ဘယ်နိုင်ငံက ရုပ်ရှင်ဝါသနာအိုးမဆို အကျွမ်းတဝင် သိပြီးသား ရုပ်ရှင်မင်းသားနာမည်တွေထဲမှာ ဂျက်ကီချမ်းဆိုတဲ့ နာမည်လည်း ပါဝင်မှာပါ။ ဂျက်ကီချမ်းဆိုတာ အက်ရှင်ရုပ်ရှင်လောကမှာ ရုပ်ရှင်ကားပေါင်း ၁၅၀ ကျော် ရိုက်ကူးသရုပ်ဆောင်ထားတဲ့ အက်ရှင် စတန့်ဇာတ်လိုက်ကျော်လည်း ဖြစ်ပါတယ်။ တရုတ်ကွန်ဖူးသိုင်းကားတွေကနေ ဟောလီဝုဒ်အက်ရှင်ကားတွေအထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဂျက်ကီချမ်းဟာ သူလိုကိုယ်လို အောက်ခြေကနေ တက်လာခဲ့သူပါ။

Chan

Photo : cinemablend

သူ့ဘဝဟာ သင်ခန်းစာယူစရာကောင်းတဲ့ ဘဝ ၊ စိတ်ခွန်အားတက်ဖွယ် ၊ အားကျအတုယူဖွယ်ရာ ဘဝမျိုးလည်း ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းစစ်အတွင်း စစ်ပြေးမိဘတွေထဲက မွေးဖွားလာခဲ့ပြီး ဆင်းရဲလွန်းလို့ သူမွေးချိန်က ကလေးမွေးပေးတဲ့ ဆရာဝန်အတွက် ဆေးဖိုးဝါးခကို မိတ်ဆွေတွေက ချေးပေးရတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ဘဝနာခဲ့တဲ့သူဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ဒုတိယ ဝင်ငွေအကြမ်းဆုံးသရုပ်ဆောင်အဖြစ်ကို ရောက်လာခဲ့ပြီး ရုပ်ရှင်နဲ့ နိုင်ငံရေးလောကမှာပါ ဩဇာကြီးပုဂ္ဂိုလ်ကျော် ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခေါက်အတွက် ထင်ပေါ်ကျော်ကြား ပြောစကားများ အနေနဲ့ ဂျက်ကီချမ်းပြောပြတဲ့ စိတ်အားတက်စရာ စကားတချို့ကို မျှဝေပေးချင်ပါတယ်။

Jackie Chan

Photo : npr

(၁) “တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲဖို့ ကြင်နာမှုနဲ့ ဂရုစိုက်ခြင်းလေးတွေလောက်ပဲ လုပ်ဖို့ လိုပါတယ်”
(၂) “နာမည်ကျော် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ လူကြီးမျိုးဆက်နဲ့ ဘယ်လို စကားပြောရမလဲဆိုတာကို လူငယ်မျိုးဆက်ကို ကျွန်တော်တို့ သင်ပေးဖို့ လိုတယ်လို့ ထင်ပါတယ်။”
(၃) “ကျွန်တော်က တချို့အရာတွေမှာ တော်ပါတယ်။ ဒါပေမယ့်လည်း ကိစ္စအများစုမှာ ညံ့ပါတယ်။”
(၄) “ကျွန်တော် ဒုတိယမြောက် ဘရုစ္စလီ မဖြစ်ချင်ပါတယ်။ ပထမဂျက်ကီချမ်းပဲ ဖြစ်ချင်ခဲ့တာပါ။”
(၅) “အခြေအနေက ခင်ဗျားကို ထိန်းချုပ်တာမျိုး အဖြစ်မခံပါနဲ့။ ခင်ဗျားကပဲ အခြေကို ပြောင်းလဲပါ။”

Featured Photo : artstation