Cranberry Juice နဲ့ ဖျော်စပ်တဲ့ Long Beach Iced Tea ကော့လ်တေး ဟာ Long Island Iced Tea ရဲ့ အမျိုးအစားခွဲ တစ်ခုပါ။ ချိုမြိန်လတ်ဆတ်ပြီး အသီးအရသာလေးစွတ်တဲ့ သောက်လို့ကောင်းတဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။


Photo : A Couple Cooks

Long Island Iced Tea ဆိုတာကတော့ Vodka ၊ Tequila ၊ Rum ၊ Gin ၊ Orange liqueur နဲ့ ကိုလာတို့ ရောစပ်ဖျော်ထားတဲ့ ချိုပြင်းရှ ကော့လ်တေး တစ်မျိုးပါ။ ၁၉၇၂ ခုနှစ်က New York မှာရှိတဲ့ Long Island ဆိုတဲ့ Bar ရဲ့ Bartender တစ်ဦးက စတင်ဖန်တီးခဲ့တာကြောင့် Long Island Iced Tea လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ Iced Tea ဆိုတာကတော့ လက်ဖက်ရည်ကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ကိုလာရဲ့အရောင်ကို တင်စားပြီး Iced Tea လို့ နာမည်ပေးခဲ့တာကြောင့် Long Island Iced Tea ဆိုတဲ့ ကော့လ်တေး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အခုပြောပြမယ့် Long Beach Iced Tea ကော့လ်တေးဟာ ကိုလာအစား Cranberry Juice ကို အသုံးပြုပြီး ဖျော်စပ်ရတာ ဖြစ်ပါတယ်။ သင်းပျံ့ချိုမြိန်တဲ့ အသီးအရသာနဲ့ စွဲမက်ဖွယ် Sexy ကျကျ ပတ္တမြားရောင် ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Long Beach Iced Tea ကော့လ်တေး ဖျော်စပ်ဖို့ Vodka ၊ Tequila ၊ White Rum ၊ Gin ၊ Cointreau သို့မဟုတ် Triple Sec ၊ Lemon Juice ၊ Cranberry Juice နဲ့ Simple Syrup တို့အဓိက လိုအပ်ပါတယ်။ ပါဝင်ပစ္စည်း Liquors အမယ်တွေ အနည်းငယ်များပေမယ့် ဖျော်စပ်နည်းကတော့ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်။

Photo : A Couple Cooks

Long Beach Iced Tea ကော့လ်တေးဖျော်စပ်ဖို့ Highball Glass ဖန်ခွက်ရှည်တစ်လုံး လိုပါတယ်။ ဖန်ခွက်ထဲကို Vodka အောင်စဝက် ၊ Tequila အောင်စဝက် ၊ White Rum အောင်စဝက် ၊ Gin အောင်စဝက် ၊ Cointreau သို့မဟုတ် Triple Sec အောင်စဝက် ၊ Lemon Juice ၁ အောင်စ ၊ Simple Syrup ၁ အောင်စ ၊ Cranberry Juice ၂ အောင်စ တို့ရောထည့်ပေးရပါမယ်။ ပြီးရင် ရေခဲအနည်းငယ်ရောထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးပါ။ သံပုယိုခြမ်း ၊ ပူစီနံရွက်အနည်းငယ် အလှဆင်ပြီး ချိုမြိန်လတ်ဆတ် Long Beach Iced Tea ကော့လ်တေး တစ်ခွက်အသင့် သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : A Couple Cooks