Yuzu-Shio Daiquiri ဆိုတာ ဂျပန် Rum နဲ့ အထူးပြုလုပ်ထားတဲ့ ဂျပန်စတိုင် Syrup တို့ကို ရောစပ်ဖျော်ထားတဲ့ ချဉ်ပြုံးချိုမြ ပြင်းရှရှ အရ သာ ကော့လ်တေး တစ်ခွက် ဖြစ်ပါတယ်။ Yuzu လို့ခေါ်တဲ့ ဂျပန်ရှောက်မျိုးဝင် အသီးတစ်မျိုးရဲ့ အနံ့လေး စွတ်ပါတယ်။ ရှောက်သီးရနံ့ မွှေးမွှေးလေးနဲ့ အလွှာတိုင်းမှာ လတ်ဆတ်တဲ့ အရသာကို ခံစားရမယ့် စွဲမက်ဖွယ် ဂျပန် စတိုင် ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။

Photo : The Manual

Yuzu-Shio Daiquiri ကော့လ်တေးဖျော်စပ်ဖို့ Mount Gay Silver Rum ၊ Cor Cor Red Okinawan Rum ၊ Shio Koji Pandan Syrup ၊ Fresh Lime Juice ၊ Yuzu Juice နဲ့ အလှဆင်ဖို့ သံပုရာခြမ်း အနည်းငယ် လိုအပ်ပါတယ်။

အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ Mount Gay Silver Rum ၁ အောင်စခွဲ ၊ Cor Cor Red Okinawan Rum အောင်စဝက် ၊ Shio Koji Pandan Syrup အောင်စဝက် ၊ Fresh Lime Juice အောင်စဝက် နဲ့ Yuzu Juice အောင်စဝက် မပြည့်တပြည့်တို့ကို ရေခဲအနည်းငယ်ရောထည့်ပြီး သမအောင် ရှိတ်ပေးရပါမယ်။ ရှိတ်ထားတဲ့ ကော့လ်တေး ဖျော်ရည်ကို Coupe Glass သို့မဟုတ် ဝိုင်ခွက်ထဲ လောင်းထည့်ပြီး သံပုရာခြမ်းလေး အလှဆင်ကာ လွယ်ကူရိုးရှင်း ချိုချဉ်ပြင်းအရသာ ဂျပန် စတိုင် Yuzu-Shio Daiquiri ကော့လ်တေး တစ်ခွက် အသင့်သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : The Manual