ဂျင်းတွေက အကြမ်းခံရုံတင် မဟုတ်ဘဲ နည်းလမ်းမျိုးစုံနဲ့ ဝတ်လို့ရတဲ့အပြင် ဘယ်တော့မှ ခေတ်နောက်ကျ မကျန်ခဲ့မယ့် ဖက်ရှင်ပါ။ လူတော်တော်များများကတော့ ဂျင်းတွေကို ခုံခုံမင်မင် ဝတ်ဆင်ကြပါတယ်။ ဂျင်းတွေက ရိုးရှင်းတယ်၊ ပေါ့ပါးတယ်၊ သာမန်ဆန်တယ်လို့ ထင်ရသော်လည်းပဲ သေချာဝတ်တတ်ရင် လုံးဝကို အလန်းစား ဖြစ်နေမှာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အထာကျတဲ့ ဂျင်း ဖက်ရှင် တွေကို ပုရိသတို့ရဲ့ စတိုင်လ် တစ်ဆင့်မြင့်စေဖို့ ဝတ်ဆင်နိုင်တဲ့ အိုင်ဒီယာကောင်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဂျင်းနဲ့ တီရှပ်

Photo : Unplush

ကိုယ့်ရဲ့ ပေါ့ပါးလွတ်လပ်မှုနဲ့ စတိုင်လ်ကျမှုကို တစ်ပြိုက်နက်တည်း ဖော်ဆောင်ချင်ရင်‌တော့ ဂျင်းနဲ့ တီရှပ်ကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဂျင်းဘောင်းဘီနဲ့ တီရှပ်အရောင်စုံတွေကို တွဲဖက်ဝတ်ဆင်နိုင်သော်လည်း အဖြူရောင်တီရှပ်နဲ့ တွဲဖက်ဝတ်ဆင်ခြင်းကတော့ ကွီးတို့ရဲ့ အသွင်အပြင်ကို အမြဲသစ်လွင်နေစေမှာပါ။ ကွီးတို့ရဲ့ စတိုင်လ်ကို ပိုပြီး ကြွစေဖို့ ဖိနပ်နဲ့ လိုက်ဖက်တဲ့ ခါးပတ်တစ်ခုကိုလည်း ဆင်မြန်းနိုင်ပါတယ်။

ဂျင်းဘောင်းဘီနဲ့ ဂျင်းဂျက်ကတ်

ဂျင်း ဖက်ရှင်

Photo :  Zeros

လူတော်တော်များများကတော့ အပေါ်ဂျင်း၊ အောက်ဂျင်းဝတ်ဆင်ဖို့ တွန့်ဆုတ်တတ်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ကွီးတို့ သေချာရွေးချယ်တတ်ရင် ဒီပေါင်းစပ်မှုက အံ့သြစရာကောင်းလောက်အောင် စတိုင်လ်ကျပြီး ပေါ့ပေါ့ပါးပါး အပြင်ထွက်ဖို့အတွက် လုံးဝကို ပြီးပြည့်စုံပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို ရရှိမှာပါ။ ဒါကြောင့် အရင်ဆုံး ဂျင်းဂျက်ကတ်နဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို ရွေးချယ်ဝတ်ဆင်ကြည့်ပါ။ ညဘက် Nightout ထွက်ဖို့ အကောင်းဆုံး ဖက်ရှင်တစ်ခုပါ။

တီရှပ်အပွနဲ့ ဂျင်း

ဂျင်း ဖက်ရှင်

Photo : Boohoo

တီရှပ်အပွတွေကို ဖက်ရှင်ကျအောင် ဝတ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းကတော့ ကွီးတို့မှာ ရှိတဲ့ ဂျင်းဘောင်းဘီ တစ်ထည်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တာပါပဲ။ဘယ်လောက်ကြီးတဲ့ တီရှပ်ပဲ ဖြစ်ပါစေ၊ ကွီးတို့ကို ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျစေပြီး လွတ်လပ်ပေါ့ပါးတဲ့ Day Time Looks ကို အပြည့်အဝပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ဒီလိုပူပြင်းတဲ့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဆိုလည်း မမှားပါဘူး။

ဂျင်းဘောင်းဘီနဲ့ Blazer

Photo :  Lubbli

ကွီးတို့ရေ ဂျင်းဘောင်းဘီတွေက Blazer တွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းကလည်း ကောင်းမွန်သော ပေါင်းစပ်မှုတစ်ခုပါပဲ။ စတိုင်လ်ကျပြီး လေးနက်သော အသွင်အပြင်ကို ပေးစွမ်းနိုင်တဲ့ ဖက်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။ ပေါ့ပေါ့ပါးပါး နေ့စဉ် ရုံးတတ်စတိုင်လ် အဖြစ်လည်း ဝတ်ဆင်နိုင်ပါတယ်။

Skinny Jean

ဂျင်း ဖက်ရှင်

Photo :  Damarge

ကွီးတို့က ခပ်လန်းလန်း စတိုင်လ်မျိုးကို လိုချင်တယ်ဆိုရင်တော့ Skinny Jean ဘောင်းဘီတွေကို ရွေးချယ်ပါ။ ဒီလိုစတိုင်လ်က ပေါ့ပါးပြီး အထာကျတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ ဒီစတိုင်လ်မျိုးက အရပ်ရှည်ပြီး ပိန်တဲ့ အမျိုးသားတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ Skinny Jean တွေနဲ့ အဖြူရောင် တီရှပ်တွေအပြင် ရှပ်အင်္ကျီအမျိုးမျိုးနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ ဂျင်း ဖက်ရှင် အိုင်ဒီယာကောင်းလေးတွေက ကွီးတို့ရဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်တင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ နောက်ထပ်လည်း ပိုမိုကောင်းမွန်တဲ့ ဖက်ရှင်အိုင်ဒီယာကောင်းတွေကို ဝေမျှပေးမှာ ဖြစ်တာကြောင့် ဆက်လက်စောင့်ကြည့်  ဖတ်ရှုပေးပါဦးခင်ဗျာ။

Source : Real Man Reakl Style

Featured Photo :  Jacks & Jones