ပျင်းရိနေတဲ့အချိန်မှာ ဂီတာ လေး တစ်လုံး နဲ့ သီချင်း ဆိုပြီး စိတ်ပြေလက်ပျောက် ဖြစ်အောင် အချိန်ကုန်ဆုံးချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်းကောင်းများကို ရွေးချယ်ပြီး ဂီတာ လေး တစ်လုံးနဲ့ သီချင်း ကောင်းများကို လေ့ကျင့်ကြည့်လိုက်ပါ။

ဘယ်လို သီချင်းများက ဂီတာ တစ်လုံးနဲ့ သီချင်း ညီးလို့ကောင်းမလဲဆိုတာ အတူတူ လေ့လာကြည့်လိုက်ရအောင်။

(၁) Everything I wanted By Billie Eilish

Source: Billie Eilish

Billie Eilish ရဲ့ ပြောကြားချက်အရ ဒီသီချင်းလေးက သူ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမလို လုပ်တုန်းက သူ့မောင်လေးက သူ့ကို ကူညီခဲ့ရတဲ့အတွက်ကြောင့် ဒီသီချင်းလေးက သူ့မောင်လေးကို ကျေးဇူးတင်တဲ့အနေနဲ့ ရွေးဖွဲ့ထားတာပဲဖြစ်ပါတယ်။

(၂) Dance Monkey By Tones & I

Source: Tones & I

ဒီသီချင်းလေးကတော့ သွယ်ဝိုက်ပြီး ရေးဖွဲ့ထားပြီး အဓိပ္ပါယ်တွေ အများကြီး ပြည့်နှက်နေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။​ ဒီသီချင်းလေးက အဆိုတော်တွေ အနုပညာရှင်တွေရဲ့ ပရိသတ်တွေအပေါ် ဖျော်ဖြေပေးနေရတဲ့ အကြောင်းကို သီဆိုထားတာပဲဖြစ်ပါတယ်။

(၃) The Suburbs By Arcade Fire

Source: Arcade Fire

ဒီသီချင်းကတော့ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဂီတာလေးတစ်လုံးနဲ့ တီးပြီး သီဆိုလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ထဲမှာ သူလည်း ပါပါတယ်။​

(၄) Times Like These By Foo Fighters

Source: Foo Fighters

ဒီသီချင်းလေးကတော့ မျှော်လင့်ချက်နဲ့ အချစ်အကြောင်းကို သီဆိုထားတာပဲဖြစ်ပါတယ်။​ ဒါ့အပြင် ဘဝသံသရာ အကြောင်း၊ ကောင်းခြင်း ဆိုးခြင်းတို့ ဒွန်တွဲနေတာကို သိဆိုထားတာပဲဖြစ်ပါတယ်။

(၅) Circles By Post Malone

Source: Post Malone

ဒီသီချင်းရဲ့ အဓိပ္ပါယ်ကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ သံသရာလည်နေတဲ့ အချစ်စက်ဝန်းအကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

(၆) Video Games By Lana Del Rey

Source: Lana Del Rey

Lana Del Rey ရဲ့ Video Games သီချင်းကလည်း နားထောင်လို့ ကောင်းပြီး ဂီတာလေးနဲ့ဆိုရင်လည်း သီဆိုလို့ကောင်းပါတယ်။

(၇) IDGAF By Dua Lipa

Source: By Dua Lipa

Dua Lipa ရဲ့ သီချင်းကောင်းတွေထဲက အမိုက်စား သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပေမယ့် အခုချိန်ထိ လူကြိုက်များပါတယ်။

(၈) Viva La Vida By Coldplay

Source: Coldplay

ဒီသီချင်းကတော့ ၂၀၀၈ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပြီး ယနေ့ထိလည်း လူကြိုက်များနေဆဲပါပဲ။ သီချင်း ခေါင်းစဥ်လေးကတော့ စပိန်ဘာသာနဲ့ ရေးသားထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ အသက်ရှည်ရှည် နေခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

(၉) Without Me By Halsey

Source: Halsey

ဒီသီချင်းလေးက ၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။​ သီချင်းလေးက အသည်းကွဲ သီချင်းလေးဆိုတော့ ဂီတာလေးနဲ့ ဆွေးလို့ကောင်းပါတယ်။

(၁၀) All of Me By John Legend

Source: John Legend

ကွီးတို့ရဲ့ ရှော်တီလေးအတွက် တစ်ခုတစ်ရ သီဆိုဖျောက်ဖြေပေးချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကို နားဆင် ခံစားကြည့်ပြီး လေ့ကျင့်ကြည့်လိုက်ပါ။ ကွီးတို့အပေါ်မှာ အချစ်တွေ တိုးလာမှာပါ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွေထဲက ဘယ်သီချင်းကို သဘောကျပါသလဲ။

Source: Musicgateway

Featured Image: Superacpov.live