အထာကျကျနဲ့ ဂေါ် နေတဲ့ ဘဲတစ်ဗွေ ဖြစ်ဖို့အတွက်ဆိုရင်တော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးများ အနည်းဆုံး နှစ်ခုလောက် ရှိထားသင့်ပါတယ်။ ဒါမှ အထာကျကျနဲ့ ဂေါ် နေတဲ့ ဘဲတစ်ဗွေ ပါလားဆိုပြီး ယောကျာ်းလေး အချင်းချင်းကတောင် အားကျနေကြမှာ ဖြစ်ပါတယ်။

တက်တူးဖက်ရှင်သည် ခေတ်နဲ့အညီ ပြောင်းလဲသွားလေ့ရှိပြီး ယခု ၂၀၂၃ မှာလည်း အလန်းစား တက်တူး အိုင်ဒီယာအမျိုးမျိုးလည်း ပေါ်ထွက်လို့လာခဲ့ပြန်ပါတယ်။ တက်တူထိုးချင်တဲ့ ကွီးတို့လည်း နမူနာယူလို့ရအောင် အခုပဲ ဝေမျှပေးလိုက်ရပါတယ်။

တက်တူး အသေးစားလား

ဂေါ် ဘဲတစ်ဗွေဂေါ် ဘဲတစ်ဗွေ

ဒီလိုတက်တူးဒီဇိုင်းတွေကတော့ အခုမှ တက်တူး ပထမဦးဆုံး စတင် ရေးထိုးမယ့် ကွီးတို့အတွက် အသင့်တော်ဆုံးပါပဲ။ တက်တူးထိုးခံရတာ ဘယ်လို အရသာမျိုးလဲဆိုတာ သိချင်ရင် ဒီလို တက်တူး အသေးစားလေးတွေနဲ့ စတင် ရေးထိုးကြည့်လိုက်ပါ။

ရိုးရှင်းတဲ့ တက်တူးမျိုးလား

ဂေါ် ဘဲတစ်ဗွေဂေါ် ဘဲတစ်ဗွေ

ရှုပ်ရှုပ်ယှက်ယှဥ် တက်တူးတွေ မကြိုက်ဘူး။ ကြည့်လိုက်တာနဲ့ အမြင်ရှင်းရှင်းလေးနဲ့ Classic ဖြစ်တဲ့ ဒီဇိုင်းမျိုးကို ကြုက်နှစ်သက်တယ်ဆိုရင်တော့ ဒီလိုမျိုး ရိုးရှင်းတဲ့ တက်တူးမျိုးကို ရေးထိုးနိုင်ပါတယ်။

ကျားပုံ တက်တူးများ

ဂေါ် ဘဲတစ်ဗွေဂေါ် ဘဲတစ်ဗွေ

ကျားပုံ တက်တူးတွေဆိုတာကတော့ စွမ်းအားကြီးမားခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ ဒီတက်တူးတွေကတော့ ကွီးတို့ရဲ့ လက်မောင်းအိုးပေါ်မှာ (သို့) လက်ခုံပေါ်မှာ ရေးထိုးနိုင်ပါတယ်။

ငှက်ပုံ တက်တူးများ

tattoostattoos

ငှက်ပုံ တက်တူးများကတော့ ဘီစီ ၂၀၀၀ ခန့်ကတည်းက စတင် ခေတ်စားလာတာ ဖြစ်ပါတယ်။ ထို့နောက် ၁၇၀၀ ပြည့်နှစ်တွေမှာတော့ သင်္ဘောသားများသည် သူတို့ရဲ့ ရေလမ်းကြောင်း ကျွမ်းကျင်မှုကို ကြွားဝါချင်တဲ့အနေနဲ့ ပျံလွှားပုံ တက်တူးအသေးစားများ စတင်ရေးထိုးလာကြပါတယ်။ ကွီးတို့အနေနဲ့ ငှက်ပုံ တက်တူး ရေးထိုးချင်တယ်ဆိုရင်တော့ ဖီးနစ်ငှက်၊ သိမ်းငှက်၊ ဇီးကွက် အစရှိတဲ့ ငှက်အမျိုးအစားများကို အိုင်ဒီယာ ယူကာ ရေးဆွဲနိုင်ပါတယ်။

ဝံပုလွေပုံ တက်တူးများ

tattoostattoos

ဝံပုလွေများသည် အုပ်စုဖွဲ့ကာ နေထိုင်တတ်ကြပြီး သူတို့ရဲ့ မိသားစုကို အပြည့်အဝ ကာကွယ်တတ်ကြပါတယ်။ သူတို့သည် သစ္စာတရားလည်း ကြီးမားကြပါတယ်။ အချို့သော ယောကျာ်းများသည် ကိုယ့်ရဲ့ မိသားစုကို ချစ်မြတ်နိုးပြီး ကာကွယ်ချင်စိတ် ရှိခြင်း၊ မိသားစုကို တန်ဖိုးထားခြင်း အစရှိတဲ့ ခံစားချက်များကို ဖော်ပြလိုတဲ့အနေနဲ့ ဝံပုလွေပုံ တက်တူးများ ရေးထိုးတတ်ကြပါတယ်။

သံလိုက်အိမ်မြှောင်ပုံ တက်တူးများ

tattoostattoos

ရှေးခေတ်က သင်္ဘောသားများသည် သံလိုက်အိမ်မြှောင်ပုံ တက်တူးများ ရေးထိုးထားခြင်းသည် သူတို့အတွက် ကံကောင်းခြင်းများ၊ အောင်မြင်ခြင်းများ ယူဆောင်လာပေးတယ်လို့ ယူဆကြတဲ့အတွက်ကြောင့် ထိုတက်တူးများကို ရေးထိုးတတ်ကြပါတယ်။ ထိုတက်တူး ရေးထိုးထားပါက အိမ်က ဘေးမသီ ရန်မခဘဲ ပြန်ရောက်တတ်ကြတယ်လို့လည်း ပြောစမှတ် ပြုထားကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ခရီးသွားရတာ နှစ်သက်သူများ၊ စွန့်စားရတာကို နှစ်သက်သူများသည် သံလိုက်အိမ်မြှောင်ပုံ တက်တူများကို ရေးထိုးတတ်ကြပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုတက်တူးများ ရေးထိုးပြီး အထာကျကျနဲ့ ဂေါ် တဲ့ ဘဲတစ်ဗွေ ဖြစ်ချင်ပါသလဲ။ အထက်ဖော်ပြပါ တက်တူး ဒီဇိုင်းများအပြင် နဂါးပုံ တက်တူးများ၊ အရိုးခေါင်းပုံ တက်တူးများ၊ ခြင်္သေ့ပုံ တက်တူးများ၊ မြှားပုံ တက်တူးများ အစရှိသဖြင့် ဒီဇိုင်းအမျိုးမျိုး၊ အိုင်ဒီယာ အမျိုးမျိုးရှိတဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ကာ တက်တူး ရေးထိုးနိုင်ပါတယ်။

Source: Fashionbeans.

Featured Image: Freepik