ကွီးတို့ရေ ဂျပန်နိုင်ငံ သွားဖို့ စိတ်ကူးထားပါသလား။ အလုပ်ကိစ္စနဲ့ ဖြစ်စေ၊ ကျောင်းကိစ္စနဲ့ ဖြစ်စေ၊ အလည်အပတ်ပဲ ဖြစ်ပါစေ  ဂျပန်ရောက်ခဲ့ရင် ညအချိန် ပျော်ပျော်ရွှင်ရွှင် လည်ပတ်လို့ ကောင်းတဲ့နေရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဂျပန်မှာ ခေတ်မီနိုက်ကလပ်၊ သီးသန့်ကာရာအိုကေ၊ အရောင်အသွေးစုံတဲ့ ညရှု့ခင်းတွေကို သွားရောက်ခံစား ကြည့်ရှု့ပျော်ရွှင်နိုင်ပါတယ်။ တိုကျိုမြို့တော်ကို ညသန်းခေါင်နောက်ပိုင်း နီယွန်နှင့် တောက်ပသော ဆိုင်းဘုတ်များနဲ့ အမြဲတောက်ပနေတဲ့ အတွက် ညမအိပ်သော မြို့အဖြစ် တစ်ခါတစ်ရံ ရည်ညွှန်းလေ့ရှိပါတယ်။  အိုဆာကာကတော့ ဂျပန်ရဲ့ အချက်အပြုတ် မြို့တော်လို့ လူသိများကြပါတယ်။ ကွီးတို့ အနေနဲ့ ဂျပန် ရောက်ရင် ညဘက် မှာ အကောင်းဆုံး ပျော်နိုင်ဖို့အတွက် ကြိုတင် လေ့လာထားဖို့လိုပါတယ်။ ဒီအတွက် ဂျပန်ကို အလည်သွားရင်း ညဘက် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ နည်းလမ်းများ ကို အကြံပြုလိုက်ပါတယ်။

(၁) ကာရာအိုကေ

ဂျပန်ကို-အလည်သွားရင်း

Photo : Pinterest

ကွီးတို့အနေနဲ့ ဂျပန် ကို အလည်သွားရင်း ဂျပန်မိတ်ဆွေတွေနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ ဂျပန် Nightlife ဖြတ်သန်းဖို့ ကာရာအိုကေကို အရင်ဆုံး သတိရလိုက်ပါ။ ကာရာအိုကေဆိုင်တွေကို ( ၂၄ ) နာရီ ဖွင့်ထားပါတယ်။ ပေါ့ပါးတဲ့ အစားအစာတွေကိုလည်း မှာယူနိုင်ပါတယ်။

(၂) Game Rooms

ဂျပန်ကို-အလည်သွားရင်း

Photo : Youtube

ဂျပန်က Game Rooms တွေကလည်း ကွီးတို့ ဂျပန်ကို အလည်သွားရင် မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဂျပန် Game Rooms များဟာ ကလေးတွေအတွက်သာမက ကွီးတို့လို လူငယ်တွေအတွက်လည်း စိန်ခေါ်မှုဖြစ်စေနိုင်အောင် နောက်ဆုံးပေါ် စိတ်ဝင်စားစရာ ကောင်းတဲ့ ဂိမ်းများကို ထည့်ပေးထားပါတယ်။

(၃) ဂျပန် Izakaya

ဂျပန်ကို-အလည်သွားရင်း

Photo : Nipponrama

ဂျပန်စတိုင် ဘားတစ်ခု ဖြစ်ပါတယ်။ သောက်စရာ အမျိုးမျိုးနဲ့ အစားအသောက်မျိုးစုံကို ခံစားနိုင်ပါတယ်။ ဂျပန်ရိုးရာစတိုင်ဖြစ်တဲ့အတွက် လက်လွတ်မခံပါနဲ့။ ကွီးတို့အနေနဲ့ အစားအသောက် ရွေးချယ်တာ၊ အခန်းတွင်းဖိနပ်ချွတ်တာ၊ အစားအသောက်မှာတဲ့ ပုံစံ၊ ဂျပန်အရက်သောက်တာ စတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို ဂျပန် Izakaya မှာ ပျော်ရွှင်စွာ ခံစားနိုင်ပါတယ်။

(၄) ညမြင်ကွင်းများ

Japan

Photo : Japan Wonder Travel Blog

Dotonbori ကတော့  Osaka မှာ ရှိတဲ့ ဒေသဆိုင်ရာ စားသောက်ဆိုင်မျိုးစုံဖြင့် ပြည့်နှက်စည်ကားတဲ့  နေရာတစ်ခုပါ။  ညဘက် တွင် Dotonbori မြစ် တစ်လျှောက် လူရှုပ်သောလမ်းများကို ထွန်းညှိပေးထားတဲ့  တောက်ပသော ဆိုင်းဘုတ်တွေ ၊ နီယွန်မီးတွေကြောင့်  ရင်သပ်ရှု့မောဖွယ်မြို့ရှု့ခင်းအဖြစ် ဤနေရာကို လူသိများပါတယ်။

japan

Photo : Japan Wonder Travel Blog

ထို့အပြင် Roppongi Hills Mori Tower ရဲ့ ၅၂ ထပ်ကနေ ကြည့်ရှု့ခံစားလို့ရတဲ့ Tokyo City View ကလည်း တကယ်ကို နာမည်ကြီးတဲ့ ညမြင်ကွင်းတစ်ခု ဖြစ်ပါတယ်။

(၅) Night Clubs များ

clubs

Photo : Tokyo Zebra

ဂျပန်ရဲ့ မြို့ကြီးအားလုံးမှာ နိုက်ကလပ်တွေ ပေါပါတယ်။ တိုကျိုရှိ  Roppongi နဲ့ Shibuya တို့မှာ နိုင်ငံတကာမှ အနုပညာရှင်တွေပါ ပါဝင်တဲ့အတွက် အကြီးဆုံးအကျော်ကြားဆုံး နိုက်ကလပ်တွေရှိတဲ့ နေရာများ ဖြစ်ပါတယ်။ Shibuya ကတော့ ကွီးတို့လို လူငယ်တွေ Nightlife အတွက် သွားဖို့ ကောင်းတဲ့နေရာ တစ်ခုပါ။ ဂျပန်ကို အလည်သွားရင်း Night Club တွေကိုတော့ သွားဖြစ်အောင် သွားခဲ့ပါလို့ အကြံပြုလိုက်ပါတယ်။

ကွီးတို့ရေ ဂျပန် နိုင်ငံဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့အတွက် ပျော်စရာ၊ လည်ပတ်စရာတွေ အလွန်များပါတယ်။ ဂျပန်ကို အလည်သွားရင်း ကွီးတို့ ရောက်နေတဲ့ကာလအတွင်း ညဘက် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ နည်းလမ်းများကို ကြိုတင်စဉ်းစားထားပါလို့ အကြံပြုပါရစေ။

Source : Japan Wonder Travel Blog

Featured Photo : Japan