ယနေ့ခေတ်မှာ ဂျပန် Anime ကားတွေကလည်း လူကြိုက်အများဆုံး ရုပ်ရှင်အမျိုးအစားထဲမှာ ပါလာပါတယ်။ Anime ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ် တွေကလည်း ဒု နဲ့ ဒေးပါပဲ။ နှစ်စဉ် ထွက်ရှိနေတဲ့ Anime ကားကောင်းတွေလည်း အများအပြားရှိပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ပိတ်ရက်မှာ ဇာတ်ကားကောင်းတွေ ကြည့်ပြီး အပန်းဖြေချင်တဲ့ ကွီးတို့အတွက် လုံးဝကို ကြည့်သင့်တဲ့ ဂျပန် Anime ဇာတ်ကားကောင်းများ ကို ဖော်ပြပေးချင်ပါတယ်။

(၁) Howl’s Moving Castle (2004)

Source : Madam Anime

ဂျပန် Anime ဇာတ်ကားကောင်းများ ထဲမှ ပထမဆုံးဖော်ပြပေးချင်တာ ဒါရိုက်တာ Hayao Miyazaki  ဖန်တီးခဲ့ပြီး ၂၀၀၄ မှာထွက်ရှိခဲ့တဲ့ Howl’s Moving Castle (2004) ပဲဖြစ်ပါတယ်။ ၎င်းကို Diana Wynne Jones ရေးသားသည့် ဗြိတိန်ဝတ္ထု Howl’s Moving Castle ကို အခြေခံပြီး Anime ရုပ်ရှင်အဖြစ်သို့ ပြောင်းလဲဖန်တီးထားပါတယ်။ ဒီ Anime ထဲမှာ ကျိန်စာသင့်ပြီး အသက် ၉၀ အရွယ်ပြောင်းလဲသွားတဲ့ အမျိုးသမီးလေးနဲ့ ရွေ့လျားနေတဲ့ ရဲတိုက် ပိုင်ရှင် Howl တို့နဲ့ အတူ စွန့်စားခန်းတွေကို ကြည့်ရှုရမှာပါ။

(၂) The Girl Who Leapt Through Time (2006)

Source : Madam Anime

ဒီ Anime ဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Mamoru Hosoda က ၁၉၆၇ ခုနှစ်တွင် အရောင်းရဆုံး သိပ္ပံဝတ္ထု ဂျပန်စာရေးဆရာ Yasutaka Tsutsui ရေးသားခဲ့သော ဝတ္ထုကို အခြေခံထားသော်လည်း ဝတ္ထုနှင့် ကွဲပြားသော ဇာတ်လမ်းကို ဖန်တီးခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးမှာ သာမာန်အထက်တန်းကျောင်းသူလေးတစ်ယောက် အတိတ်ကို အချိန်ခရီးသွားတဲ့ပုံစံမျိုး ဖန်တီးထားတာကြောင့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။

(၃) My Neighbor Totoro

Source : Madam Anime

၁၉၉၈ ခုနှစ်တွင် ဖြန့်ချီခဲ့သော My Neighbor Totoro ဆိုတဲ့ ဇာတ်ကားလေးကို ဒါရိုက်တာ Hayao Miyazaki ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ မိသားစုများကြားတွင် လူကြိုက်များခဲ့တဲ့ Anime ကားကောင်းလေး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကလေးတွေရယ် မှော်ဆန်တဲ့ သတ္တဝါတွေဖြစ်တဲ့ Totoro တို့ကို ဘယ်လိုစိတ်ဝင်စားဖွယ် ဇာတ်အိမ်တည်ထားလဲဆိုတာ အခုပဲ ခံစားကြည့်ရှုလိုက်ပါ။

(၄) Your Name (2016)

Source : All The Time

ဒါရိုက်တာ Makoto Shinkai  က ဖန်တီးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ထွက်ရှိခဲ့သော Your Name ဆိုတဲ့ Anime ကားလေးဟာ ဂျပန် ပြည်တွင်းသာမက နိုင်ငံတကာမှာပါ လူကြိုက်များ အောင်မြင်ခဲ့ပါတယ်။ ဒီ Anime ကားလေးက ၂၀၁၆ နဲ့ ၂၀၁၈ အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၁၂၀ ကျော်တွင်ရုံတင်ပြသခဲ့ပြီး ဂျပန် Anime ရုပ်ရှင်များတွင် နိုင်ငံခြား Box Office အများဆုံးရရှိခဲ့တဲ့ ကားလေးဖြစ်ပါတယ်။

(၅) Bella (2021)

Source : Studio Chizu

Bella ဆိုတဲ့ ဂျပန် Anime ဇာတ်ကားကောင်းလေးကို ဒါရိုက်တာ Mamoru Hosoda ကဖန်တီးပြီး ၂၀၂၁ ခုနှစ်တွင် ထွက်ရှိခဲ့ပါတယ်။ စိတ်ကူးယဉ်၊ ဒရမ်မာ Anime ဇာတ်ကားလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Anime ကားကောင်းလေးဟာလည်း ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ ကွီးတို့ကို ဆွဲဆောင်နိုင်မလဲဆိုတာ အခုပဲ ကြည့်လိုက်ရအောင်။

(၆) Spirited Away (2001)

Source : Madam Anime

ကွီးတို့ရေ ဂျပန် Anime ဇာတ်ကားကောင်းများ ထဲမှ ဘယ်အချိန်မေးမေး အကောင်းဆုံးကို ပြပါဆိုရင် Spirited Away ကိုပဲ ညွှန်းကြမှာပါ။ ဒီ ကားဟာ ၂၀၀၁ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Hayao Miyazaki နှင့် Studio Ghibli တို့၏ လက်ရာဖြစ်ပါတယ်။ Spirited Away ကို ၇၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး Best Animated Feature ဆုရခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု အမြင့်ဆုံး ဇာတ်ကားဖြစ်တဲ့အပြင် ဂျပန်မှာ ပြုလုပ်ခဲ့သမျှ ဝင်ငွေအကောင်းဆုံး ဇာတ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ဒီ Anime ဇတ်ကားလေးကို ကြည့်ဖူးတဲ့ကွီးတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ မကြည့်ရသေးတဲ့ ကွီးတို့အတွက်လည်း တစ်သတ်မှာ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်။

ဂျပန် Anime ဇာတ်ကားကောင်းများ

Photo : Ghibli Wiki

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ လုံးဝကိုကြည့်သင့်တဲ့ ဂျပန် Anime ဇာတ်ကားကောင်းများ ပဲဖြစ်ပါတယ်။ အခြား အခြားသော တကယ်ကို ကောင်းမွန်လှတဲ့ ဂျပန် Anime ဇာတ်ကားတွေလည်းရှိပါသေးတယ်။ ကွီးတို့ရဲ့ အားလပ်ရက်မှာ Anime ဇာတ်ကားကောင်းလေးတွေ ကြည့်ရင်း အပန်းဖြေအနားယူလိုက်ပါ။

Source : JW

Featured Photo : Myanimelist