂိမ်းတွေကို ပုံမှန်ဆော့နေကျထက် ပိုမိုက်တဲ့ အတွေ့အကြုံအသစ် ၊ ခံစားမှုအသစ်အဆန်းတွေကို လိုချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် Gadgets အမိုက်စားတွေက လုံးဝကွက်တိကျစေမှာပါ။ ကွီးတို့က ဂိမ်းတွေကို စွဲစွဲလမ်းလမ်း ဆော့ရတာကြိုက်နှစ်သက်တဲ့ ဂိမ်းဆရာကြီးတစ်ယောက်ဆိုတာ သေချာတယ်ဆိုရင် ဒီပစ္စည်းလေးတွေ ဝယ်ကိုဝယ်ထားသင့်ပါတယ်။
(၁) Cybershoes – A step into Virtual Reality Games

Photo : Conrad.com
Virtual Reality ဂိမ်းတွေနဲ့ တွဲကစားရမယ့် ဖိနပ်လေးပါ။ Cybershoes လေးက VR ဂိမ်းတွေထဲမှာ ရွေ့လျားနိုင်တဲ့ ဖိနပ်တွေအဖြစ် အလုပ်လုပ်ပေးမှာဖြစ်ပြီး သာမန်ထက်ပိုအထာကျတဲ့ ဇာတ်ကောင်ကာရိုက်တာကို အပြည့်အဝ ခံစားနိုင်မယ့် အမိုက်စား Gaming Experience ကိုပေးပါလိမ့်မယ်။
(၂) Govee Glide Y Lights

အမိုက်စား Gaming Room လေးတစ်ခု ဖန်တီးချင်တာ ဂိမ်းဆရာကြီးတိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ။ အထူးသဖြင့် ရောင်စုံမီးတွေနဲ့ အထာကျနေတဲ့ အခန်းလေးမှာ စတိုင်ကျကျ ဂိမ်းဆော့ရတဲ့ ဖီးလ်က ဘာနဲ့မှလဲလို့ မရနိုင်ပါဘူး။ ဒီအတွက် Govee ကထုတ်လိုက်တဲ့ Y Lights အလှဆင်မီးတန်းလေးတွေ ရှိပါတယ်။ မီးရောင်တွေကို ကိုယ့်စိတ်ကြိုက် DIY Mode ဖန်တီးနိုင်သလို ဂိမ်း Audio ပေါ်မူတည်ပြီး အရောင်တွေပြောင်းတာ ၊ Voice/App Control အလုပ်လုပ်နိုင်တာ ၊ 40+ Scene Modes တွေပါတာစတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ Features တွေ အများကြီးပါပါတယ်။
(၃) LG UltraGear – RGB Gaming Speaker

Photo : LG NEWSROOM
LG ရဲ့အမိုက်စား Gaming Speaker ပါ။ ကွီးတို့ စိတ်ကြိုက်ပြောင်းနိုင်တဲ့ RGB မီးတွေ ပါရှိသလို 3D Surround အသံစနစ် ၊ ကောင်းမွန်တဲ့ အသံကွာလတီ ၊ RTS/FPS Mode ၊ ဆူညံ့သံတွေ လျော့ချပေးမယ့် Built-in Microphone နဲ့ အမိုက်စား Bass အသံထွက်ကို ခံစားရင်း ဂိမ်းတွေကို ရှယ်ကစားနိုင်မှာ ဖြစ်ပါတယ်။
(၄) Razer Kishi Gaming Controller
Photo : IGN Middle East
စမတ်ဖုန်းဂိမ်းချစ်သူတွေအတွက် Razer ရဲ့အမိုက်စား Gaming Controller ဖြစ်ပါတယ်။ ကျစ်လစ်ပေါ့ပါးပြီး လှပသေသပ်တဲ့ ဒီဇိုင်းနဲ့ Android ရော iPhone နဲ့ပါ တွဲပြီး ကစားနိုင်မှာဖြစ်ပါတယ်။ ခေါက်ချိုးလို့ရတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတဲ့အတွက် ဘယ်နေရာသွားသွား အလွယ်တကူ သယ်ဆောင်သွားလို့ရသလို ဘက်ထရီမပါဝင်တဲ့အတွက် ပေါ့ပါးမှုကလည်း အပြည့်ရှိပါတယ်။ နောက်ထပ်အားသာချက်ကတော့ Kishi Gaming Controller တပ်ပြီး ဂိမ်းကစားနေချိန်မှာ ဖုန်းကိုတိုက်ရိုက်အားသွင်းထားလို့ရတာပါပဲ။ Controller မှာ စမတ်ဖုန်းကို အားသွင်းနိုင်တဲ့ USB Type C အပေါက်ပါပါတယ်။
Featured Photo : LG NEWSROOM

