ကမ္ဘာကျော် ဂျပန် ဝီစကီနဲ့ ဖျော်စပ်တဲ့ ဂျပန်စတိုင် Highball ကော့လ်တေး ပြုလုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ဂျပန်စတိုင် Highball ကော့လ်တေးက ဂျပန်နိုင်ငံတဝှမ်းမှာ အရမ်းကို လူကြိုက်များ ကျော်ကြားတဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ပူစီဖောင်းလေးတွေ တစီစီထနေတဲ့ သောက်ချင်စဖွယ် ဂျပန်စတိုင် Highball ကော့လ်တေးဟာ ကော့လ်တေးတစ်ငုံ သောက်လိုက်တိုင်းမှာ လန်းဆန်းစေတဲ့ အရသာကို အပြည့်အဝ ခံစားရစေမှာ ဖြစ်ပါတယ်။

Photo : A Couple Cooks

ဂျပန်စတိုင် Highball ကော့လ်တေးဖျော်စပ်ဖို့ ဂျပန် ဝီစကီ ၊ Club Soda သို့မဟုတ် Soda Water နဲ့ သံပုယိုခြမ်း စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးသာ လိုအပ်ပါတယ်။ နွေရာသီလို ကာလတွေနဲ့  Dinner မစားခင် နှုတ်မြိန်ဆေး ကော့လ်တေးတစ်ခွက် အနေနဲ့ သောက်လို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ဂျပန် ဝီစကီတစ်လုံးရှိရုံနဲ့ အိမ်မှာပဲ အလွယ်ကူအရိုးရှင်းဆုံး ပြင်ဆင်ဖျော်စပ်လို့ ရပါတယ်။

Photo : A Couple Cooks

ကော့လ်တေးဖျော်စပ်ဖို့အတွက် Highball ဖန်ခွက်ရှည်တစ်လုံး လိုပါတယ်။ အရင်ဆုံး Highball ဖန်ခွက်ထဲကို သံပုယိုသီးတစ်စိပ် ညှစ်ထည့်လိုက်ပါ။ ပြီးရင် ရေခဲအနည်းငယ်နဲ့ ဂျပန် ဝီစကီ ၂ အောင်စခန့် ရောထည့်ပြီး Bar Spoon လေးနဲ့ အေးခဲလာတဲ့အထိ မွှေပေးရပါမယ်။ နောက် ဆုံးအနေနဲ့ အပေါ်က Club Soda သို့မဟုတ် Soda Water ၆ – ၈ အောင်စခန့် ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ ပူစီဖောင်းလေးတွေ တစီစီထနေတဲ့ သောက်ချင်စဖွယ် ဂျပန်စတိုင် Highball ကော့လ်တေး တစ်ခွက် အသင့်သောက်လို့ရပြီ ဖြစ်ပါတယ်။

Featured Photo : Robb Report