ကျားကျားယားယားနဲ့ ယောကျာ်းဆန်တဲ့ တက်တူးဒီဇိုင်းတွေကတော့ အများကြီးရှိပါတယ်။ ဒီထဲမှာ အရိုးခေါင်းပုံ တက်တူးဒီဇိုင်းတွေက ထိပ်ဆုံးကနေ ပါပါတယ်။ အရိုးခေါင်းပုံ တက်တူးတွေဟာ အစောပိုင်းခေတ်တွေကတည်းက သင်္ဘောသား (sailor) တက်တူးတွေနဲ့ ခေတ်ပြိုင် လူကြိုက်များ ရေပန်းစားခဲ့တာပါ။ ရဲရင့်ခြင်းနဲ့ ဆိုးမိုက်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေကို ကိုယ်စားပြုပါတယ်။ အချို့ကတော့ သေခြင်းတရားအပေါ် ကြောက်ရွံ့မှုကို အနိုင်ယူခြင်းလို့ သတ်မှတ်ရေးထိုးကြပါတယ်။ တက်တူးချစ်သူ ကွီးတို့က Manly ဖြစ်တဲ့ တက်တူးဒီဇိုင်းတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုပြောပြမယ့် အရိုးခေါင်း တက်တူးဒီဇိုင်း တွေကို အကြိုက်တွေ့မိမှာ အသေအချာပါပဲ။

(၁) Sugar Skull တက်တူးဒီဇိုင်း

Manly တက်တူးဒီဇိုင်း

Photo : The Trend Spotter

Sugar Skull တက်တူးဒီဇိုင်းတွေကတော့ ထူးခြားတဲ့ အသွင်အပြင်နဲ့ အဓိပ္ပါယ်ရှိတဲ့ သင်္ကေတတွေကြောင့် အမျိုးသားတို့ကြားမှာ ခေတ်စားပါတယ်။ အစဉ်အလာအားဖြင့်တော့ Sugar Skull အရိုးခေါင်းပုံတွေဟာ ထွက်ခွာသွားတဲ့ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး မက္ကဆီကိုနိုင်ငံရဲ့အသုဘအခမ်းအနားနေ့တွေမှာ သင်္ချိုင်း သို့မဟုတ် နတ်ကွန်းတွေမှာ ထားလေ့ရှိကြပါတယ်။ ရောင်စုံပန်းပွင့်တွေနဲ့ ဝန်းရံထားတဲ့ အပြုံးသဏ္ဌာန် အရိုးခေါင်းပုံဟာ ငြိမ်းချမ်းမှုကို သတိပြုမိစေဖို့ လူတွေကို သတိပေးတဲ့ သင်္ကေတအမှတ်အသားဖြစ်ပါတယ်။ သေဆုံးသူကို ဂုဏ်ပြုတဲ့အနေနဲ့ Sugar Skull တက်တူးဒီဇိုင်းတွေကို ရေးထိုးနိုင်ပါတယ်။

(၂) အရိုးခေါင်းနဲ့ နှင်းဆီပုံ တက်တူးဒီဇိုင်း

Manly တက်တူးဒီဇိုင်း

Photo : The Trend Spotter

ရိုးရာတက်တူးပုံစံတစ်ခုဖြစ်တဲ့ အရိုးခေါင်းနဲ့ နှင်းဆီပန်းပုံ အတွဲအစပ်တက်တူးဒီဇိုင်းကတော့ ကဗျာဆန်မှု ၊ အနုပညာဆန်မှုနဲ့ Gothic ဒီဇိုင်းတို့ကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီတက်တူးဒီဇိုင်းဟာ ဆုံးရှုံးခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတရားတွေ ၊ ဘဝရဲ့ အလှတရားနဲ့ နာကျင်ခြင်းတွေ ၊ လူတစ်ဦးတစ်ယောက်စီမှာရှိတဲ့ အကောင်းအဆိုး စတာတွေကို ဖော်ညွှန်းပါတယ်။ အရိုးခေါင်းနဲ့ နှင်းဆီပုံ တက်တူးဒီဇိုင်းကို အရောင်တွေအသုံးပြုပြီး အနုပညာဆန်ဆန် ရေးထိုးဖန်တီးနိုင်သလို အနက်ရောင်မင်တစ်မျိုးတည်းကို အသုံးပြုပြီး ရိုးရှင်းပြောင်မြောက်တဲ့ လက်ရာတစ်ခုအဖြစ်လည်း ရေးထိုးလို့ရပါတယ်။

(၃) သမင်အရိုးခေါင်း တက်တူးဒီဇိုင်း

Manly တက်တူးဒီဇိုင်း

Photo : The Trend Spotter

သမင်အရိုးခေါင်း တက်တူးဒီဇိုင်းကတော့ ဒီနေ့ခေတ် ယောကျာ်းလေးတွေကြားမှာ ပိုပြီး ရေပန်းစားပါတယ်။ သဲကန္တာရနဲ့ ရှေးအနောက်တိုင်းရာဇဝင်တွေနဲ့ ဆက်စပ်နေပြီး ခက်ထန်ကြမ်းတမ်းတဲ့ အသွင်အပြင်ရှိပါတယ်။ အမဲလိုက်မုဆိုးတို့ရဲ့ ဝါသနာကို ကိုယ်စားပြုတဲ့အနေနဲ့ သမင်အရိုးခေါင်းပုံတက်တူးကို ရေးထိုးနိုင်ပြီး ဒီတက်တူးဒီဇိုင်းဟာ မတည်မြဲခြင်းနဲ့ သဘာဝရဲ့စွမ်းအားတွေအကြောင်းကို သင်္ကေတပြ အဓိပ္ပါယ်ဖွင့်ဟထားတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

(၄) Indian အရိုးခေါင်း တက်တူးဒီဇိုင်း

Manly တက်တူးဒီဇိုင်း

Photo : The Trend Spotter

Indian အရိုးခေါင်း တက်တူးတွေကိုတော့ Native American အရိုးခေါင်းတက်တူး သို့မဟုတ် ဩဇာကြီးကဲသူတို့ အရိုးခေါင်းတက်တူးလို့ လူသိများပါတယ်။ ဒီ ငှက်မွှေးတပ် စစ်ဦးထုပ်ကို ဝတ်ဆင်ထားတဲ့ အရိုးခေါင်းပုံတက်တူးဟာ ဩဇာလွမ်းမိုး ကြီးကဲသူတွေ ၊ စစ်သည်တော်တွေနဲ့ ဝိညာဉ်ရေးရာခေါင်းဆောင်တွေကို ရည်ညွှန်းဖော်ပြတဲ့ တက်တူးဒီဇိုင်း ဖြစ်ပါတယ်။ ခေါင်းဆောင်မှု ၊ ရဲရင့်မှု ၊ စိတ်ဓာတ်ရေးရာနဲ့ လေးစားမှု တို့ကို ကိုယ်စားပြုပါတယ်။ ကြမ်းတမ်းတဲ့ အမူအရာကိုဖော်ဆောင်တဲ့ Indian အရိုးခေါင်း တက်တူးဒီဇိုင်းဟာ ရှေးခေတ် Native American စစ်သည်တွေရဲ့ စွမ်းအားနဲ့ ရက်စက်မှုကို ထင်ဟပ်စေတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၅) မီးတောက်နေတဲ့ အရိုးခေါင်းပုံ တက်တူးဒီဇိုင်း

Manly တက်တူးဒီဇိုင်း

Photo : The Trend Spotter

Manly ဖြစ်တဲ့ အကြမ်းစားတက်တူးဒီဇိုင်းတွေကိုမှ ရေးထိုးချင်တယ်ဆိုရင်တော့ မီးတောက်နေတဲ့ ဦးခေါင်းခွံတက်တူးက သေချာပေါက်ရွေးချယ်သင့်တဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ကြောက်မက်ဖွယ်အသွင်အပြင်နဲ့ ယောကျာ်းအဆန်ဆုံး တက်တူးဒီဇိုင်းတွေထဲကတစ်ခု ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက အမျိုးသားတွေကြားမှာ ရေပန်းစားအစားဆုံး ဖြစ်ပါတယ်။ ဒီတက်တူးဒီဇိုင်းဟာ ပျက်စီးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းအပြင် သဘာဝရဲ့စွမ်းအားတွေကို ကိုယ်စားပြုပါတယ်။ အနက်ရောင် ဆေးသားထင်ထင် အရိုးခေါင်းပေါ်မှာ အဝါရောင် သို့မဟုတ် အပြာရောင် မီးတောက်တွေ တဟုန်းဟုန်းတောက်လောင်နေတဲ့ တက်တူးဒီဇိုင်းတွေကတော့ လူကြိုက်အများဆုံးပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ယောကျာ်းဆန်ဆန်နဲ့ အထာကျတဲ့ အရိုးခေါင်းပုံ တက်တူးဒီဇိုင်းတွေ ရေးထိုးဖို့ အစီအစဉ်ရှိပါသလား ???

Featured Photo : The Trend Spotter