ကွီးတို့ရေ White Wine ကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကိုလက်စထရော ကိုလျော့ကျစေပါတယ်။ ထို့အပြင် White Wine က Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း မြင့်မားတာကြောင့် ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ ဦးနှောက် လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးပါတယ်။ White Wine က အအေးမိခြင်းကိုလည်း တိုက်ဖျက်ပေးပါတယ်။ ကဲ ဒီလို White Wine ကို လန်းဆန်းပြီး ရေဓာတ်ပြည့်ဝစေတဲ့ ဖရဲသီးနဲ့ ရောစပ်ပြီး အရမ်းကို လွယ်ကူတဲ့ ကော့လ်တေးလေး တစ်ခွက် ဖန်တီးကြည့်ရအောင်။ ဒါကြောင့် ကွီးတို့ကို ဖရဲသီးနဲ့ White Wine တို့ ရောစပ်ပြီး အရသာရှိတဲ့ Watermelon White Wine Spritzer ဖျော်စပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

အရသာရှိတဲ့ Watermelon

Photo : Better Homes and Gardens

အရင်ဆုံး အရသာရှိတဲ့ Watermelon White Wine Spritzer ဖျော်စပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင် ပစ္စည်းလေးတွေကတော့………
(၁) White Wine ၆ အောင်စခန့်ကို အအေးခံထားပါ။
(၂) ဖရဲသီး ဖျော်ရည် ၂ အောင်စ သို့မဟုတ် ဖရဲသီး ကို ဖန်ခွက် ၂ ခွက်စာခန့်အရည် ဖြစ်အောင် ကြိတ်ထားပါ။
(၃) သံပရာ သီး တစ်စိပ်ခန့်
(၄) ရေခဲများ
(၅) အလှဆင်ရန် ဖရဲသီး ဒါမှမဟုတ် သံပုရာ သီး စသည် တို့လိုအပ်ပါတယ်။ ( ကော့လ်တေး ၂ ခွက်စာ အတွက်ဖြစ်ပါတယ်။)

wine

Photo : CHLD mags

ဖရဲသီးနဲ့ White Wine တို့ကို ရောစပ်ပြီး အရသာရှိတဲ့ Watermelon White Wine Spritzer အတွက် ပါဝင်ပစ္စည်းလေးတွေ ပြင်ဆင်ပြီးသွားရင်တော့ ဖျော်စပ်ဖို့အသင့်ပါဘဲ။
(၁) ဝိုင်ခွက်ထဲကို ရေခဲများဖြင့် ဖြည့်ထားပါ။
(၂) ဝိုင်ခွက်တစ်ခွက် ထဲသို့ White Wine ၃ အောင်စ ထည့်ပါ။
(၃) ထိုဝိုင်ပေါ်မှ ဖရဲသီးဖျော်ရည် ၁ အောင်စကို လောင်းထည့်ပါ
(၄) ထိုနောက် သံပရာသီး အနည်းငယ် ညှစ်ထည့်ပါ။
(၅) အဆင်သင့် လှီးထားတဲ့ သံပုရာသီး သိုမဟုတ် ဖရဲသီး နဲ့အလှဆင်ပါ။
နောက်တစ်ခွက်စာကို ထိုနည်းလည်းကောင်း ပြင်ဆင်ဖျော်စပ်ပါ။
ဒါဆိုရင်တော့ ကွီးတို့ရေ အရသာရှိတဲ့ Watermelon White Wine Spritzer တစ်ခွက် ဖျော်စပ်ပြီးပါပြီ။ တကယ်ကို လွယ်ကူပါတယ်။

MELON

Photo : A Farmgirl’s Kitchen

ကဲ ကွီးတို့ရေ ဖရဲသီးနဲ့ White Wine တို့ကို ရောစပ်ပြီး အရသာရှိတဲ့ Watermelon White Wine Spritzer ကို သုံးဆောင်လို့ရပါပြီ။ အရောင်အဆင်းလည်း လှပပြီး လန်းဆန်းစေတာမို့ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ်၊ ကွီးတို့ချစ်သူလေးနဲ့ ဖြစ်ဖြစ်တူတူ သုံးဆောင်ဖို့ တကယ်ကို ကွက်တိပါပဲ။

Source : Amanda Wiles

Featured Photo : Meatless