ဂျင်းတွေက ဘယ်တော့မှ ခေတ်နောက်ကျမကျန်ခဲ့စေမယ့် ဖက်ရှင်တစ်ခု ဖြစ်ပြီး ဘယ်လိုရာသီဥတုနဲ့မဆို လိုက်ဖက်ပါတယ်။ ပေါ့ပေါ့ပါးပါးဝတ်ဆင်လို့ရတဲ့အပြင် အကြမ်းလည်းခံပါတယ်။ ဘယ်သူ့မှာမဆို အနည်းဆုံး ဂျင်းတစ်ထည်လောက်တော့ ရှိကြပါတယ်။ ဂျင်းတွေက ဝတ်ပါများလို့ အရောင်မှိန်သွားရင်တောင် ပြဲစုတ်ဖို့ ခက်ပါတယ်။ ဒါကြောင့် ဟောင်းနေတဲ့ ဂျင်း တွေရှိရင် လွှင့်မပစ်ပါနဲ့။ ဒီဆောင်းပါးလေးမှာ မဝတ်ဖြစ်တော့တဲ့ ဂျင်းအဟောင်း တွေကို အဖိုင်းစားတွေ ဖြစ်အောင် ကိုယ်တိုင် ပြန်လည်ဖန်တီးနိုင်ဖို့ အိုင်ဒီယာကောင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

အိုင်ဒီယာ (၁)

ဂျင်းအဟောင်း အဖိုင်းစားတွေ

Photo : Fashionbeans

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တာကတော့ ဂျင်းအပြဲ ပုံစံပဲ ဖြစ်ပါတယ်။ ကွီးတို့ မဝတ်ဖြစ်တာ သေချာတဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို ယူလိုက်ပါ။ ပြီးလျှင် ဒူးနားလောက်ကို ကတ်ကြေးနဲ့ဖြစ်စေ၊ ဓားနဲ့ဖြစ်စေ အရာပေးပြီး ဖြည်းဖြည်းချင်း ကိုယ်လိုချင်တဲ့ အနေအထားကို ဖြတ်လိုက်ပါ။ ဒီလို ဖြတ်တဲ့နေရာမှာ ဂျင်းရဲ့ အခြားတစ်ဖက်မထိအောင် ကတ်ထူပြား သို့မဟုတ် ထူထဲသော ပလပ်စတစ်စတို့ကို ကြားထဲမှာ ခံထားပါ။ ကွီးတို့ လိုချင်တဲ့ စတိုင်လ်ကို ကြိုက်သလို ဖန်တီးပြီး ဖက်ရှင်ကို အဆင့်မြှင့်လိုက်ပါ။

ဂျင်းအဟောင်း အဖိုင်းစားတွေ

Photo : Fulbright.org.tr

ခပ်မိုက်မိုက် အထာကျတဲ့ ပုံစံမျိုးလိုချင်ရင် ပုံမှာပြထားတဲ့အတိုင်း ဖြတ်ရာများများ ပေးလို့ရပါတယ်။

ဂျင်းအဟောင်း အဖိုင်းစားတွေ

Photo : STYLE.shop

ဒါမှမဟုတ် ဒူးခေါင်းနေရာတစ်ခုလုံးကို ဖြတ်ပြီး ပုံမှာ ပြထားတဲ့အတိုင်း ဖန်တီးနိုင်ပါတယ်။

အိုင်ဒီယာ (၂)

ဂျင်းအဟောင်း အဖိုင်းစားတွေ

Photo : Fashionbeans

နောက်ထပ် ဖော်ပြပေးချင်တာကတော့ ထူးခြားပြီး ကိုယ့်မှာ ဉာဏ်စွမ်းရှိသလောက် ဖန်တီးနိုင်တဲ့ အိုင်ဒီယာလေးပဲ ဖြစ်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ ဂျင်းအဟောင်းပေါ်မှာ ပိတ်စအချို့ သို့မဟုတ် ကိုယ်ကြိုက်တဲ့ တံဆိပ် (လိုဂို) တို့နဲ့ ပိုမိုဆန်းသစ်အောင် ဖန်တီးခြင်းပါပဲ။ ဒါ့အပြင် ဂျင်းအဟောင်းတွေမှာ အပေါက်များ၊ အပြဲများ ရှိနေလျှင်လည်း ဒီနည်းလမ်းလေးနဲ့ ဖာထေးချုပ်လုပ်ပြီး ပြန်လည်တီထွင်ကာ ဆန်းသစ်နိုင်ပါတယ်။

Photo : Zulily

ပိုမိုအရောင်အသွေး စုံလင်ပြီး အမိုက်စားဖြစ်အောင် ကွီးတို့ကပ်မဲ့ ပိတ်စ သို့မဟုတ် တံဆိပ်တွေကို လိုသလို ကစားနိုင်ပါတယ်။

Photo : Dapper Confidential

အိုင်ဒီယာ (၃)

Photo : Fashionbeans

ဒီနည်းလမ်းလေးကလည်း ကွီးတို့ရဲ့ ဂျင်းအဟောင်း တွေကို အဖိုင်းစားတွေ ဖြစ်အောင် ဖန်တီးနိုင်တဲ့ အမိုက်စား အိုင်ဒီယာ ကောင်းလေးပါပဲ။ ဒါကတော့ ကွီးတို့ရဲ့ ဂျင်းတွေကို ကိုယ်လိုချင်တဲ့နေရာ ဒါမှမဟုတ် တစ်ထည်လုံးကို အရောင်ချွတ်တာပါပဲ။ အရောင်ချွတ်ဆေးကို အသုံးပြုရာမှာ ကိုယ်လိုချင်တဲ့နေရာအလိုက် သေချာစွာ အရောင်ညီစေဖို့ သတိပြုပါ။ ကွီးတို့ရဲ့ လက်တွေကို မထိခိုက်မိစေရန် ရော်ဘာလက်အိတ်ကို အသုံးပြုဖို့ မမေ့ပါနဲ့။

အခုဖော်ပြပေးလိုက်တဲ့ နည်းလေးတွေကို အသုံးပြုပြီး ကွီးတို့ရဲ့ မဝတ်တော့တဲ့ ဂျင်းအဟောင်းတွေကို အဖိုင်းစားတွေဖြစ်အောင် ကိုယ်တိုင် ပြန်လည်ဖန်တီးကာ ကွီးတို့ရဲ့ ဖက်ရှင်ကို တစ်ဆင့်မြှင့်တင်လိုက်ပါ။

Source : Fashionbeans

Featured Photo : Fashion