စိတ်ညစ်နေတဲ့ အချိန်မှာ မြူးမြူးကြွကြွ သီချင်း ကောင်းလေးတွေကို နားထောင်ပြီး ကခုန် လိုက်မယ်ဆိုရင် ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ချက်ချင်းကို ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။ ဒါသည် သီချင်း နားထောင်ခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများထဲက တစ်ခုပဲဖြစ်ပါတယ်။

သီချင်းနားထောင်ခြင်းက ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲသွားစေမှာဖြစ်ပြီး စိတ်ပျော်ရွှင်စေမှာ အမှန်ပါပဲ။ ဒါတင်မကသေးပါဘူး။ ကွီးတို့ရဲ့ မှတ်ဥာဏ်ကိုလည်း ကောင်းမွန်လာစေပြီး စိတ်ဖိစီးမှုတွေကိုလည်း ကင်းဝေးစေမှာပါ။

တကယ်လို့ ကွီးတို့က ညစ်နေတာတွေကို မြန်မြန် ပျောက်သွားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်း များနဲ့ ကခုန် ပစ်လိုက်ပါ။

(၁) Can’t Stop the Feeling By Justin Timberlake

ဒီသီချင်းလေးကတော့ ၂၀၁၆ တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Trolls ကာတွန်းကားထဲက ဇာတ်ဝင် တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး ကွီးတို့ရဲ့ စိတ်ညစ်စရာတွေကို ယာယီ ပျောက်သွားဖို့ ကူညီပေးပါလိမ့်မဘ်။

Source: Justin Timberlake

(၂) Better When I’m Dancing By Meghan Trainor

ဒီသီချင်းလေးကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Meghan Trainor ရဲ့ လက်ရာမြောက် သီချင်းတွေထဲက တစ်ပုဒ်အပါအဝင်ပဲ ဖြစ်ပါတယ်။ ကခုန်လိုက်မယ်ဆိုရင် စိတ်ခံစားချက်တွေ ကောင်းသွားလိမ့်မယ်လို့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: Meghan Trainor

(၃) Shake It Off by Taylor Swift

Taylor Swift ရဲ့ Shake It Off သီချင်းကိုလည်း ကွီးတို့ စိတ်ညစ်တဲ့အချိန်မှာ နားဆင်ကြည့်လိုက်ပါ။ စိတ်ညစ်စရာတွေကို ခန္ဓာကိုယ် လှုပ်ခါရင်း ကခုန်ပစ်လိုက်မယ်ဆိုရင် စိတ်လက် ပေါ့ပါးသွားပါလိမ့်မယ်။​

Source: Taylor Swift

(၄) 2002 By Anne-Marie

ဒီသီချင်းကတော့ Ann-Marie ရဲ့ Speak Your Mind အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ သီချင်းဖြစ်ပြီး မြူးမြူးကြွကြွနဲ့ နားထောင်လို့ ကောင်းပါတယ်။

Source: Anne-Marie

(၅) Left And Right By Charlie Puth (Feat. Jung Kook of BTS)

နောက်ထပ် မြူးမြူးကြွကြွ ဖြစ်သွားစေမယ့် သီချင်းတစ်ပုဒ်ကတော့ Charlie Puth နဲ့ BTS အဖွဲ့ထဲက အဆိုတော် Jung Kook တို့ သီချင်းထားတဲ့ Left And Right သီချင်းပဲဖြစ်ပါတ်။ ၂၀၂၂ တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပြီး အခုထိ လူကြိုက်များနေဆဲပါပဲ။

Source: Charlie Puth

(၆) Watermelon Sugar By Harry Styles

ဒီသီချင်းကတော့ Harry Styles ရဲ့ ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ Fine Line အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Alternative/ Indei နှင့် Pop တေးဂီတ အမျိုးအစားပဲ ဖြစ်ပါတယ်။

Source: Harry Styles

(၇) That’s My Girl By Fifth Harmony

ပေါ့ပ်သီချင်းကိုမှ မြူးမြူးကြွကြွလေး ဖြစ်စေတဲ့ သီချင်းလေးကို ကြိုက်တယ်ဆိုရင်တော့ Fifth Harmony ရဲ့ That’s My Girl သီချင်းလေးကို နားဆင်ခံစား ကြည့်သင့်ပါတယ်။

Source: Fifth Harmony

(၈) Dancing In The Dark By Rihanna

ဒီသီချင်းလေးကတော့ Home ဆိုတဲ့ ကာတွန်းကားထဲက သီချင်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Rihanna သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။

Source: Rihanna

(၉) What Makes You Beautiful By One Direction

One Direction အဖွဲ့ စပေါ်တုန်းက နာမည်ကြီးခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ဆယ်နှစ်ကျော်က အငွေ့အသက်လေးကို ပြန်လည် ခံစားချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကိုသာ နားဆင် ခံစား ကြည့်လိုက်ပါ။

Source: One Direction

(၁၀) Houdini By Dua Lipa

ဒီသီချင်းလေးကတော့ မနှစ်က နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွလေးနဲ့ ကခုန်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: Dua Lipa

ညစ်နေတာတွေ ပျောက်သွားလား၊ မပျောက်သွားဘူးလားဆိုတာကတော့ ကွီးတို့ကိုယ်တိုင် စမ်းကြည့်မှပဲ ရမှာနော်။

Featured Image: Freepik