မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် မားကပ် ရက်ရှ်ဖို့ဒ် ကတော့ ကယ်လီဖိုးနီးယားကို အားလပ်ရက် အပန်းဖြေခရီး သွာရောက်နေစဉ်အတွင်း ငယ်ချစ် ကို လက်ထပ်ခွင့်တောင်း လိုက်တယ်လို့ သိရပါတယ်။
Photo : Proper Manchester
အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီပိတ်ပွဲစဉ်အပြီး လော့စ်အိန်ဂျယ်လိစ့်မှာ အပန်းဖြေခရီးသွားရောက် လည်ပတ်နေစဉ်အတွင်း အတူနေချစ်သူ လူစီယာ လွိုင်ကို လက်ထပ်ခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ စုံတွဲဟာ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသား ဘဝကတည်းက ဂရိတ်တား မန်ချက်စတာမှာရှိတဲ့ Ashton on Mersey ကျောင်းမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လက်ထပ်ခွင့်တောင်းဖို့ ရက်သတ္တပတ်များစွာကတည်းက ကြိုတင်စီစဉ်နေခဲ့တာဖြစ်ပြီး လော့စ်အိန်ဂျယ်လိစ့်က နာမည်ကြီး ပင်လယ်စာ စားသောက်ဆိုင် Catch LA မှာ ရိုမန်တစ်ဆန်ဆန် ခမ်းနားထည်ဝါစွာ ပြင်ဆင်ပြီး ချစ်သူ လူစီယာကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက The Sun ကိုပြောခဲ့ပါတယ်။
” သူတို့ အင်္ဂါနေ့က လော့စ်အိန်ဂျယ်လိစ့်မှာ ရင်ခုန်စရာကောင်းတဲ့ ညတစ်ညကို အတူတူ ဖြတ်သန်းခဲ့ကြပြီး ရက်ရှ်ဖို့ဒ်က လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ၊ ဒါက တကယ့်ကို ရိုမန်တစ်ဆန်ပြီး ကြည်နူးစရာ ကောင်းပါတယ် ၊ သူ့ရဲ့ ယူနိုက်တက် အသင်းဖော် ဂျက်စီ လင်ဂတ် အပါအဝင် ရင်းနှီးတဲ့ သူငယ်ချင်း အပေါင်းအသင်းတချို့လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်” လို့ သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အဖြူရောင် နှင်ဆီပန်းတွေနဲ့ စီခြယ်ထားတဲ့ ပန်းခင်းပေါ်မှာ ချစ်သူနှစ်ဦး ပွေ့ဖက်ရင်း အနမ်းတွေခြွေနေတဲ့ ကြည်နူးစရာဓာတ်ပုံတစ်ပုံကို သူရဲ့ အင်စတာဂရမ် လူမှုကွန်ယက်မှာ မျှဝေခဲ့ပြီး ငယ်ချစ်နဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
Photo : Daily Star
ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ် နဲ့ သူရဲ့ ချစ်သူ လူစီယာ လွိုင်တို့ဟာ ၈ နှစ်ကြာ တွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ သဘောထား မတိုက်ဆိုင်မှုတွေရှိခဲ့တာကြောင့် ခေတ္တလမ်းခွဲခဲ့ကြပြီး ယခုနှစ် ဇန်နဝါရီလမှာ ပြန်လည် လက်တွဲခဲ့တာ ဖြစ်ပါတယ်။
Featured Photo : Daily Mail