ချယ်လ်ဆီးအသင်းက ဒီနွေမှာ ကစားသမား အဝင်အထွက်တွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်ခဲ့တဲ့ အသင်းလည်းဖြစ်ပြီး အသင်းတိုင်း အလိုရှိနေကြတဲ့ ကိုင်စီဒို လာဗီယာ အန်ကွန်ကူတို့လို ကြယ်ပွင့် ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းကိုလည်း ပရီးမီးယားလိဂ် အတွေအကြုံ့ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြ ပိုချက်တီနိုကိုပါ နည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့ပါသေးတယ်။

jackson

Photo Credit : Sky Sports

ပိုချက်တီနိုရဲ့လက်အောက် ချယ်လ်ဆီးအသင်းက ရာသီကြိုကာလအတွင်း ရလဒ်တွေ ဆက်တိုက် ကောင်းမွန်ခဲ့ပြီး ရာသီကြို ဖိတ်ခေါ်ဖလားတွေပါ ပိုင်ဆိုင်ခဲ့တာကြောင့် ဒီရာသီမှာ ချယ်လ်ဆီးကို စောင့်ကြည့်ရလိမ့်မယ်လို့ အားလုံးက သုံးသပ်လာကြပါတယ်။ တကယ့် ဘောလုံးရာသီအစမှာလည်း လီဗာပူးလ်ကို အကောင်းဆုံး ယှဉ်ကစားရင်း (၂)ဂိုးစီ သရေကျခဲ့တယ်။ ဝက်စ်ဟမ်းကို ရှုံးခဲ့ပေမယ့်လည်း ကစားပုံအရ ကောင်းမွန်ခဲ့တယ်။ အဆုံးသတ် မသေချာလို့သာ ရှုံးခဲ့ရတယ်။ တန်းတက် လူတန်ကို ဂိုးပြတ်သမတယ်။

pochettino

Photo Credit : Chelsea FC

အဲ့ဒီအချိန်ထိ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးနည်းပြ အစပိုင်းက သိပ်ပြသာနာ မရှိသေးပေမယ့် အဲ့ဒီနောက်မှာ ဇာတ်လမ်းက စလာခဲ့တယ်။ နော်တင်ဟမ်ကို အိမ်ကွင်းမှာ ရှုံးတယ်။ ဘုန်းမောက်နဲ့ အဝေးကွင်းမှာ ဂိုးမရှိသရေ။ အခုနောက်ဆုံး အိမ်ကွင်းမှာပဲ အက်စတွန် ဗီလာကို ထပ်ရှုံးတယ်။ အဲ့ဒီ (၃)ပွဲလုံး ချယ်လ်ဆီးတိုက်စစ်က တစ်ဂိုးမှ မသွင်းခဲ့ဘူး။ ဂိုးသွင်းခွင့်တွေ ရရှိသလောက် ရလာတဲ့ အခွင့်အရေးတိုင်းမှာ အဆုံးသတ်ပိုင်း ညံ့ဖျင်းလွန်းနေတာက ချယ်လ်ဆီးရဲ့ အဓိက ပြသာနာ ဖြစ်နေရသလို နည်းပြ ပိုချက်တီနိုရဲ့ ခေါင်းမာမှုကလည်း အသင်းအတွက် ပိုဆိုးလာခဲ့ပါတယ်။

cfc

Photo Credit : The Athletic

တကယ်ဆို ချယ်လ်ဆီးက ဒီရာသီထဲ ဘာဥရောပပွဲမှ မကစားရလို့ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ထားနိုင်သင့်ပါလျက်နဲ့ အခုလို (၆)ပွဲကစား (၁)ပွဲတည်းနိုင် (၃)ပွဲအထိ ရှုံးနိမ့်ထားတာက အသင်းနည်းပြ ပိုချက်တီနိုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေတယ် ဆိုပေမယ့်လည်း ချယ်လ်ဆီးရဲ့ ကစားသမားအင်အားက နည်းနည်းနောနော မဟုတ်ပါဘူး။ ဒါကို ပိုချက်တီနိုအနေနဲ့ လူမှန် နေရာမှန် ကစားကွက်မှန်မှန်နဲ့ သေချာ အသုံးပြနိုင်မယ်ဆိုရင် ချယ်လ်ဆီးရဲ့ ရလဒ်တွေ ပြန်လည် ကောင်းမွန်လာလိမ့်မယ်လို့ ယူဆမိပါတယ်။

Featured Photo : Goal