ဟောလိဝုဒ် Horror ရုပ်ရှင်တွေထဲမှာလည်း ဂျင်းတွေရှိပါတယ်။ ဘာ ဇာတ်လမ်းဇာတ်ကွက်မရှိ ၊ Jump Scare တွေ ၊ ဝုန်းဒိုင်းကြဲ Background Music တွေနဲ့ ပရိသတ်ကို အတင်းဖြဲ ခြောက်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ပြီး စိတ်ပျက်ကြရဖူးမယ် ထင်ပါတယ်။ ဒီလို ဂျင်းတွေသိပ်ထားတဲ့ Horror ရုပ်ရှင်တွေ မဟုတ်ပဲ အမှန်အကန် သည်းထိတ်ရင်ဖို ရမယ့် ဇာတ်ကားကောင်းတွေ ကြည့်ချင်သူတွေအတွက် ဒီတစ်ခေါက်တော့ PG-13 Rating သတ်မှတ်ထားတဲ့ Horror ဇာတ်ကား အမိုက်စားတွေကို ညွှန်းပေးလိုက်ပါမယ်။

(၁) Mama (2013)

Source : Universal Pictures UK

သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းကြိုက်သူတွေ ကြည့်ရမယ့် ရုပ်ရှင် List ထဲမှာ Mama ဇာတ်ကားကတော့ သေချာပေါက် အပါအဝင် ဖြစ်ပါတယ်။ ဒီဇာတ်ကားက အာဂျင်တီးနားလူမျိုး ဒါရိုက်တာ Andrés Muschietti ရဲ့ လက်ရာပါ။ ဒီဇာတ်ကားလေးမှာ Lilly နဲ့ Victoria လို့ခေါ်တဲ့ မိန်းကလေးငယ်နှစ်ယောက်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်ဝင်ခန်းတွေနဲ့ ရင်တဖိုဖိုသည်းတထိတ်ထိတ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) The Grudge (2004)

Source : bendermac

၂၀၀၄ ခုနှစ်က ထွက်ခဲ့တဲ့ The Grudge ဇာတ်ကားကတော့ နာမည်ကြီး လူကြိုက်အများဆုံး PG-13 Horror ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။ ဂျပန်ဒါရိုက်တာ Takashi Shimizu တာဝန်ယူ ရိုက်ကူးခဲ့တာဖြစ်ပြီး Takashi Shimizu ရဲ့ ဂျပန်ရုပ်ရှင် “Ju-on: The Grudge” ကိုပဲ အမေရိကန်ဗားရှင်း ပြန်ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ အိမ်တစ်လုံးရဲ့ ကျောချမ်းဖွယ် ဇာတ်လမ်းကို ဇာတ်အိမ်ကျောရိုး တည်ထားပြီး အမှန်အကန် သည်းထိတ်ရင်ဖို ရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

(၃) The Possession (2012)

Source : Rotten Tomatoes Coming Soon

ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပါ။ ဒိန်းမတ် ရုပ်ရှင်ဒါရိုက်တာ Ole Bornedal ရဲ့ ဖန်တီးမှုလက်ရာ ဖြစ်ပါတယ်။ ရှေးဟောင်းသစ်သား သေတ္တာတစ်လုံးကနေ အစပြုလာတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ဆန်းတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာလည်း PG-13 Horror ရုပ်ရှင်တွေထဲက ထိတ်လန့်ဖို့အကောင်းဆုံး ဇာတ်ကားတစ်ကား အဖြစ်နာမည်ကြီးပါတယ်။

(၄) The Visit (2015)

Source : Universal Pictures

The Visit ကတော့ ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အမေရိကန် ဒါရိုက်တာ M. Night Shyamalan က တာဝန်ယူ ရိုက်ကူးထားတာ ဖြစ်ပြီး Becca နဲ့ Tyler လို့ခေါ်တဲ့ မောင်နှမနှစ်ယောက်ရဲ့ ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ သူတို့ ၂ ဦးဟာ အဘိုးအဘွားတွေရဲ့ အိမ်ကို အလည်သွားကြရင်း ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေနဲ့ ထိတ်လန့်ဖွယ်ရာတွေကို ကြုံတွေ့ကြရပါတော့တယ်။ ဒီဇာတ်ကားဟာလည်း အမှန်အကန် သည်းထိတ်ရင်ဖို ရတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

(၅) Get Out (2017)

Source : Rotten Tomatoes Trailers

ဒီဇာတ်ကားက ထူးထူးခြားခြား အမေရိကန်ဟာသဇာတ်လိုက်ကျော်ကြီး Jordan Peele ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ စိတ္တဇသည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားဟာ လူမည်းလူငယ်လေး Kaluuya ရဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ Kaluuya ရဲ့ ချစ်သူ လူဖြူကောင်မလေးရဲ့ အိမ်ကို လိုက်သွားရင်းကနေ သူမမိသားစုရဲ့ ထိတ်လန့်ခြောက်ခြားဖွယ် လျှို့ဝှက်ချက်တွေအကြောင်း သိလာခဲ့ရပါတော့တယ်။ Kaluuya ချစ်သူကောင်မလေးရဲ့ မိသားစုက ထင်ထားသလို ရိုးရှင်းပါမလား ၊ ဘာတွေ လျှို့ဝှက်ချက်ထားလဲဆိုတာ Get Out (2017) ဇာတ်ကားလေးထဲမှာ အဖြေရှာကြည့်လိုက်ပါ။

Featured Photo : Dead Talk News