ကော့တေးချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ငရုတ်သီး နဲ့ ကော့တေး တစ်ခွက်ရရှိအောင် ဖျော်စပ်နိုင်တဲ့ နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။ အစပ်တစ်လိုင်း ကွီးတို့လည်း ဒီကော့တေးလေးကို သဘောကျ နှစ်ခြိုက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးတောင့် ၁ တောင့် (ကုလားအော်သီး အမျိုးအစား)
  • တကီလာ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဘရန်ဒီကို အခြေခံကာ ထုတ်လုပ်ထားတဲ့ လိမ္မော်ရည် (Orange Liqueur) စားပွဲတင်ဇွန်း ၁ ဇွန်း
  • လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Agave Nectar လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်သီး ကော့တေး

  • Orange Bitters တစ်စက်ခန့်
  • အလှဆင်ဖို့ရန်အတွက် ကုလားအော်သီးတောင့် ၁ တောင့်

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်း အဆင့်ဆင့်

ငရုတ်သီး ကော့တေး

၁။ ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားလိုက်ပါ။ ငရုတ်သီးတောင့်များကို အစေ့များ ဖယ်ရှားပြီးနောက် ပါးပါး လှီးထားလိုက်ပါ။

၂။ ထို့နောက် Cocktail Shaker ထဲတွင် ပါးပါးလှီးထားသော ငရုတ်သီးများထည့်ကာ ငရုတ်ကျည်ပွေ့ပြီး အနည်းငယ် ကြေမွသွားအောင် ချေပေးလိုက်ပါ။ (အလှဆင်ဖို့အတွက် လှီးထားသော ငရုတ်သီးများကိုတော့ ချန်ထားခဲ့လိုက်ပါ။ ထည့် မချေပါနဲ့။)

ငရုတ်သီး ကော့တေး

၃။ ထို့နောက် Cocktail Shaker ထဲတွင် တကီလာ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဘရန်ဒီကို အခြေခံကာ ထုတ်လုပ်ထားတဲ့ လိမ္မော်ရည် (Orange Liqueur) စားပွဲတင်ဇွန်း ၁ ဇွန်း၊ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ Agave Nectar လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် Orange Bitters တစ်စက်ခန့်တို့ထည့်ပါ။ ထို့နောက် ရေခဲတုံးများထည့်ပါ။

Pepper cocktail

၄။ ထို့နောက် Cocktail Shaker ကို အဖုံးအုပ်ပြီးနောက် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

၅။ စက္ကန့် ၃၀ လောက် ခပ်ပြင်းပြင်းလေး လှုပ်ခါပြီးတဲ့နောက်မှာတော့ ကော့တေး ဖန်ခွက်ထဲ ပြောင်းထည့်ရမှာဖြစ်ပါတယ်။

Pepper cocktail

ကော့တေးဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို ဆားဖြင့် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ရေခဲတုံးအသစ်များ ထည့်ပါ။ ထို့နောက် ရေခဲတုံးများအပေါ်ကနေ ကော့တေးများကို ဖြည်းဖြည်းချင်းစီ လောင်းချပေးလိုက်ရပါမယ်။

၆။ အားလုံး ပြီးသွားတဲ့အခါမှာတော့ အလှဆင်ဖို့ရန်အတွက် ချန်ထားတဲ့ ပါးပါးလှီးပြီးသား ငရုတ်သီး များကို ကော့တေး ဖျော်ရည်ထဲသို့ လောင်းထည့်လိုက်ပါ။

Pepper cocktail

ဒါဆိုရင်တော့ အရသာအသစ်တစ်မျိုးနဲ့ သောက်လို့ကောင်းတဲ့ ငရုတ်သီး ကော့တေး ဖျော်ရည်တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

ကွီးတို့လည်း အိမ်မှာ စမ်းသောက်ပြီးသွားတဲ့အခါ ဒီကော့တေးလေးကို ဘဝင်တွေ့ရဲ့လားဆိုတာ ဝေမျှပေးခဲ့ပါဦး။

Source: Thespruceeats

Featured Image: Thespruceeats