ကွီးတို့ရေ ဂျက်ကတ်တွေ ဝတ်ဆင်ရတာ ကြိုက်ပါသလား။ ဂျက်ကတ်တွေက အေးတဲ့ရာသီမှာ ဝတ်ဆင်နိုင်တဲ့ အပေါ်ဝတ်ထက်ပိုပြီး မတူညီသော မတူညီသောဒီဇိုင်းများ၊ စတိုင်လ်များနဲ့ အမျိုးသားတို့ ဖက်ရှင်မှာ အရေးပါတဲ့နေရာ ကနေ ပါဝင်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့က ပူတဲ့ရာသီဥတုရှိတာကြောင့် ဂျက်ကတ်တွေ ဝတ်ဆင်ဖို့ တော်တော်လေး စဉ်းစားရပါမယ်။ သို့သော်လည်း အခုလို ဆောင်းရာသီ ချမ်းစိမ့်စိမ့်လေး ဖြစ်လာတဲ့ အချိန်မှာတော့ ဂျက်ကတ်တွေနဲ့ ရှိုးထုတ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဒီနေ့မှာတော့ ကွီးတို့စတိုင်နဲ့ လိုက်ဖက်တဲ့ ဂျက်ကတ်တွေကို ရွေးချယ်နိုင်စေဖို့ ဂျက်ကတ် အမျိုးမျိုးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Jean Jackets

Photo : Royal Publications
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တာကတော့ ဂျင်းဂျက်ကတ်တွေပါပဲ။ ဘယ်သူမဆို ဂျင်းဂျက်ကတ် တစ်ထည်တော့ ရှိထားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် ဖြစ်အောင် ဝတ်စားချင်တယ်ဆိုရင်တော့ ဂျင်းက ဘုရင်ပါ။ ဂျင်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ စတိုင်လ်ကျသော အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မှာ ဂျင်း ဂျက်ကတ်တွေနဲ့ ရှိုးထုတ်ဖို့ အချိန်ကောင်းပါပဲ။
Blouson Jacket

Photo : Care of Carl
ဒီဂျက်ကတ်အမျိုးအစားကတော့ အခြားသာ ဂျက်ကတ်အမျိုးအစားတွေနဲ့မတူဘဲ အနည်းငယ် ခါးရှည်ပြီး ဇစ်တပ်ထားသော အမျိုးအစား ဖြစ်ပါတယ်။ ဒီဂျက်ကတ်က Bomber Jackets နဲ့ အနည်းငယ်ဆင်တူပါတယ်။ သို့သော်လည်း ဒီဂျက်ကတ် အမျိုးအစားက ခန္ဓာကိုယ်နဲ့ ပိုမိုအံဝင်ခွင်ကျရှိပြီး ပိုမိုစမတ်ကျစေပါတယ်။ ကွီးတို့ကြိုက်နှစ်သက်ရာ ဘောင်းဘီအမျိုးအစားနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။
Bomber Jackets

Photo : Your Average Guy
ဘယ်အချိန်မဆို ရိုးမသွားစေဘဲ စတိုင်လ် ကျစေမဲ့ ဂျက်ကတ် တစ်မျိုးကတော့ Bomber Jackets ပဲဖြစ်ပါတယ်။ ဒီဂျက်ကတ် အမျိုးအစားဟာ သက်တောင့်သက်သာရှိပြီး ပေါ့ပါးတာကောင့် ယောက်ျားလေး တော်တော်များများ ကြိုက်နှစ်သက်သည်သာမက မိန်းကလေးတွေအတွက်လည်း ဖက်ရှင်ကျစေတဲ့ ဂျက်ကတ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိပြီး အလန်းစား Street စတိုင်လ်မျိုး အတွက် ရွေးချယ်သင့်တဲ့ ဂျက်ကတ်အမျိုးအစား ပဲ ဖြစ်ပါတယ်။
Leather Jackets

Photo : The Fashionisto
ဂျက်ကတ်တွေလို့ဆိုတဲ့ နေရာမှာ သားရေဂျက်ကတ်တွေကလည်း ဖယ်ထားလို့မရပါဘူး။ ကွီးတို့က အနည်းငယ်ခပ်မိုက်မိုက် စတိုင်လ် မျိုးဝတ်ချင်တဲ့နေ့မျိုးအတွက် Biker ဂျက်ကတ် ကို ရွေးချယ်ဖို့အကာင်းဆုံးပါပဲ။ ဒီသားရေ ဂျက်ကတ်က ကွီးတို့အတွက် ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့လည်း ကြည့်ကောင်းစေတာကြောင့် မြန်မြန်ဆန်ဆန် ရွေးချယ်လို့ရတဲ့ အတွဲအဆက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ Night Out ထွက်တဲ့အခါ၊ ကလပ်တတ်တဲ့အခါမျိုးမှာလည်း ရွေးချယ်သင့်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။
Hodded Jacket

Photo : Max Fashion
ဒီဂျက်ကတ် အမျိုးအစားကတော့ ခေါင်းစွပ်ပါတဲ့ Hodded Jacket ပဲဖြစ်ပါတယ်။ ဒီဂျက်ကတ် တွေကတော့ ဝတ်ဆင်ရမဲ့ ရာသီဥတု အနည်းငယ်ရွေးချယ်သင့်ပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျစေမှာတော့ အသေအချာပါပဲ။ ခေါင်းစွပ်ပါတဲ့အတွက် ကွီးတို့ကိုအတူညီတဲ့ စတိုင်လ် မျိုးပေးစွမ်းနိုင်ပါတယ်။ Hoodies တွေ ဝတ်ရတာ ရိုးလာပြီဆိုရင် ဒီဂျက်ကတ် အမျိုးအစားကို ရွေးချယ်ကြည့်သင့်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အမျိုးမျိုးသော ဂျက်ကတ်တွေကို အသုံးချပြီး ဒီချမ်းစိမ့်စိမ့် ရာသီလေးမှာ ကွီးတို့ရဲ့ ဖက်ရှင်ကို တစ်ဆင့်မြှင့်လိုက်ပါ။
Source : The Trend Spotter
Featured Photo : Vista Create
