Jacket တွေကို အအေးပိုင်းဝတ် Winter Fashion လို့ အများက ယူဆကြပါတယ်။ တကယ်တော့ ဂျက်ကတ် တွေက အပေါ်ထပ် Layering အဝတ်အစားဖြစ်လို့ တော်ရုံပူလည်း ဝတ်သွားလို့ရပါတယ်။ အခုတော့ ဂျက်ကတ် ကို တီရှပ် နဲ့ ဝတ်တတ်သူတွေအတွက် သိသင့်တဲ့အချက်လေးတွေ မျှဝေပေးသွားမှာပါ။

How-to-Wear-a-Denim-Jacket Men

Photo: thetrendspotter

T-Shirt နဲ့ Jacket တွဲဝတ်မယ်ဆိုရင် လိုက်နာရမယ့်စည်းကမ်း ၃ ချက်ပဲ ရှိပါတယ်။ တစ်ချက်က ရိုးရိုးရှင်းရှင်းလေး ဖြစ်နေဖို့ပါ။ ရိုးရှင်းတယ်ဆိုတာ T-Shirt ကို ခပ်ရှင်းရှင်းစတိုင် နဲ့ ကာလာမျိုး ဖြစ်ဖို့ပါ။ အကောင်းဆုံးက Plain ဗြောင်မျိုး ဖြစ်ရင် ပိုကောင်းပါတယ်။ Jacket အောက်ခံအဖြစ် ဝတ်မယ့် T-Shirt ဟာ Slim Fit ဖြစ်သင့်ပြီး လည်ပင်းပေါက်ကလည်း ကွီးတို့ Body နဲ့ Fitting ကျနေဖို့ လိုပါတယ်။

Photo: Bloomberg

ဒုတိယအချက်ကတော့ ကာလာတွေ မှန်မှန် တွဲပေးဖို့ပါ။ အရေးကြီးတဲ့အချက်က တီရှပ် ရဲ့ ကာလာဟာ ဂျက်ကတ် ထက် အရောင်ရင့်တဲ့ Darker Tones တွေ မဖြစ်ဖို့ လိုပါတယ်။ အထူးသဖြင့် ဗြောင် Plain Jackets တွေနဲ့ တွဲဝတ်တဲ့အခါမျိုးမှာ ဖြစ်ပါတယ်။ Jackets ခါးနဲ့ လက်အနားတွေ အကျမှန်ဖို့ကိုလည်း သတိပြုသင့်ပါတယ်။

နောက်ဆုံးအချက်ကတော့ လိုက်ဖက်ညီတဲ့ Accessory လေးတွေနဲ့ တွဲဝတ်ပေးဖို့ပါ။ ဥပမာ- ဦးထုပ် ၊ အိတ်ကောင်းကောင်း ၊ Sneaker တို့ ဖြစ်ပါတယ်။ ခါးပတ်အရောင်နဲ့ ခြေအိတ်နဲ့လည်း Match ဖြစ်ဖို့ ဖက်ရှင်အကြံပေးတွေက ပြောကြပါတယ်။ ဒီလောက် မလုပ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ Casual Look စတိုင်အတွက် များသောအားဖြင့် Jeans Pant နဲ့ ဂျက်ကတ် အပါးကို တီရှပ် အဖြူ ဒါမှမဟုတ် အနက်နဲ့ ဝတ်ရင်ပဲ အဆင်ပြေပါတယ်။

Featured Photo : Top Trends Guide