ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် ဖြစ်အောင် ဝတ်စားချင်တယ်ဆိုရင်တော့ ဂျင်းက ဘုရင်ပါ။ ဂျင်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ စတိုင်လ်ကျသော အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဂျင်းဘောင်းဘီကိုတော့ ကွီးတို့တော်တော်များများ ကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ ဂျင်းဂျက်ကတ် တွေကိုတော့ တစ်ခါတစ်ရံ လိုက်ဖက်အောင် ဝတ်ဆင်ဖို့ တွန့်ဆုတ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အမျိုးသားတို့အတွက် စွဲမက်ဖွယ် အသွင်အပြင်ကို ရရှိစေဖို့ ဘယ်လို ဂျင်းဂျက်ကတ် မျိုးစုံနဲ့ စတိုင်လ် ကျအောင် ဝတ်ဆင်ရမလဲဆိုတာ ပြောပြပေးပါမယ်။

အပြာရောင် ဂျင်းဂျက်ကတ်

ဂျင်းဂျက်ကတ် စတိုင်လ်

Photo : Top Trends Guide

ကွီးတို့ရေ ဂျင်းဂျက်ကတ် ကို ရွေးချယ်ပြီဆိုလျှင် ဘယ်လို စတိုင်လ် မျိုးအတွက်မဆို အရိုးရှင်းဆုံးနဲ့ အမိမိုက်ဆုံးကတော့ အပြာရောင်ဂျင်းဂျက်ကတ်ကိုပဲ ရွေးချယ်လိုက်ပါ။ အကယ်၍ ကွီးတို့က ပေါ့ပေါ့ပါးပါး ဒီဇိုင်း သို့မဟုတ် နွေရာသီတွင် ဝတ်ဆင်ဖို့အတွက်ဆိုရင် အပြာဖျော့ဖျော့ ဂျင်းကို ရွေးချယ်ပြီး စမတ်ကျပြီး ရာသီဥတု အေးတဲ့အချိန်မှာ ဝတ်ဆင်မယ်ဆိုရင် နက်ပြာရောင် ဂျင်းဂျက်ကတ်ကို ရွေးချယ်ခြင်းက လုံးဝမမှားစေပါဘူး။

အနက်ရောင် ဂျင်းဂျက်ကတ်

ဂျင်းဂျက်ကတ် စတိုင်လ်

Photo : The Trend Spotter

အနက်ရောင် ဂျင်းဂျက်ကတ် က အမျိုးသားများအတွက် စတိုင်လ် ကျသောရွေးချယ်မှုဖြစ်ပါတယ်။ ၎င်းက ပေါ့ပေါ့ပါးပါးနှင့် စမတ်ကျသော ပုံစံ နှစ်မျိုးလုံးနှင့် လိုက်ဖက်နိုင်ပြီး ကွီးတို့ ဗီရိုထဲရှိ မည်သည့် အဝတ်အစားနဲ့မဆို တွဲနိုင်ပါတယ်။ ကွီးတို့အနေနဲ့ လေးနက်ပြီး အမိုက်စား Street Style အသွင်အပြင်ကို ရချင်ရင် အနက်ရောင် ဂျင်းဂျက်ကတ်ကို အနက်ရောင် ဘောင်းဘီနဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။

ဂျင်းဘောင်းဘီနဲ့ ဂျင်းဂျက်ကတ်

ဂျင်းဂျက်ကတ် စတိုင်လ်

Photo : The Trend Spotter

ကွီးတို့အနေနဲ့ အပေါ်က ဂျင်းဂျက်ကတ်ကို ဝတ်ဆင်တဲ့ နေရာမှာ အောက်က ဂျင်းဘောင်းဘီကို ဝတ်ဆင်ဖို့ မမေ့ပါနဲ့။ ကွီးတို့ သေချာရွေးချယ်တတ်ရင် ဒီပေါင်းစပ်မှုက အံ့သြစရာကောင်းလောက်အောင် စတိုင်လ်ကျပြီး ပေါ့ပေါ့ပါးပါး အပြင်ထွက်ဖို့အတွက် လုံးဝကို ပြီးပြည့်စုံတဲ့ အသွင်အပြင်ကို ရရှိမှာပါ။ ကွီးတို့ ညဘက်မှာ Night Out ထွက်မယ်ဆိုရင် အလန်းဆုံးဖြစ်အောင် အနက်ရောင် ဂျင်းဘောင်းဘီတစ်ထည်နဲ့ အပြာရောင် ဂျင်းဂျက်ကတ်နဲ့ တွဲဖက်ကြည့်ပါ။

တီရှပ်နဲ့ ဂျင်းဂျက်ကတ်

jeans jacket

Photo : The Trend Spotter

ဂျင်းဂျက်ကတ်အောက်ကနေ ရိုးရိုးတီရှပ်များ ဝတ်ဆင်ခြင်းက ကွီးတို့ကို စတိုင်လ်ကျစေပါတယ်။ ဒါ့အပြင် ကွီးတို့စိတ်ကြိုက် ဘောင်းဘီနဲ့ ဖိနပ်စတိုင်အမျိုးမျိုးနဲ့ တွဲလို့ရပါတယ်။ ကွီးတို့ ဂျင်းဂျက်ကတ်အောက်က တီရှပ်ကို အစင်းများပါတဲ့ ဒီဇိုင်းကို ရွေးချယ်မယ်ဆိုရင် ကွီးတို့ဖက်ရှင်က ပိုပြီးစိတ်ဝင်စားဖို့ ကောင်းစေမှာပါ။

ရှပ်အင်္ကျီနဲ့ ဂျင်းဂျက်ကတ်

jeans jacket

Photo : Top Trends Guide

ကွီးတို့ရဲ့ ဂျင်းဂျက်ကတ်ကို ပေါ့ပါးပြီး စမတ်ကျစေဖို့အတွက် အဖြူရောင်ရှပ်အင်္ကျီနဲ့ တွဲဝတ်ကြည့်သင့်ပါတယ်။ ဒီပေါင်းစပ်မှုကလည်း အမျိုးသားများအတွက် ဖက်ရှင်ကို အမိုက်စားဖြစ်အောင် ပံ့ပိုးပေးနိုင်မှာပါ။ ပိုပြီး စတိုင်လ်ကျကျ ဝတ်စားဆင်ယင်မှု ဖြစ်စေရန် ဘောင်းဘီရှည် နှင့် ဘောင်းဘီတို သို့မဟုတ်  Chinos နှင့် Sneakers များနဲ့ တွဲဖက်ဝတ်ဆင်ကြည့်ပါ။

Source : The Trend Spotter

Featured Photo : Apetogentleman